Technical help

Tuesday, August 7, 2007

ကိုယ့်သမိုင်း

ကိုယ့်သမိုင်း

မအ ခဲ့ပါဘူး
ဒါပေမယ့် မလှ ခဲ့ဘူးကွယ်...

ပြီးပြည့်စုံမှုဝါဒနဲ့
အကြီးစားစိတ်ကူးယဉ်
အိပ်မက်တွေ ငြမ်းဆင်ခဲ့သူပါ...

ရီ မှောင် မည်း ဆို ကြောက်လို့
အနီရောင်လည်း မရဲတောက်ခဲ့ပါ...

လက်တွေ့နဲ့ဝေး
သဘောတရားအတွေး စာကြောင်
ဆရာယောင် ယောင်မိသူပါ...

လူသားဆန်ဆန် မာန်တရားနဲ့
ဟန်တွေကြားမှာ ပေါင်းနုတ်မြောက်စား
လော့ဂျစ်အမှား မကင်းခဲ့သူပါ...

အတ္တ ကိုဖော့တွေး
ပြုပြင်ရေးနဲ့ အကောင်းမြင်ပြောမှ
ကျောချခံခဲ့ရသူပါ...

ကိုယ်တိုင်ရေးအထုပ္ပတ္တိကျမှ
ဖွင့်ချရမယ့်အကြောင်းတွေ
အခုနေတော့ ဝေေ၀၀ါးဝါး
ခွင့်လွှတ်ဖို့ သဘောမထားလည်း
သနားစရာပဲလို့ မှတ်ပေးကြပါ...။

ပန်ဒိုရာ

9 comments:

  1. မပန်ရေ.. ဒါလေးကို အရမ်းကြိုက်တာပဲ ။

    (လူသားဆန်ဆန် မာန်တရားနဲ့
    ဟန်တွေကြားမှာ ပေါင်းနှုတ်မြောက်စား
    လော့ဂျစ်အမှား မကင်းခဲ့သူပါ...

    အတ္တ ကိုဖော့တွေး
    ပြုပြင်ရေးနဲ့ အကောင်းမြင်ပြောမှ
    ကျောချခံခဲ့ရသူပါ...)

    ဒီ၂ပိုဒ်ကို အကြိုက်ဆုံးပဲ ။

    ReplyDelete
  2. မပန်ရေ ဒီကဗျာလေးဖတ်ပြီးတမျိုး ဖြစ်သွားမိတယ်
    တစ်ခွန်းထဲပြောမယ်။
    အရမ်းနှစ်သက်မိတယ်
    ကျွန်တော့် စိတ်ကူးနဲ့ ထပ်တူလိုခံစားမိတယ်။

    ReplyDelete
  3. ကြိုက်တယ်ဗျာ။ ခွင့်လွှတ်တယ်မလွှတ်ဘူးပြောရအောင် အပြစ်မှမဟုတ်တာ။ သနားတယ်ပြောရလောက်အောင်ကလည်း ကိုနဲ့ဘ၀တူတွေလို့ မြင်မိပါတယ်။ ဒါခေတ်ပျက်မှာလူဖြစ်ရတဲ့ သူတိုင်းအတွက် ခံစားချက်နဲ့တိုက်ဆိုင်နေမယ်ထင်တယ်။ ပိုးဝက် ကဘာပြောချင်တာလဲ မသိဘူး။ သားကတော့ ကိုယ်ထင်သလိုခံစားလိုက်တာ။

    ReplyDelete
  4. ကျွန်တော်တို့ လဲပုထုဇဉ်တွေဆိုတော့ထိုနည်း၎င်းပါဘဲ..အရေးကြီးတာက ကျွန်တောတို့ ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိက တပါးသူမျက်ရည်တွေနဲ့ ရေးမထားဖို့ ပါဘဲလေ..

    ReplyDelete
  5. မပန်ရေ.. ထွတယ် လို့ ပဲပြော ပါရစေ။

    ReplyDelete
  6. ပန်..
    သိပ်ကို ထိတဲ့.. မှန်တဲ့ ကဗျာ..
    သိပ်လှတာပဲ..အကြိုက်ဆုံးဖြစ်သွားပီ။

    ReplyDelete
  7. ခုမှ ကြည့်မိတယ်။ ထိတယ် လို့ပြောတာ။ မွှားတွားလို့ ဟီး ဟီး။

    ReplyDelete
  8. မအဘူး မလှဘူး တဲ့ သိတယ် ဂွတော့ကျတတ် တယ်ဆိုတာ..
    ငြမ်းတွေအခုထိ မဖြုတ်ရသေးဘူးလား.
    အပြာရောင်ည တွေမှာ ပျော်မွှေ့ခဲ့တာလည်း ထည့်ပြောဦးမှပေါ့. ဟွန်း.
    အော် ကဗျောင်ဆရာကိုး.
    ပေါင်းနုတ်မြောက်စား အပြင် အစာကို လည်းကြေညက်အောင်စား.
    ကျေးဇူးပြု၍ ငါးမိနှစ်လောက် နားထောင်ပေးပါ နောက်ကျောကို ဓါးနဲ့ ထိုးတတ်တဲ့ တက်စလာ အကြောင်းပြောချင်ပါတယ်.
    ကျွတ်ကျွှတ်ကျွှတ်.....
    အဟိ သမိုင်း လာဖျက်တာဗျို့..
    ချတာ ချတာ... ကောင်းလိုက်တဲ့ ကိုယ့်သမိုင်းဗျာ ကြုံရင် ကိုယ့်ပထ၀ီလေးလည်း ရေးပေးပါဦးလို့ တိုက်တွန်းပါတယ်. ;P
    ဒါကအတည် ကဗျာလေး ကြိုက်တယ် ဒေါ်ဂျီးပန်. :)

    ReplyDelete
  9. ဂျစ်. မောင်ဂေါက်.. ကျေးဇူးပါ
    ရွက်ဝါ.. ထင်သလို ဆင့်ပွား ခံစားနိုင်ပါတယ်
    ကိုမောင်ရင် .. သေချာတာပေါ့ဗျာ.
    ပုံရိပ်.. မွှားသွားလည်း ကိတ်ချ မချိပါဝူး. ကင်းမြီးကောက်ထောင် ဖတ်ပါ့မယ်
    ဆရာမ .. ကြိုက်တယ်ဆိုလို့ ၀မ်းသာမိတယ်
    မောင်တက် .. ဂွကျဆို ရှမ်းဘောင်းဘီ ၀တ်ထားတာကိုး.. ကိုယ့်ပထ၀ီလည်း ရေးပါ့မယ်.ဟဲဟဲ

    ReplyDelete