tag:blogger.com,1999:blog-5616345217233601430.post7158511212585279689..comments2023-11-03T15:27:10.933+08:00Comments on ပန်ဒိုရာ: အသံမမြည်နိုင်တဲ့ခေါင်းလောင်းကလေးတွေpandorahttp://www.blogger.com/profile/00573264081870253548noreply@blogger.comBlogger20125tag:blogger.com,1999:blog-5616345217233601430.post-36330268316094257092008-11-04T15:45:00.000+08:002008-11-04T15:45:00.000+08:00အသက်သုံးဆယ်ထိ စာသင်ခန်းထဲမှာ အချိန်ဖြုန်းခဲ့ရတယ်။ ...အသက်သုံးဆယ်ထိ စာသင်ခန်းထဲမှာ အချိန်ဖြုန်းခဲ့ရတယ်။ အဲ့ဒီကရတဲ့ပညာနဲ့ ကိုယ်တစ်ယောက်ကိုတောင် ရိုးသားတဲ့ထမင်းနှစ်နပ်မဖန်တီးနိုင်ဘူး။ုကျောင်းသားတွေကို ဘယ်လိုမှ အားလပ်မူ့ မရှိစေတဲ့ သင်ခန်းစာတွေကြောင့်လည်း အနှစ်သုံးဆယ်လုံးလုံး ဘာကိုမှ မတွေးနိုင်ခဲ့ဘူး။
ဒီလိုအာမခံချက်မရှိတဲ့ ပညာရေးကနေ အနှစ်လေးဆယ်ကျော်မှ စီမံကိန်းစနိုင်တာ ဂုဏ်တောင်ယူရမှာပါ။
ဒီလိုနိုင်ငံရေးစနစ်အောက်မှာ ပညာရှင်တွေ စေတနာရှင်တွေ စိတ်ဓါတ်မပွန်းပဲ့ဖို့ လိုပါတယ်။

အယ်ဇီဂျူနိုhttps://www.blogger.com/profile/06421340204889682559noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-82109490798766347312008-11-01T09:25:00.000+08:002008-11-01T09:25:00.000+08:00sorry ကြာဖြစ်သွားတယ် *ကြလို့ရေးတာပါ။sorry ကြာဖြစ်သွားတယ် *ကြလို့ရေးတာပါ။Apprenticeshiphttps://www.blogger.com/profile/15812904876343647389noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-78964863748077538822008-11-01T09:00:00.000+08:002008-11-01T09:00:00.000+08:00အသံမြည်အောင်ဖန်တီးကြာရအောင်နော်...အသံမြည်အောင်ဖန်တီးကြာရအောင်နော်...Apprenticeshiphttps://www.blogger.com/profile/15812904876343647389noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-31823562214154643642008-10-30T18:19:00.000+08:002008-10-30T18:19:00.000+08:00There are so many simlar stories in Myanmar. I wis...There are so many simlar stories in Myanmar. I wish you to continue writing on that kind of issues. Because I thought that there may be a lot of people who are not knowing about how the struggle life in Myanmar. So that your posts can support morrally to people who are working for Myanmar community.Anonymousnoreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-27849132465320656802008-10-29T00:09:00.000+08:002008-10-29T00:09:00.000+08:00တွေးမိရင်တော့ အဆုံးအဆမရှိ ရင်မောစရာပါလေ။ဒါပေမယ့် ....တွေးမိရင်တော့ အဆုံးအဆမရှိ ရင်မောစရာပါလေ။

ဒါပေမယ့် ...

ပင်လယ်ကမ်းခြေမှာ တင်လာတဲ့ ကြယ်ငါးတွေကို ပင်လယ်ထဲ ပြန်ချပေးသူလို ကိုယ်ကျွမ်းကျင်တဲ့ ကဏ္ဍ တတ်နိုင်တဲ့အလုပ် ရောက်လေရာ ထောင့် တစ်ထောင့်ကနေ လုပ်စရာရှိတာတွေ လုပ်ပေးနေလို့လည်း ရပါတယ်။

အားလုံး အဆင်သင့်ဖြစ်မှ (ဆိုလိုတာ ... ဒီမိုကရေစီ စနစ် ရှင်သန် ထွန်းကားလာမှ) လူမှုရေး လုပ်ငန်းတွေကို စတင်မယ် ဆိုရင်တော့ ပိုလို့သာ နောက်ကျသွားပါမယ် လို့ ထင်မိကြောင်းပါ။Ye-Monhttps://www.blogger.com/profile/12750599826680445055noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-29874919453640032072008-10-28T15:24:00.000+08:002008-10-28T15:24:00.000+08:00မဂျစ်တူး…..ကျနော့်အမြင်ကို အခုလို ပွင့်ပွင့်လင်းလင...မဂျစ်တူး…..

