ကြယ်ကြွေခြင်း
ကြယ်တွေကြွေပြန်ပြီ်..။
ကောင်းကင်ကညှစ်ချလိုက်တဲ့မျက်ရည်တွေဆိုလား
ပြိုကျတာမဟုတ်တဲ့ရွေ့လျားမှုမျိုး
ကွဲကြေသွားတာမဟုတ်တဲ့ကြွေလွင့်မှုမျိုး
ပုံသဏ္ဍာန်ပျက်ယွင်းသွားလားငါမသိ
အလုံးစုံပြိုကွဲသွားလားငါမသိ
အရောင်တွေမပါတဲ့အလင်းရဲ့ရိုက်ခတ်မှုသက်သက်နဲ့
လိုချင်ဆန္ဒမဟုတ်တဲ့မျှော်လင့်ချက်သက်သက်နဲ့
ကြယ်တွေကြွေတာစောင့်နေသူလေ.။
သူတို့မှာအသည်းနှလုံးမရှိတော့ဘူး
ပရော်ဖက်ရှင်နယ်အပြုံးလှလှနဲ့
သံတမန်ဆန်တဲ့လှိုက်လှဲမှုတွေပဲရှိမယ်
ညဟာညမဟုတ်လာချိန်မှာ
လအတုတစ်စင်းကိုသူတို့တင်လွှတ်လိုက်ကြ
တဖြည်းဖြည်းနဲ့ ငါဟာကြယ်တစ်ပွင့်ဖြစ်သွားရော
ငါဖြစ်ချင်တာကြယ်ဟုတ်ရဲ့လား
ပြီးတော့ငါဟာကြွေဦးမှာလား
ငါဟာအသစ်ပုံစံပြောင်းသွားမှာလား
ငါဟာရွေ့ယုံရွေ့သွားမှာလား
ကြယ်တွေမှန်မှန်ကြွေနေဆဲ..။ ။
ပန်ဒိုရာ
၂၁ နိုဝင်ဘာ ၂၀၀၆
လွင်ပြင်မှာ
ReplyDeleteလရောင်တွေ ရွှဲစို
ကြယ်တွေလည်း တဖွဲဖွဲ ငိုနေကြရဲ့
အဲဒီလိုနဲ့ ...
ငါ့ ... ရင် ... လဲ
မွ
ကြေ
ကွဲ
ပြို ...
မလိုပါဘူးကွယ် ...
ကြယ်သစ်တွေပွင့်ဝေဖို့
ကောင်းကင်က ကျယ်ပါတယ် ...
ကြယ်ကြွေမိုးတွေ အောက် ... ရင်ဖွင့်ပြီး လျှောက်ကြရအောင် ...
ကြယ်တွေ ကြွေပြန်သတဲ့လား…
ReplyDeleteအသည်းအတုတွေနဲ့
ကျင့်သားရနေတဲ့ အပြုံးမျက်နှာဖုံးတွေနဲ့တော့
ကျနော်…
ကြယ်မဖြစ်ချင်ဘူး..။
မမလေးရေ…။ မမလေးပေးချင်တာတော့ ဘာလဲ မသိ။ ကျနော့်စိတ်ထဲ ပေါ်လာတဲ့ ကဗျောင်ကို ချရေးလိုက်တာ။ ဒါပေမယ့် ကျနော် ကဗျောင်ဆရောင်လို့တော့ တစိုးတစိမှ မထင်လေနှင့်။ :D (မမလေး ခေါ်လို့လည်း စိတ်ကြီးတော့ မ၀င်ပါနဲ့။ စိတ်မပါလက်မပါနဲ့ အရွဲ့တိုက်ခေါ်တယ်ဆိုတာ သင်မမေ့စေချင်)
ပုံ..
ကိုကိုကြီး
:P
ပြုံရိပ် ဘလောက်မှာ ကြွေလိုက် မပန်ဘလောက်မှာ ကြွေလိုက် ကယ်တွေ ကြွေတာများ တော့ကောင်းကင် မှာတောင် မကျန်တော့ဘူး ထင်ရဲ့ မပန်..
ReplyDeleteဘာတွေ ဒီလောက်တောင် ကြွေနေကြပါလိမ့်
ReplyDeleteကြည့်စမ်း ကြယ်တွေကြွေပြန်ပြီ်..။ ကောင်းကင်ကြီးကို မှောက်ချလိုက်တဲ့ ဘုရားသခင်ရဲ့ ကစားကွက်တခုလား. အင်း ကော်မခိုင်တဲ့ ကြယ်တွေရယ် ကောင်းကင်မှာ မပျော်တော့တဲ့ ကြယ်တွေရယ် ကစားသူရဲ့ အလိုကျ အတိအကျ လိုက်နာရတဲ့ ကြယ်တွေရယ် ပြုတ်ကျလာကြတယ်.
