Technical help

Wednesday, May 2, 2007

ပန်ဒိုရာ၏ မွေးနေ့

ပန်ဒိုရာ၏ မွေးနေ့

ယနေ့ မေလ ၂ ရက်နေ့ သည်ကား ပန်ဒိုရာ၏ မွေးနေ့ပေတည်း။

မွေးနေ့တွင် မိခင်ဖခင် ကျေးဇူးရှင်တို့ကိုသတိရမိ၏။ ဘုရားမှ တဆင့် တိုင်တည် ကန်တော့ရမည်။ ညကျလျှင် ဖုန်းဆက်ရမည်။ မာကြောင်းသာကြောင်း ပြောရမည်။
ချစ်သူကို သတိရမိ၏။ မနေ့က ချက် ကြရင်း မွေးနေ့လက်ဆောင် တောင်းခဲ့သည်။ ဟိုတနေ့က အသစ်လဲပေးသွားသော ဖူဂျစ်ဆု လက်ပ်တော့ပ်ပဲလေ ဆိုတာကို သိပ်တော့မကျေနပ်ချင်။ ဒီလိုရောချလို့ ရရိုးလား။ တကယ်တော့ မွေးနေ့လက်ဆောင်တို့ မည်သည်မှာ ရွှေဆွဲကြိုး၊ လော့ကက်၊ စိန်လက်စွပ် သို့မဟုတ် အနည်းဆုံး အိုမီဂါ နာရီတစ်လုံး လောက်တော့ ဖြစ်သင့်သည် မဟုတ်ပါလော။
မောင်ညီမတို့ကို သတိရမိ၏။ စုန်ရေပဲရှိသည် ဆိုသည်မှာ မကောင်းပါလား။ သူတို့ဖို့ကိုသာ ၀ယ်ပေးနေရသည်။ ကိုယ့်အတွက်ကျတော့ မွေးနေ့မှာ တန်ဖိုးကြီးကြီးမားမား လောက်လောက်လားလားလေး ၀ယ်ပေးဖို့ကို အလိုက်မသိကြ။
သူငယ်ချင်းများကို သတိရမိ၏။ တစ်နှစ်တစ်နှစ် သူတို့ပေးလိုက်လျှင် ကိုယ်လိုချင်တာနှင့် တစ်ခုမှ မကိုက်။ ဒါကြောင့် ဒင်းတို့ ခုချိန်ထိ အပျိုကြီးဖြစ်နေကြတာဟု စိတ်နာနာနှင့် တွေးမိသည်။ သူငယ်ချင်း ကောင်ကလေးများ ကျတော့လည်း ကိုယ့်မှာချစ်သူရှိတဲ့ အချိန်ကစလို့ အရင်လို လှတပတ မွေးနေ့လက်ဆောင် လေးများ ပေးရမှာကို မိုးကြိုးအတောင့်လိုက် ပစ်ခံရတော့မည့်အလား ဝေါင်ဝေါင်ရှေးလို့ သတိတောင်မရကြတော့။
အခုတလော လောက ကောင်းကျိုး ဘာများဆောင်မိသလဲ ပြန်တွေးကြည့်မိသည်။ အလုပ်ထဲမှာတော့ ကြိုးစားတာပဲ။ ဘောနပ်စ်ကလေးကို မျှော်မှန်းလို့ပေါ့။ အိမ်ကို ငွေမှန်မှန်ပို့သည်။ သြော် ကိုယ်မပို့လို့ ဘယ်သူကပို့မှာတုန်း။ အင်း ဘုရားရှိခိုး ပုတီးစိပ်လည်း သိပ်မလုပ်ဖြစ်။ အလှုခံတွေလည်း မထည့်မိ။ ထီတော့ထိုးဖြစ်သား။ သံရုံးလည်း အခွန်ဆောင်ပြီးပြီ။ စဉ်းစားပါဦးလေ.. အများ အကျိုးဆောင်တာမျိုးလေး။ အဲ.. မှတ်မိပြီ.. ဘလော့ဂ်တစ်ခု တင်ထားသည်။ ခါးနာပြီး လမ်းမလျှောက်နိုင်သည့် ကြားထဲကပင် အများပျော်ရွှင်နိုင်အောင် ပို့စ်တွေ ကြိုးစားပမ်းစား တင်ခဲ့သည်။ ဒါလောက်ဆို ငါ့ကို မေမေ မွေးရကျိုးနပ်ပါပြီဟု ကျေနပ်မိလေသည်။