ကျနော့်အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မဂျစ်တူးပြောတဲ့ လူမှုကယ်ဆယ်ရေးအလုပ်တွေ စွမ်းစွမ်းတမံ လုပ်နေကြတဲ့သူတွေကို အတိုင်းအတာတခုအထိတော့ အသိအမှတ်ပြုချင်ပါတယ်။

ဒါပေမယ့် တကယ်တမ်းပြောရရင် လွတ်လပ်တဲ့အခြေအနေတရပ်မရှိဘဲနဲ့ မဂျစ်တူးပြောခဲ့တဲ့ humanitarian effort လို ဟာမျိုးကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုတာ နာဂစ်မုန်တိုင်းကာလမှာ မြင်ခဲ့ရပြီးပြီ မဟုတ်လား။

အဲသည်လိုအနေအထားမှာ လွတ်လပ်တဲ့အခြေအနေတရပ်ကို ဦးစွာဖန်တီးဘို့ လိုအပ်တယ်ဆိုတဲ့ အယူအဆကိုတော့ မြန်မာတွေ စိတ်ထဲမှာ မကွဲလွဲစေချင်ဘူး။ သူတို့ကို လူမှုကယ်ဆယ်ရေးမလုပ်ရဘူးလို့ ပြောတာမဟုတ်ဘူးနော်။ လုပ်လို့ရတယ်။ တဖက်မှာလည်း ပြဿနာရင်းမြစ်ဟာ ဘာဆိုတာ လက်ခံပြီး ဒီမိုကရေစီအရေးမှာ မဖြစ်မနေ ပူးပေါင်းလှုပ်ရှားဘို့ လိုတယ်လို့ ဆိုလိုချင်တာပါ။

ဘာကြောင့်လဲဆိုတော့….။

လူသားချင်းစာနာတဲ့အထောက်အကူမျိုးကိုပေးဘို့လုပ်ရင် ကိုယ်ယုံကြည်တဲ့အတိုင်း၊ ဘယ်လိုအခက်အခဲ အတားအဆီးကြုံပါစေ၊ ရည်မှန်းတဲ့အတိုင်း လုပ်မှာလား။ လုပ်ခဲ့သလား။ လုပ်နိုင်ခဲ့သလား။ မဖြူဖြူသင်းတို့ အေအိုင်ဒီအက်စ်ဝေဒနာရှင်တွေကို ကူညီတယ်ဆိုတာ ဘယ်လိုအခက်အခဲကြုံကြုံ၊ ထောင်တန်းကျကျ မတွန့်မဆုတ်လုပ်တာ။ သူတို့ဟာ တချိန်တည်းမှာဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်မှု မရှိဘဲ ဒီလိုလုပ်ငန်းတွေကို ထိထိရောက်ရောက်မလုပ်နိုင်ဘူးဆိုတာ သဘောပေါက် လက်ခံထားတယ်။ လိုအပ်ရင် ဒီမိုကရေစီအရေးမှာလည်း ပူးပေါင်းပါဝင်ဘို့ အဆင်သင့်။

ဒါပေမယ့် အများစုက အဲသည်လို မဟုတ်ဘူး။

ဥပမာ…. လူတယောက်ဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားသူလို့ သူ့ကိုယ်သူ ခံယူကောင်း ခံယူထားမယ်။ တကယ်လို့ ရေကာတာ စီမံကိန်းတခုကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်လာမယ့်ကိစ္စမျိုးမှာ သူ့မူဝါဒကို မစွန့်လွှတ်ဘဲ နအဖ အငြိုငြင်ခံပြီး အဲသည် စီမံကိန်းကို မဖြစ် ဖြစ်တဲ့နည်းနဲ့တားမှာလား။ တကယ် ယုံကြည်ချက် ခိုင်တဲ့လူဆိုရင်တော့ ထောင်တန်းကျကျ နအဖနဲ့ အတိုက်အခံလုပ်ပြီး ရေကာတာ စီမံကိန်းကို ဆန့်ကျင်မှာပေါ့။ ဒါပေမယ့် အဲသည်လို အခြေအနေရောက်လာရင် လူတွေတော်တော်များများက “ဒို့တော့ နိုင်ငံရေးနဲ့ မပတ်သက်လိုဘူး” ဆိုပြီး လျှောချလိုက်ပြီးတော့ လှည့်ပြန်သွားတဲ့လူတွေဘဲ များတယ်။ ဒီတော့ မလုပ်တာနဲ့ ဘာမှ မထူးတော့ဘူး။

