Technical help
Thursday, August 30, 2007
ဒီမြို့ထဲမှာ - ၆
ဒီမြို့ထဲမှာ - ၆
မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။
ပန်ဒိုရာ
^Byronic unhappiness
2 comments:
  1. အုတ်ခဲရင့်ရောင်မိုး၊ အုတ်ခဲ့ရင့်ရောင်သောက်သုံးခြင်း…….
    အဲသလို……
    အုတ်ခဲရင့်ရောင် တစ်ခါမြင်တိုင်း
    ရင်တစ်ချက် ဆောင့်ခုန်တယ်..
    လွမ်းမိတယ် တစ်ခါတစ်ရံပေါ့
    ဘယ်တော့မှ မြန်မရနိုင်မယ့်
    နာရီလက်တံတွေရဲ့ တစ်ဘက်ကိုလေ….။
    ReplyDelete
  2. မပန်ရေ...
    ဘိုင်ရွန်ဆန်ဆန်မပျော်ခဲ့တဲ့မြို့ကစခဲ့ပြီး
    နောက်တော့
    အဲလ်ဘတ်ထရော့စ် အရိပ်တွေ ထင်နေခဲ့တဲ့မြို့မြင်ခဲ့တယ်။
    သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
    ဖြတ်ခနဲ အက်ရာထင်သွားတဲ့မြိုးထဲလည်းဝင်ခဲ့ရဲ့။
    နောက်တစ်မြို့အရောက်မှာ..
    ရင်ဘတ်အောင့်နေတဲ့နံရံကိုဝင်တိုးမိခဲ့သေးတယ်။
    ဒီမြို့ထဲမှာတော့
    အချင်းချင်း ကုတ်ခြစ်ဖို့
    မာန်ဖီသံတွေကြားနေရတယ်။
    အမနဲ့နောက်တမြို့ဆက်လိုက်ခဲ့ပါအုံးမယ်...
    ခင်မင်စွာဖြင့်
    ယူဆဂိ
    ReplyDelete