ReplyDeleteကြွေတဲ့အချိန်မှာ ဖြတ်ခနဲ အလင်းတချက်လက်သွားတယ်. အဲ့တာဟာ မျက်ရည်ဖြစ်နိုင်သလို ရီမောသွားခြင်းလည်း ဖြစ်နိုင်သေးတယ် ဓါတ်ပြောင်းသွားတဲ့ ကြယ်တခုဟာ ကြယ်ဘ၀ကို သေချာပေါက် စွန့်လွတ်ရတယ်ဆိုပေမဲ့ အလှပတမျိုးနဲ့ အလင်းမှုန်လေးတွေ တလက်လက်တောက်တာမျိုးနဲ့လည်း ကောင်းကင် ကြီးကို ပိုမိုခမ်းနားသွားနိုင်ပါတယ်. ကြွေတတ်ရင်ပေါ့လေ. ဒါပေမဲ့ ကြွေတယ်ဆိုတဲ့ အဖြစ်အပျက်ကတော့ ဘယ်လိုဟာမျိုးအတွက်မှ မကောင်းပါဘူး.. တို့ကတော့ ကြယ်ကြွေကျတာကို စောင့်ကောက်ရတာပျော်တယ်. :)
မပန် က ကြယ်ကြွေတွေကိုမျှော်လင့်စောင့်ဆိုင်းတယ်..
ReplyDeleteကျွန်တော့်ကို ကြယ်ကလေးတစ်စင်း ကောင်းကင်ရဲ့ မျက်ရည်တစ်စက်လို ကြွေကျသွားတာ slomotion နဲ့ မြင်ယောင်မိစေတယ်..
ညမဟုတ်တဲ့ညထဲက လအတုဘေးက အရောင် ပုံသဏ္ဍန်ရှေ့မှာမသေချာတဲ့
ကြယ်တစ်စင်းကကြယ်အစစ်မှဟုတ်ပါ့မလားဆိုတဲ့သံသယတွေပေးသွားတယ်..
ပြီးတော့မှ နောက်မှာကြယ်တွေအတွဲလိုက်ကြီုး ခြွေချပစ်တော့တာကိုး..
ကွန်မန့် မှာကြွေသွားတဲ့ကြယ်တွေကလဲကောင်းပ..
ကြယ်ကြွေတဲ့ အချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတော့ ကြယ်တွေကြွေပါစေ
ReplyDeleteလို့  ဆုတောင်းကြပါစို့ …မပန်….ဒါပေမယ့်….ကြယ်တော့မဖြစ်ချင်ဘူး….ဒါပေမယ့် ကြယ်ပါပဲ….သူများတွေ ပျော်ဖို့  ကြွေပေးရဦးမှာပေါ့….။
(အရောင်တွေမပါတဲ့အလင်းရဲ့ရိုက်ခတ်မှုသက်သက်နဲ့
ReplyDeleteလိုချင်ဆန္ဒမဟုတ်တဲ့မျှော်လင့်ချက်သက်သက်နဲ့
ကြယ်တွေကြွေတာစောင့်နေသူလေ.။
သူတို့မှာအသည်းနှလုံးမရှိတော့ဘူး
ပရော်ဖက်ရှင်နယ်အပြုံးလှလှနဲ့
သံတမန်ဆန်တဲ့လှိုက်လှဲမှုတွေပဲရှိမယ်)
ဒါတွေ ခံစားသွားတယ် မပန်ရေ ။
အိမ်သာတက်ခြင်း
ReplyDeleteအင်း.. ပါပြန်ပြီ။
ကောင်းကင်က ပါချလိုက်တဲ့ သိကြားမင်းဟိုဟာတွေ ဆိုလား
ပြိုကျတာမဟုတ်ဘဲ ဝေါကနဲ ပါချမှုမျိုး
အ၀ှါကွဲသွားတာမဟုတ်တဲ့ တရစ်ရစ် နာတာမျိုး
ပါထားတာ ပုံပျက်ယွင်းသွားလား ငါမသိ
အလုံးစုံ ထုတ်ချလိုက်လား ငါမသိ
ယင်ကောင်တွေ မပါတဲ့ တောင်လေရဲ့ ရိုက်ခတ်မှုသက်သက်နဲ့
