Technical help

Monday, August 13, 2007

တနင်္လာနေ့ ဂါထာ

တနင်္လာနေ့ ဂါထာ

တနင်္လာနေ့ မှာ အလုပ်လုပ်ရတာ မုန်းနေသူများအတွက် အစစအရာရာ အဆင်ပြေစေမယ့် ဂါထာတော်ကြီး လက်ဆောင် ပေးလိုက်ပါတယ်။

ဂွတ္တ မောနန္ဒ မန္ဒေ
မေ မိန္ဒ ယောဘ လဗမ္မိ
မေ မိန္ဒ ဘောစ ဟဂမ္မိ
လေစ မုဗ တုဒေစ ၀ါက တု တုမောယရ

မြန်မာပြန်

အို.. မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော တနင်္လာနံနက်
ငါ၏ အလုပ်သည် ချစ်ခြင်းတို့ ငါ့အားတည်စေသတည်း
ငါ၏ အမှုဆောင်သခင် ပွေ့ဖက်ခြင်းတို့ ငါ့အား တည်စေသတည်း
ယနေ့ ဆောင်ကြဉ်းရာ အမှုကိစ္စများ မနက်ဖြန် ပြီးမြောက်ခြင်းဖြင့် ဥာဏ်အလင်း ပွင့်ကြကုန်လော့။

(တင်စားပြီး မြန်မာပြန်ထားလို့ နားမလည်သေးပါက သိုးဆောင်းစကားဖြင့် အောက်ပါအတိုင်း အနက်ဖွင့်နိုင်၏။)

Good morning Monday!
May my job love me.
May my boss hug me.
Let’s move today’s work to tomorrow.

(ဂါထာနှင့် ပြန်လည် တွဲယှဉ် တဖွဖွ ရေရွတ်ကြကုန်။)

ပန္ဒိုရာ

13 comments:

  1. ဟား ..ဟား ...ဟား ...
    အေးရော ... ပါဌ်ဆင့်တွေ ဘာတွေနဲ့ ဆိုတော့ အဟုတ်မှတ်နေတာ ...
    မဟုတ်မဟတ်ဂါထာပဲဗျ ... ရီလိုက်ရတာ အူကိုနာရောပဲ ... တတ်လည်း တတ်နိုင်ပါ့ဗျာ ...
    ကြံကြံဖန်ဖန်ဒေါ်ဂျီးပန် ... ဆလံခါခါ သပါသည် ...

    ReplyDelete
  2. မပန်... ဟားဟား

    ရီရတယ်ဗျို့ ။ အလုပ်ထဲ တဟီးဟီးနဲ့ ပါးစပ်ပိတ်ပြီး မနည်း အသံမထွက်အောင် လုပ်နေရတယ် ။

    ReplyDelete
  3. It's just another manic Monday
    I wish it was Sunday
    'Cause that's my funday
    My I don't have to runday
    It's just another manic Monday ....

    ဆိုတဲ့ Bangles နောက်တစ်ပုဒ်များလားလို့ …
    တကယ့်Maniacလို ရုံးပြန်တက်ရတဲ့ တင်္နလာနေ့ ကိုပေါ့ပေါ့ပါးပါးလေးလုပ်ထားတာ…ဖတ်ရတာတောင်နောက်ကျသွားတယ်..
    နောက်တင်္နလာတွေအတွက်ပေါ့….

    ReplyDelete
  4. အဟားဟား
    အဟတ်ဟတ်

    ရီနေရတယ်ဗျာ.
    မပန်တို့ကတော့ ထွင်လည်းထွင်တတ်ပါပေတယ်.

    ReplyDelete
  5. မေ မိန္ဒ ဘောစ ဟဂမ္မိ
    May my boss hug me.

    အီးဟီး အဲဒါကြီးက ကောင်းဘူး ပြန်ပြင်ပေး :P

    ReplyDelete
  6. အင်္ဂါသားအတွက် အင်္ဂါနေ့ဂါထာများ ချီမြှင့်ပေးပါရန် တောင်းဆိုအပ်ပါသည် ...

    ReplyDelete
  7. ဂါထာကို တဖွဖွရွတ်ပြီး....အလွတ်ကျက်သွားပါတယ်…မပန်….
    ခစ်….ခစ်….ခစ်….

    ReplyDelete
  8. မပန်.. u've got me.. ဒီမိုက တကယ်ထင်နေတာ.. ပါနိလိုတွေ မဖတ်တတ်လို့ တကယ်ကြိုးစားပြီးဖတ်နေတာ.. ခုမှ သေချာပြန်ရွတ်ရင်း ရွတ်ရင်း ရယ်နေရတယ်.. ဟားဟား.. မပန်တို့ကတော့.. တကယ် တော်တယ်.. =)

    ReplyDelete
  9. ဆရာ မောင်သာနိုးတို့(လား ဦးတင်မိုးလား မမှတ်မိတော့ပါဘူး) ပြောတဲ့ ရိုမန္တိကာ (Romantic) တို့ ပနောရမ (Panoramic) မြင်ကွင်းတို့ကို သတိပြန်ရလာတယ်။

    ReplyDelete
  10. ဟုတ်ပါ၏ အင်္ဂါသား များ အတွက် စုတ်ရော လာဘ် ပါပွင့် တဲ့ ဂါထာလေးများ ချီးမြှင့် ပါဦး ဟတ် ဟတ်

    ReplyDelete
  11. ဂွတ္ထမောနန္ဒေ ဆိုကတည်းက ပန်ပန်တို့ လုပ်ချလိုက်ပြန်ပြီလို့ ထင်မိသား။ ဒါပေမဲ့ အဓိပ္ပါယ်ကို သေချာမပြန်နိုင်ဘူး။
    အောက်မှာဆက်ဖတ်လိုက်ပြီး သိုးဆောင်း ဘာသာပြန်ကိုတွေ့တော့မှ ရယ်လိုက်ရတာ ... ရယ်ရင်းနဲ့ သီးပြီး ချောင်းပါဆိုးတယ်။ ဒေါ်ပန်ပန် ... ဒါမျိုးတွေ တော်တော်တတ်။

    (ဒီနေ့မှ ဖတ်ဖြစ်လို့ ကွန်မန့်အရေး နောက်ကျသွားတာ)

    ReplyDelete
  12. ဟဲဟဲ.. ဂါထာကြီး အားပေးကြသူများ ကျေးဇူးပါ..
    May my boss hug me. က ပန်ဒိုရာအတွက်တော့ ကိစ္စမရှိ . lady boss ကိုး။ ဒီတော့ ပြင်ဘူး။
    အလစ်မိသွားသူများ ချောတီးပါ။
    ဆရာမောင်သာနိုးရဲ့ ရိုမန္တိက တွေကို သတိရလို့ ရေးတာပါပါတယ်။
    အင်္ဂါသားများ အင်္ဂါနံနဲ့အညီ စေ့စေ့စပ်စပ် စူးစိုက် စဉ်းစား ပါရစေဦး။

    ReplyDelete
  13. ပန်ဒိုရာရဲ့ ဂါထာကို ဖတ်လိုက်တော့ ကျနော် အရင်က ရေးဖူးတဲ့ စာတစ်ပုဒ်ကို ပြန်သတိရသွားတယ်

    http://byakga.blogspot.com/2008/05/blog-post_6697.html

    ReplyDelete