ဆရာဝန်တယောက်ဟာ ဆရာဝန်အလုပ်ကို လုပ်နေတဲ့အတွက် နိုင်ငံရေးမှာ ပါဝင်ခြင်းမရှိတာ အပြစ်ပြောစရာမရှိဘူးလို့ ထင်မြင်ယူဆစရာဘဲ။ ဒါပေမယ့် အဲသည်ဆရာဝန်ဟာ…ဥပမာ… သေမှုသေခင်းကို ဆေးအစီရင်ခံရတဲ့အခါမှာ သူတတ်ထားတဲ့ ပညာအတိုင်း အမှန်အတိုင်း အစီရင်ခံစာ ရေးနိုင်သလား။ အစိုးရငြိုငြင်မှာကြောက်လို့ အမှန်အတိုင်းမရေးရဲရင် အဲသည်ဆရာဝန် သူ့အလုပ်ကိုသူ လုပ်နိုင်တယ်လို့ မဆိုနိုင်တော့ဘူး။ အစိုးရငြိုငြင်မှာကြောက်လို့ ဆေးပညာရပ်နဲ့ ပတ်သက်တဲ့ သူ့အမြင်ကို သူပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲရင် သူ့အလုပ်ကိုသူ လုပ်နိုင်တယ်လို့ မဆိုနိုင်တော့ဘူး။ သူ့အလုပ်ကို လုပ်နိုင်ဘို့ဆိုရင် လွတ်လပ်တဲ့အခြေအနေတခုကို အရင်ဖန်တီးရမယ်။ အဲသည်မှာ နိုင်ငံရေးပါလာပြီ။

အင်ဂျင်နီယာတယောက်ဟာ သူ့အထက်အရာရှိ စစ်ဗိုလ်လူထွက်တယောက်ကို သူ့ပညာရပ်အမြင်နဲ့ အမှန်အတိုင်း ပြောခွင့်သာသလား။ ပြောခွင့်မသာဘူးဆိုရင် အဲသည် အင်ဂျင်နီယာအနေနဲ့ သူ့ပညာရပ်ကို လွတ်လွတ်လပ်လပ် အသုံးချခွင့်ရှိတဲ့ အခြေအနေကို ဖန်တီးရတော့မယ်။ အဲသည်မှာ နိုင်ငံရေးပါလာပြီ။

သဘောပေါက်သင့်တာက မလွတ်လပ်တဲ့အခြေအနေတရပ်မှာ ဆရာဝန်လည်း ဆရာဝန်အလုပ်ကို ပြောင်မြောက်စွာ မလုပ်နိုင်ဘူး။ အင်ဂျင်နီယာလည်း အင်ဂျင်နီယာအလုပ်ကို တူတူတန်တန် မလုပ်နိုင်ဘူး။ ကျောင်းဆရာလည်း ကျောင်းဆရာအလုပ်ကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး။ တရားသူကြီးလည်း တရားသူကြီးအလုပ်ကို မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ ပြည်သူ့ရဲလည်း ရဲအလုပ်ကို မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ လူမှုကယ်ဆယ်ရေးလုပ်သူလည်း ကယ်ဆယ်ရေးကို ဖြစ်ဖြစ်မြောက်မြောက် မစွမ်းဆောင်နိုင်ဘူး (နာဂစ်မုန်တိုင်းသက်သေ)။

ဘယ်သူမှ ကိုယ့်သက်ဆိုင်ရာအလုပ်ကို ကိုယ်ပြောင်မြောက်စွာ လုပ်ခွင့်မသာဘူး။ သတ္တိရှိရှိလုပ်တဲ့လူဟာလည်း ထောင်ထဲကို တန်းဝင်ရတာဘဲ။ အဲဒါဟာ အာဏာရှင်စနစ်ရဲ့ သဘောသဘာဝ အစစ်အမှန်ဘဲ။