15 comments:

  1. မွေးနေ့မင်္ဂလာပါ။ ပျော်ရွှင်ပါစေကြောင်းပေါ့။

    ReplyDelete
  2. ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ ပန်ဒိုရာ.
    မွေးနေ့လက်ဆောင် ဘာလိုချင်လဲပြော. ပလက်တီနမ် ပြောင်လေးလိုချင်လား. ဒါမှမဟုတ် Tanzanite မှာ Spessarite လေးကွပ်ထားတဲ့ လက်စွပ်လေးလိုချင်လား..
    ဒါမှမဟုတ်....
    ပန်ဒိုရာပဲပြောပါ.
    ပန်ဒိုရာ့အတွက်မွေးနေ့လက်ဆောင်ကတော့ စာမူဘလော့ဂ်မှာ လေးထောင့်ကဗျာလေးကို ထိပ်ဆုံးကတင်ပေးထားပါတယ်ခင်ဗျာ....

    Cheers!

    ReplyDelete
  3. happy birthday ma pandora ;) ကိုယ့်မွေးနေ့အကြောင်းပြောတာတောင် ဟာသလေးနဲ့း)

    ReplyDelete
  4. ပျော်စရာ မွေးနေ့ပါ မပန်ဒိုရာ

    ReplyDelete
  5. မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ မပန်ဒိုရာ ခင်ဗျား။ -- နှစ်မြောက် မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် ဘလော့ နိုင်၊ ချက် နိုင်ပါစေ… :)

    ReplyDelete
  6. ပျော်ရွှင်ဖွယ် မွှေးနေ့ဖြစ်ပါစေ မပန်ဒိုရာ- ကျန်းမာ ချမ်းသာ ၀မ်းသာ ဘေးကင်း ပျော်ရွှင်ခြင်း နဲ့ ဖြတ်ကျော်နိုင်ပါစေ နှစ်ပေါင်းတစ်ရာ.

    ReplyDelete
  7. ကိုနတ် ၊ ရန်၊ မောင်ဒေါင်း၊ ဂျစ်၊ မျိုးချွန်တွန်း၊ ကိုပု၊ teslaဆုတောင်းပေးကြတာ ကျေးဇူး။ ပန်ဒိုရာ အားလုံးပြည့်စုံပါတယ်။ ခြေထောက်နာနေတာ မြန်မြန်ပျောက်အောင်သာ ဆုတောင်းပေးကြပါ။ တက်ကစီခလည်းကုန်လှပြီ

    ReplyDelete
  8. Happy Birthday to you....
    Happy Birthday Pandora....
    Happy Birthday to you....
    ခြေထောက်နာတာမြန်မြန်ပျောက်ပါစေ။

    ReplyDelete
  9. Happy Birthday! အသက်တစ်နှစ် ပိုကြီးသွားပြီ :)

    ReplyDelete
  10. အမျိုးသမီး ဘလော့ဂါတွေ မွေးနေ့ပို့စ်မှာ အသက်ဘယ်လောက်လဲ ဆိုတာ မပြောပြသလို ကျနော်ကလဲ ခေါင်းကွဲမှာကြောက်လို့ တခါမှ မမေးဘူး။ :D မွေးနေ့လွန်သွားမှ ရောက်လာတယ်.. ဆုတော့ တောင်းလိုက်မှ..။ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  11. ရတနာက လိမ်မာတယ်.. ကိုချမ်းမြ ကျေးဇူးနော်။
    ကိုကလိုစေးထူးရေ ဘာလို့ အားလုံးသတိရအောင် ပြောရတာလဲ။ ခင်ဗျားထက်တော့ မငယ်တာ သေချာတယ်။ ဟဲဟဲ

    ReplyDelete
  12. Sis Happy Belated Birthday. =)

    ReplyDelete
  13. Hoppy, Huppy, Heppy, Hippy, Happy Belated Birthday

    ReplyDelete
  14. oh mine oh mine!!! I missed it!! Happy belated birthday sis!!! Arrr bwarrrrr

    ReplyDelete
  15. Late better than never. :)Many thanks to all.

    ReplyDelete