Technical help
Monday, August 27, 2007
ဒီမြို့ထဲမှာ -၂
ဒီမြို့ထဲမှာ -၂
ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိပ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။
ပန်ဒိုရာ
4 comments:
  1. "ယုံကြည်ချက်ဆိုတာ
    မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
    မရှင်သန်နိုင်ဘူး"
    ကြိုက်တယ်။ အရမ်း။
    ReplyDelete
  2. မီးစာကုန် ဆီခန်းတော့
    ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
    မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
    ယုံကြည်ချက်ဆိုတာ
    ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
    ဖုန်တထောင်းထောင်းထသွား
    အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
    လွယ်အိပ်ထဲက လက်ကျန်အကြွေတွေ
    မရှင်သန်နိုင်ဘူး
    ကဲ ဘာဆက်လုပ်ကြမလဲ
    ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
    ဘယ်သူမှ ထမကောက်ကြဘူး
    အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
    လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
    အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
    ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။
    လက်ဆော့ကြည့်တာ… မူရင်းကို ပျက်အောင် လုပ်မိရင် ဆောတီးဗျို့… ဖဲထုပ်ဆိုတာမျိုးဟာ ဘယ်လို Shuffle လုပ်လုပ် သူရဲ့ Property က မပျက်သွားတဲ့ အပြင် Exciting ဖြစ်လာသေးတာပဲ။
    ReplyDelete
  3. လ္ဘက်ရည်တောင် သောက်ချင်စိတ်ပေါက်လာပြီ....
    အုတ်ခဲကျိုးရောင်နဲ့
    ReplyDelete
  4. ရွက်ဝါ.. တိုက်ဆိုင်ရင် ကြိုက်နိုင်ပါတယ်
    ကိုအန်ဒီ.. သဘောကျတယ်ဗျ.. ပိုတောင် ဟုတ်သွားသေး
    ဒီဝိုင်း.. သောက်ချင်ရင် နောက်နေ့တွေလည်း လာသောက်ပါ
    ReplyDelete