အဲဒါကြောင့် လူတိုင်း ကိုယ့်အလုပ်ကိုယ် ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်အောင် လွတ်လပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဘို့က အဓိကလို့ ကျနော်မြင်တယ်။ အဲဒါကို ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်ဘို့ မလိုအပ်ဘူးလို့ ထင်မြင်တယ်ဆိုရင် အဲသည်လူတွေကို ထမင်းရည်ပူလာ လျှာလွှဲတဲ့လူတွေလို့ဘဲ ကျနော် ပေါ်တင်ဝေဖန်လိုပါတယ်။

လွတ်လပ်တဲ့တိုင်းပြည်တွေမှာတော့ ကိုယ်စိတ်ဝင်စားရာ (လူမှုကယ်ဆယ်ရေးဖြစ်ဖြစ်၊ ပရဟိတဖြစ်ဖြစ်၊ သာရေးနာရေးဖြစ်ဖြစ်)ကို နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘဲ လုပ်ကောင်းလုပ်နိုင်မယ်။ ယူအက်စ်အေလို နိုင်ငံမျိုးမှာ ၀ါသနာပါရင် ငှက်တွေမျိုးမတုန်းအောင် ကာကွယ်စောင့်ရှောက်တာမျိုး၊ စောင့်ကြည့်တာမျိုးကိုတောင် တောထဲမှာ နှစ်လုံးပေါက်စခန်းချပြီး လုပ်ချင်ရင် သွားလုပ်နေလို့ရတယ်။

မြန်မာပြည်လို အာဏာရှင်စနစ်အောက်မှာ ရောက်နေတဲ့ တိုင်းပြည်မှာတော့ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ လူမှုကယ်ဆယ်ရေး၊ ပညာရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်တယ် လာပြောရင် ပြောတဲ့လူဟာ အခြေအနေမှန်ကို ကောင်းကောင်းသဘောမပေါက်ရာ ကျနေပါတယ်။ အဖြစ်မှန်ကို လက်မခံရာလည်း ကျနေပါတယ်။

ဒီတော့ နိဂုံးချုပ် ကောက်ချက်ပြန်ဆွဲရရင် ကိုယ်က စိတ်သန်လို့ လူမှုရေးကယ်ဆယ်ရေး လုပ်ချင်ရင်လုပ်နိုင်ပါတယ်။ အဲဒါက လုပ်လည်း လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ။ သတ္တိရှိရှိနဲ့ မတွန့်မဆုတ်လုပ်နေတာမျိုး ဆိုရင်လည်း တကယ်ဘဲ ချီးကျူးပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ ဒီမိုကရေစီအရေးအတွက်၊ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုမှာ မဖြစ်မနေ ပူးပေါင်းပါဝင်မှုရှိကို ရှိရပါမယ်။ လူမှုကယ်ဆယ်ရေးလုပ်နေလို့ နိုင်ငံရေးလုပ်ဘို့ မလိုတော့ဘူးဆိုတာမဟုတ်။ ဘာလို့လည်းဆိုတော့ အဲဒါဟာ နိုင်ငံရေးလုပ်နေသူများမှာတင် ရှိတဲ့တာဝန်မဟုတ်။ မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်လို့ပါဘဲ။ မလုပ်တဲ့လူဟာ နိုင်ငံသားတာဝန် မကျေပွန်သူပါဘဲ။

