Technical help

Tuesday, September 4, 2007

အမှန်တရား

အမှန်တရား

အမှန်တရားဆိုတာ တစ်ခုပဲရှိရမယ်
လူတစ်ယောက်ကပြောတယ်
ဟုတ်တယ်.. တစ်ယောက်အတွက် တစ်ခု
တစ်ယောက်မက အတွက်ကျတော့ တစ်ခုမက ဖြစ်ဖြစ်သွားတယ်
လူတွေ များများလာတော့
သူလည်းမှန် ကိုယ်လည်းမှန် အားလုံးမှန် မှန်မှမှန်
အမှန်တရားတွေ များများ လာ
ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက် အတွက်ကတော့ တစ်ခု ပဲရှိရမှာပဲ
ဟုတ်ကဲ့ .. သူတို့ထပ်ပြောကြပြန်တယ်
ဒါနဲ့ ငါ့ အမှန်တရားက ဘယ်ဟာလဲ
ရှာဖွေလိုက်တဲ့အခါ
တစ်ယောက်ကိုတစ်ခုပဲ ဝေပုံချတဲ့ အမှန်တရားကို
ငါ့ကြားထဲမှာ တစ်ခုမက တွေ့လိုက်ရတော့
ဘုရားဘုရား.. ငါဟာ "တစ်ယောက်" မဟုတ်ပါလား
ငါဟာဘာလဲ ငါပျောက်ဆုံးသွားခဲ့တယ်...။

ပန်ဒိုရာ

10 comments:

  1. အမှန်တွေပိုနေရင်..တခု၂ခုလောက်..

    ReplyDelete
  2. That is indeed the reality that we lost track of truth & that we are all combination of pieces of truth.

    Miss you sis.

    ReplyDelete
  3. မပန်.. ရေ..
    မိုက်ပြန်ပြီ.. ဘာလို့ ဒီလောက် မှန်တာတွေ ပြောနေတာလဲ.. =) i like this..

    ReplyDelete
  4. မပန်ရေ.. ကိုယ့်ဘာသာ တဒင်္ဂပျောက်ဆုံးနေသူ တယောက်အနေနဲ့ ဒီကဗျာကို အရမ်းပဲ နှစ်သက်စွာ ခံစားသွားတယ် ။

    ReplyDelete
  5. အားပါး... မပန်ရေ..
    ကောင်းလိုက်တဲ့ အမှန်တရားတခုပါလား..

    "တစ်ယောက်ကိုတစ်ခုပဲ ဝေပုံချတဲ့ အမှန်တရားကို
    ငါ့ကြားထဲမှာ တစ်ခုမက တွေ့လိုက်ရတော့
    ဘုရားဘုရား.. ငါဟာ "တစ်ယောက်" မဟုတ်ပါလား
    ငါဟာဘာလဲ ငါပျောက်ဆုံးသွားခဲ့တယ်...။"

    ဒါနဲ့.. ကိုယ်အတွက် အမှန်တရား.. တခုကိုတောင်မှ ရှာမတွေရင်.. ဘယ်လိုလုပ်ရမလဲဟင်...

    ReplyDelete
  6. မပန်ရေ.. ကျွန်တော်လည်း ကိုယ့်ဘာသာတူးဆွက်ြည့်တော့ အမှန်တရား တစ်ခုမက ရှာဖွေတွေ့ရှိကြောင်းပါ။

    ReplyDelete
  7. အမှန်တရားက တစ်ယောက်တစ်ခုဆိုရင်… အမှားကျတော့ တစ်ယောက်ဘယ်နှစ်ခု ခွဲတမ်းရလဲ …. အရီးလေးပန်ရယ်…..ပြောပြပါကွယ်….။

    ReplyDelete
  8. အမှန်တရား လက်ကားပေးမည်။
    အမှားတရံ လက်လီရောင်းမည်။
    အမှား၊ အမှန် ဘာမှန်းမသိ အလကားပေးမည်။

    ReplyDelete
  9. မလေးပန်ရေ... အမှန်တရား သိုးလေး မရှာတတ်သေးဘူး။ သင်ပေးဦး။

    ReplyDelete
  10. မကေ.. ယူသွားပါ ပိုနေတာပဲ ဟဲဟဲ
    မလေး ဒီမို..ဂျစ်ဂျစ် .. သန့်ဇော်မင်း ညီညီ တိုက်ဆိုင်ရင်လည်း ကြိုက်နိုင်ပါတယ်
    လေးမ.. အမှားက ခွဲတန်းမရှိ ကြို့က်သလောက်ရတယ် တဲ့.. ဟဲဟဲ
    ကိုရဲမွန်.. အမှန်တရား၏ အကျိုးဆောင်ပါလား
    သိုးမလေး.. ကိုရဲမွန်နဲ့ပဲ ဆက်သွယ်လိုက်ပါနော်

    ReplyDelete