လိုချင်ဆန်ဒမဟုတ်ပေမဲ့ ပါချင်မှုသက်သက်နဲ့
သိကြားမင်း ပါတာ စောင့်နေသူလေ။
ပါချမှတော့ အသည်းနှလုံး မရှိဘူးပေါ့
မရစ်တရစ်နာတဲ့ အပြုံးလှလှနဲ့
သံတမန်ဆန်တဲ့ အိမ်သာတက်မှုမျိုးပဲ ရှိမယ်
ညဟာညမဟုတ်လာချိန်မှာ
ရေအင်တုံတခုကို သူတို့တင်လွှတ်လိုက်ကြ
တဖြည်းဖြည်းနဲ့ ငါဟာလေထဲက အိမ်သာဖြစ်သွားရော
ငါပါချင်တာ ရေအင်တုံနဲ့လား
ငါပါချင်တာ
ပြီးတော့ ဒီအင်တုံ ပြန်ပြုတ်ကျဦးမှာလား
ငါဟာအသစ်ပုံစံပြောင်းသွားမှာလား
ငါဟာရွေ့ယုံရွေ့သွားမှာလား
သိကြားမင်းကတော့ မှန်မှန်ပါဆဲ။
ပန်ဒိုကုလား
၂၁ နိုဝင်ဘာ ၂၀၀၆
(ဟီးဟီးဟီး စတာနော်)
အင်းခုတလော အနောနမတ်စ် ကွန်မန့်တွေများနေတယ် ကွန်နက်ရှင်ကြောင့်များလား..
ReplyDeleteအနောနမတ် ၁..> ကျေးဇူးပါ.. အလွန်ထိမိတဲ့ ရှုထောင့်နောက်တမျိုးက ခံစားပေးတဲ့အတွက်
ကိုကိုကြီး ခေါ် ကိုစေးထူး > ပေးချင်တာပေး ယူချင်တာယူ ကိတ်ချမချိပါ.. ကြယ်မဖြစ်ချင်တာချင်း တူသလိုပါပဲနော်..
ပုံရိပ် > ကြယ်တွေက အနန္တပါလေ..
မလေး >လာဝင်ကြွေကြည့်လေ သိသွားလိမ့်မယ် ဟဲ
အနောနမတ် ၂.. > လက်ရာက မောင်တက်လက်ရာ ဆန်ဆန်ပဲ.. မူရင်းကဗျာထက် ကောင်းသွားတယ်.. နောက်ဆုံးစာကြောင်းကတော့ ရက်.. စက်.. ပါ.. ဒယ်.. လေ..
ကိုမောင်ရင်..> ကိုမောင်ရင် ကိုယ်တိုင်လည်း ကွန်မန့်လာရေးလိုက်တော့ ကြယ်တစ်ပွင့်ဖြစ်သွားသလို.. ဆိုရင်.. ဘာပြောမလဲ..ဟဲ
လေးမရေ.. > လေးမကတော့ ထောင့်အသစ်က တွေးပြန်ရော.. ဟုတ်တယ် စောင့်ကြည့်သူတွေရဲ့ လျှပ်တပြက် ခံစားမှုအတွက် ကြယ်ကတော့ ကြွေလိုက်ရတာ.
ဂျစ်ဂျစ်.. > ခံစားတာတွေတိုက်ဆိုင်ရင် ယူသာသွားပါလေ
အနောနမတ် ၃.. > ဟင်းဟင်း.. . ညည်းကိုတိနေဒယ်.. နာမည်ရင်း ခန့်ခန့်ကြီး နဲ့ ရေးလိုက်စမ်းဘာ.. ဟင်းဟင်း..
ရှိနေခြင်း၊ ပျောက်ကွယ်ခြင်းဘဝ
ReplyDeleteလောကနိယာမမို့
ကြယ်ကြွေစောလည်း
မနှမျော။
တဒင်္ဂဘဝ
နေရတဲ့ ခဏမှာ
လောကကို အလှဆင်
တောက်ပတဲ့ စွမ်းအင်နဲ့
ကြယ်လေးဘ၀တော့
ငါရချင်။
ပန်ဒိုကုလားရဲ့ အိမ်သာတက်ခြင်း ကဗျာကလည်း ကောင်းသဟေ့.. anonymous ရေ များများတက် ပေး။
ReplyDelete