အဲသည်လိုမှမဟုတ်ဘဲ မလွတ်လပ်တဲ့ တိုင်းပြည်မှာ လူမှုရေးလုပ်နေရုံနဲ့ ကျေနပ်နေလို့ကတော့ ဘယ်တော့မှ ကျယ်ကျယ်ပြန့်ပြန့်လည်း မလုပ်နိုင်ဘူး။ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ရုံမက တဖြည်းဖြည်း အချိန်နဲ့အမျှ အခြေအနေတွေ ဆိုးသထက်ဆိုးလာပြီး ဆင့်ပါးစပ် နှမ်းပက်သလောက်ဘဲ ရသေ့စိတ်ဖြေလောက်ဘဲ လုပ်နိုင်လိမ့်မယ်လို့ ယူဆပါကြောင်း။ကိုပေါhttps://www.blogger.com/profile/01732292314582350457noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-3528014838692517572008-10-28T14:24:00.000+08:002008-10-28T14:24:00.000+08:00bravo ma pan! တွေးစရာတွေ ကျန်ခဲ့သလို ဖတ်ပြီး အတော်...bravo ma pan! တွေးစရာတွေ ကျန်ခဲ့သလို ဖတ်ပြီး အတော်လေး မောသွားတယ်။ နံနက်ခင်းတွေ ပျောက်မြဲ ပျောက်ဆဲ ဖြစ်တဲ့ တိုင်းပြည်ကြီးကတော့ သူနဲ့ ဘာမှ မဆိုင်သလို အိပ်မောကျဆဲ။ညီညီ(သံလွင်)https://www.blogger.com/profile/04328207837549034910noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-27216310714993331052008-10-28T11:57:00.000+08:002008-10-28T11:57:00.000+08:00ကိုပေါ ... နိုင်ငံတခုရဲ့ စနစ်ကြောင့် ခုလို အသံမမြည...ကိုပေါ ... နိုင်ငံတခုရဲ့ စနစ်ကြောင့် ခုလို အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကလေးတွေ ပေါ်လာတယ်ဆိုတာကတော့ ငြင်းစရာမရှိတဲ့ ၊ အားလုံးလည်း လက်ခံထားကြတဲ့ အချက်ပါပဲ ။

ဒါ့အပြင် ကိုပေါတို့လိုလူတွေ မြန်မာနိုင်ငံရေးအတွက် လုပ်နေတာ တကယ်လေးစားပါတယ် ။ အဲလိုလူတွေ ရှိနေတာတွက်လည်း ၀မ်းသာတယ် ။

နောက်ပြီး ... အဖိနှိပ်ခံ အကျပ်အတည်း အများကြီးကို ရင်ဆိုင်ပြီး ရဲရဲဝံ့ဝံ့ ဒီမိုကရေစီအရေးကို ဆက် ယုံကြည်စွာ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းက လူတွေရှိတယ် ။ တော်လှန်ရေးဘက်ကို ခြေလှမ်းပြီး ခုချိန်ထိ တောထဲမှာ လက်နက်ကိုင်တော်လှန်နေသေးသူတွေ ရှိတယ် ။ တော်လှန်ရေးမှာ တာဝန်ထမ်းပြီး ခုချိန် တခြား နိုင်ငံတွေရောက်ပြီး ၊ အဲဒီကနေ တတ်နိုင်တဲ့ဘက်က ဒီမိုကရေစီအရေးအတွက် တာဝန်ယူနေသူတွေလည်း ရှိတယ် ။

တချိန်တည်းမှာ humanitarian effort ဆိုပြီး အဲဒီဘက်ပိုင်းကို လုပ်နေသူတွေလည်း ရှိတယ် ။ သူတို့ ဘယ်လောက်တောင် လုပ်နေကြတယ်ဆိုတာ လူတိုင်း သိချင်မှသိမယ် ။ ဒါပေမယ့် သူတို့လိုလူတွေ ရှိတယ် ။

ကျမအမြင်ကတော့ လူဆိုတာ ဘယ်အပိုင်းကဖြစ်ဖြစ် သေချာ စေတနာမှန် ရည်ရွယ်ချက်မှန်နဲ့ လုပ်မယ်ဆိုရင် ၊ သူတို့ ပံ့ပိုးမှုဟာလည်း အတိုင်းအတာတခုအထိ သက်ရောက်မှုရှိတယ် ။ အဲဒါ အဓိကပဲ ။ နောက်ပြီး မြန်မာနိုင်ငံ့အရေးဟာ jigsaw puzzle တခုကို ဖြည့်နေသလို ၊ ကိုယ့်အပိုင်းနဲ့ကိုယ် ပါဝင်ဖြည့်စည်းဖို့သာ အဓိကလို့ ကျမက ယုံကြည်တယ်။ အဲလိုယုံကြည်ချက်နဲ့အတူ လုပ်စရာရှိတာ ဆက်လုပ်တယ် ။

ဒါကြောင့် ကျမကိုယ်တိုင်က ဒီမိုကရေစီအရေးကို အမြဲ အားတက်မိပေမယ့် ၊ ဒီမိုကရေစီအရေး မလုပ်တဲ့သူတိုင်းကို တကိုယ်ကောင်းဆန်တယ်လို့ မြင်တာကိုတော့ လုံးဝလက်မခံနိုင်ပါဖူး ။

ဒါဟာ အတိုင်းအတာတခုကနေ ကြိုးစားပမ်းစား လုပ်နေသူတွေ ၊ လုပ်ဖို့ ကြိုးစားနေရသူတွေကို မစာနာရာ ၊ မလေးစားရာ ၊ သူတို့အခြေအနေကို နားလည်ပေးနိုင်ဖို့ မကြိုးစားရာလည်း ရောက်တဲ့ လေသံပေါက်နေတယ် ။ ငါ့လို ဒီမိုကရေစီအရေး လုပ်နေမှ .. စာနာစိတ် ရှိတယ် ၊ တိုင်းပြည် ကောင်းစေလိုစိတ် ၊ မျိုးချစ်စိတ် ရှိတယ်လို့ လက်ခမောင်းခတ်ရာ ရောက်တယ် ။ ဒါပေမယ့်လည်း နိဂုံးသတ်အနေနဲ့ ကိုပေါလို လူတယောက်က အဲလို ဆိုလိုလိုက်တာ မဟုတ်တန်ကောင်းပါဖူးလို့ ကျမ ကောက်ချက်ချလိုက်မိပါတယ် ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-9657863080877414422008-10-28T10:07:00.000+08:002008-10-28T10:07:00.000+08:00“Universal Declaration of Human Rights ကြေညာစာတမ်း...“Universal Declaration of Human Rights ကြေညာစာတမ်းပါ
အခြေခံလူအခွင့်အရေးအချို့”

Article 25.

(1) Everyone has the right to a standard of living adequate for the health and well-being of himself and of his family, including food, clothing, housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability, widowhood, old age or other lack of livelihood in circumstances beyond his control.

(2) Motherhood and childhood are entitled to special care and assistance. All children, whether born in or out of wedlock, shall enjoy the same social protection.

Article 26.

(1) Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.

(2) Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.

(3) Parents have a prior right to choose the kind of education that shall be given to their children.

ထိုသို့သော အခြေခံလူ့အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သော၊ အာမခံနိုင်သော အခြေအနေတရပ်၊ အုပ်ချုပ်ရေးစနစ်တရပ်ကို မြန်မာပြည်တွင် မဖန်တီးနိုင်သေးသရွေ့ အသံမမြည်နိုင်သော ခေါင်းလောင်းများမှာ မြန်မာပြည်၏ ရွှံညွန်တောများထဲတွင် နစ်လျက်ရှိနေဦးမည်သာ။ ယခုအချိန်၌ မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှားရန်မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဤကလေးများ ခံစားနေရသည့် ဒုက္ခဆင်းရဲတာရှည်မှုမှန်သမျှ၏ လက်သည်တရားခံမှာ မြန်မာ့ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှားရန် ငြင်းဆန်နေသည့်၊ နောက်တွန့်နေသည့် တာဝန်မကျေသော မြန်မာနိုင်ငံသားများ၏ တကိုယ်ကောင်းစိတ်သည်သာ ဧကန်ဖြစ်ပေတော့သည်။ကိုပေါhttps://www.blogger.com/profile/01732292314582350457noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-54194602784437086832008-10-28T09:24:00.000+08:002008-10-28T09:24:00.000+08:00မပန်ရေ ဖတ်ပြီးရင် စဉ်းစားမိပါတယ်။ စဉ်းစားရင် ချာချ...မပန်ရေ ဖတ်ပြီးရင် စဉ်းစားမိပါတယ်။ စဉ်းစားရင် ချာချာလည် ဖြစ်ရပြန်ပါတယ်။ မကေ ပြောတာကို သဘောကျတယ်။ အဲဒီလို ယိုစီးသွားတဲ့ ဦးနှောက်တွေ၊ လူ့အရင်းအမြစ်တွေကို တခဏပဲ ဖြစ်ဖြစ် ပြန်သုံးနိုင်ရင်လည်း အကျိုး ရှိတာပါပဲ။ အတွေးလေးတွေ ဝေမျှတာ ကျေးဇူးပါ။ပုံရိပ် / Pon Yatehttps://www.blogger.com/profile/14819627005950198164noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-50342760618928751182008-10-28T06:21:00.000+08:002008-10-28T06:21:00.000+08:00အရာအားလုံးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံပဲလေ။သဘောတရား...အရာအားလုံးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံပဲလေ။
သဘောတရားတွေကို အားလုံးက သိနေကြတာပဲ။

ဖောက်ပြန်တဲ့ နိုင်ငံရေးစနစ်တခု သက်ဆိုးရှည်နေသမျှ
မေးခွန်းတိုင်းအတွက် အဖြေကို သိနေရင်တောင် အကောင်အထည်ကို မမြင်ရနိုင်ပါဘူး။ATNhttps://www.blogger.com/profile/14937074006797237180noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-23817564701947766212008-10-28T01:09:00.000+08:002008-10-28T01:09:00.000+08:00ရင်နာရလွန်းလို့ မရေးချင်ပါ။အဖြေသိသူတွေ အဖြေရှာကြပါ...ရင်နာရလွန်းလို့ မရေးချင်ပါ။
အဖြေသိသူတွေ အဖြေရှာကြပါ။
တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းလုပ်ဆဲ၊ လုပ်ဖို့လဲ အသင့်ပါ။ ဒီလောက်ပဲ ပြောပါရစေ ပန်ပန်ရေ..Moe Cho Thinnhttps://www.blogger.com/profile/01337551043809985774noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-42090194822777700502008-10-27T23:02:00.000+08:002008-10-27T23:02:00.000+08:00ဟားးးမွန်းကျပ်သွားတယ်ဘာပြောရမှန်းတောင်မသိတော့ဘူးမပ...ဟားးး
မွန်းကျပ်သွားတယ်
ဘာပြောရမှန်းတောင်မသိတော့ဘူး

မပန်ရေးတာ ကောင်းပါတယ် မပန်ရ ဖတ်သူကို ထိသွားတာပဲ။
ပြောချင်တာကိုလဲ သိတယ်..
ဘာဆက်လုပ်ရမှန်း ဘယ်သူမှ မသိတာ..
မသိတာထက် မတတ်နိုင်တာ..စူးhttps://www.blogger.com/profile/14596816412357378272noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-67378099358982633192008-10-27T22:30:00.000+08:002008-10-27T22:30:00.000+08:00ပြိုင်တူတွန်းမှသာ ရွေ့နိုင်ပါသည်....ပြိုင်တူတွန်းမှသာ ရွေ့နိုင်ပါသည်....Anonymousnoreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-86926918234216663812008-10-27T22:22:00.000+08:002008-10-27T22:22:00.000+08:00This comment has been removed by the author.Anonymousnoreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-57457110440994322402008-10-27T21:20:00.000+08:002008-10-27T21:20:00.000+08:00ပန်ဒိုရေ...ဖတ်ပြီးတော့ ရင်ထဲမှာ မွန်းကျပ်သွားတာဘဲက...ပန်ဒိုရေ...
ဖတ်ပြီးတော့ ရင်ထဲမှာ မွန်းကျပ်သွားတာဘဲကွာ...။
ခေတ်၊စနစ်ကိုဘဲ အပြစ်တင်ရမလား....
ဘာပြောရမှန်းကို မသိတော့ဘူး....။
ကိုယ်နေဘူးတဲ့ ဘက်မှာ...ကျောင်းဆင်းချိန်ဆို ဆရာမလေးတွေက မျက်နှာငယ်လေးတွေနဲ့ ကားကြုံစီးဘို့  တားနေရတာ...ကားသမားက မရပ်ပေးတာ...ရပ်ပေးလို့ တက်ပြန်တော့လဲ စပါယ်ယာက နင်ပဲငဆ ပြောလိုက်တာတွေ..
တွေ့ ရဘူးတယ်...။
ခြမစားတဲ့ ပညာရေးဝန်ထမ်းတွေရယ်...ပညာရေး
ထက် ၀မ်းရေးက ပိုအရေးကြီးနေတဲ့ လူတန်းစားရယ်...
ဒါတွေတွေ့ မြင်နေရတဲ့ အခါ...
လက်နက်ကြီးနဲ့ သာ ထုလိုက်ချင်တော့တာဘဲ...။သစ်နက်ဆူးhttps://www.blogger.com/profile/04049331759011172443noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-70937049269640490812008-10-27T20:39:00.000+08:002008-10-27T20:39:00.000+08:00ကျနော်ရေးမိတဲ့ဝတ္ထုကနေ ဆက်လက်အတွေးပွားကြတာ မြင်တော့...ကျနော်ရေးမိတဲ့ဝတ္ထုကနေ ဆက်လက်အတွေးပွားကြတာ မြင်တော့ဝမ်းသာမိပါတယ်။ အေးအေးဆေးဆေး မှတ်ချက်လာရေးပါဦးမည်။Yaw Han Aunghttps://www.blogger.com/profile/07669416829523683951noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-65060794624972866892008-10-27T18:30:00.000+08:002008-10-27T18:30:00.000+08:00ရင်ထဲမကောင်းတာကလွဲရင်..ကိုယ်တိုင်လည်းဒီလမ်းမကြီးကေ...ရင်ထဲမကောင်းတာကလွဲရင်..ကိုယ်တိုင်လည်းဒီလမ်းမ
ကြီးကနေလမ်းခွဲခဲ့သူဖြစ်နေပြန်တယ်။ပြီးတော့..တခြား
လမ်းမတွေမှာ အကြောင်းအမျိုးမျိုးကြောင့်လမ်းကြောင်း
ပြောင်းပျံသန်းခဲ့ရတဲ့ ကျွန်မရဲ့တချိန်က အစ်ကိုတော ၃
ယောက် ..ကိုလည်းသတိရမိတယ်...ဘယ်သူဟာ
ဒီလမ်းတွေကိုလွှဲခဲ့တဲ့သူလေလဲ....MANORHARYhttps://www.blogger.com/profile/05599637403171566762noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-21545554206161271562008-10-27T16:44:00.000+08:002008-10-27T16:44:00.000+08:00ဘာဖြစ်လို့စိတ်တိုင်းမကျ တာပါလိမ့်..ဖတ်သူတော့..စိတ်...ဘာဖြစ်လို့စိတ်တိုင်းမကျ တာပါလိမ့်..ဖတ်သူတော့..စိတ်တိုင်းကျမိတယ်။
Capacity Building က..မြန်မာပြည်မှာ- ကျန်းမာရေး ပြီးရင်..အလိုအပ်ဆုံးလို့ ထင်ပါတယ်။
နောက်- Brain Drain ကနေ Brain Circulation လုပ်နိုင်မဲ့..နည်းလမ်းတွေ.. ရှာကြံနိုင်ကြမယ်လို့လည်း မျှော်လင့် မိတယ်။
အဲဒီလို..အပျော်ထမ်း ပြန်လာ ပြီး..ပါဝင်ကူညီ တဲ့ ပုံစံ မျိုး- များများ အသုံး ပြုနိုင်ရင်ပေါ့။ အမြဲတမ်း လုပ်နိုင်မဲ့ အနေအထားက..မဖြစ်နိုင်လေ။

နောက်တချက်က-..မောင်ထူးလေး တို့..ကျောင်းလာတက်နိုင်ရင်လည်း..ဘယ်နှယ်တန်းထိ ဆက်တက်နိုင်မလည်း.. မြန်မာပြည်မှာ..သက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းတွေ..သိပ်လိုအပ်နေ ပါတယ်။

ခြုံပြောရင်တော့..တဦးတယောက်ရဲ့ စိတ်ကူး စိတ်သန်း နဲ့ ပါဝင်မူ ကလည်း..လျော့တွက်လို့တော့ မရ ပါလေ။ ဘင်္ဂလားဒေ့ရှ်က.. မိုဟာမက် ယူနွတ်စ် လို စိတ်ကူးကောင်းတခု ကို အခြေခံထားတဲ့.. အားစိုက် လုပ်ကိုင်မူ ကြောင့်.. ရရှိလာတဲ့ အကျိုးကျေးဇူးတွေက .. တော်တော်များခဲ့ဘူးပါတယ်။

စိတ်ကူးကောင်းနဲ့ ပရောဂျက်လေး တွေ..ဖြစ်လာ နိုင် ရင်တော့..သိပ်ကောင်းမှာပဲ လို့..စိတ်ကူးယဉ်လျက်-kayhttps://www.blogger.com/profile/16599467317071240993noreply@blogger.comtag:blogger.com,1999:blog-5616345217233601430.post-51374476350200370652008-10-27T15:45:00.000+08:002008-10-27T15:45:00.000+08:00မြန်မာပြည်မှာအသံမမြည်နိုင်တဲ့ခေါင်းလောင်းလေးတွေဘယ်...မြန်မာပြည်မှာအသံမမြည်နိုင်တဲ့ခေါင်းလောင်းလေးတွေ
ဘယ်လောက်များ များနေပြီလဲ...စဉ်းစားရင်း ရင်မောရပါပြီ...Anonymousnoreply@blogger.com