Technical help

Friday, February 15, 2008

Valentine

ဗယ်လင်တိုင်း

နှင်းဆီပွင့် နဲ့ ချောကလက်ချိုခါး သိင်္ဂါရမွှမ်းထားတဲ့ စိတ်ကူးလှလှ ဗယ်လင်တိုင်း

တီတီတာတာစုံတွဲတြွေကား အားကျပျော်ရွှင် မုဒိတာဝင်တဲ့ ဗယ်လင်တိုင်း

တစ်ယောက်မျက်နှာ ကိုယ်စီတစ်ယောက်ကြည့်လို့ ရင်ခုန်သံထပ်တူကျတဲ့ ဗယ်လင်တိုင်း

ကိုယ့်အနားရှိစေချင်လည်း ရွှေပင်လယ်ကြီး ဆီးကာထားလို့ တရွာခြားနေတဲ့ ဗယ်လင်တိုင်း

အနက်ရှိုင်းဆုံး တံဆိပ်ခတ်ထားလို့ စက္ကန့်တိုင်းအတွက် ထာဝရ ဗယ်လင်တိုင်း

သူ မရိပ်မိလည်း တိတ်တိတ်ကြည်နူး အုံ့အုံ့ပုံးပုံး ပြုံးနေရတဲ့ ဗယ်လင်တိုင်း

အချစ်ဆိုတာ ဘယ်တော့မှမမှားဘူး ဆိုတဲ့ ရူးရူးမိုက်မိုက် မူးမူးငိုက်ငိုက် ဗယ်လင်တိုင်း

နှလုံးသားထက် တခြားအရေးတွေခက်လို့ ဦးစားမပေးနိုင်သေးတဲ့ ဗယ်လင်တိုင်း

တစ်ယောက်ကိုအဖြေပေးလိုက်လို့ နောက်တစ်ယောက်ကဆွေးရတဲ့ ဗယ်လင်တိုင်း

ခံစားရသမျှ ဖွင့်ဟပြောမိလို့ ငယ်စာရင်းပျက်သွားတဲ့ ဗယ်လင်တိုင်း

အသည်းနှလုံးစကားဝိုးတ၀ါး မကြားနိုင်သေးလို့ ဆုံးဖြတ်ရခက်နေတဲ့ ဗယ်လင်တိုင်း

သူများပျော်လို့ မပျော်နိုင် သက်ပြင်းချကာ ရှာဖွေမှိုင်နေရတဲ့ ဗယ်လင်တိုင်း

ဒီအချိန်ရောက်တိုင်းသတိရ အတိတ်က တစ္ဆေခြောက်နေတဲ့ ဗယ်လင်တိုင်း

ရင်ခုန်သံတွေအေးစက် အကြည်ဓာတ်ပျက်သွားကြတဲ့ ဗယ်လင်တိုင်း

ပြီးဆုံးသွားပေါ့ အစားထိုးမရ နောက်ကျသွားတဲ့ ဗယ်လင်တိုင်း..…။

ပန်ဒိုရာ


(တစ်ခုခုတော့ တိုက်ဆိုင်မှာပေါ့နော်။ တစ်ခုမကလည်း ဖြစ်နိုင်တာပဲ။)




10 comments:

  1. ဘာဘယ်လင်တိုင်းမှန်းတောင် မသိလိုက်ပါဘူးမမရယ် .. ကိတ်မုန့်စားကြတဲ့ဗယ်လင်တိုင်း .. ချောကလက်စားကြတဲ့ဗယ်လင်တိုင်း ..ရည်းစားဆီ က လက်ဆောင်ရတဲ့ဗယ်လင်တိုင်း .. အဲ့လိုဟုတ်ဘူးလား :-P

    ReplyDelete
  2. ဗယ်လင်တိုင်းစိတ်ကူးလေးကလှတယ်။ တခုတော့မကဘူးလေ။ ပန်ဒိုရီနဲ့ပန်ဒိုရာအတွက် "အနက်ရှိုင်းဆုံး တံဆိပ်ခတ်ထားလို့ စက္ကန့်တိုင်းအတွက် ထာဝရ ဗယ်လင်တိုင်း" ဖြစ်ပါစေလို့။

    ReplyDelete
  3. Candle light dinner လေးတွေ မကြာခဏ စားခွင့်ရတဲ့ ဗမာပြည်က ဗယ်လင်တိုင်း

    ReplyDelete
  4. နှစ်ကြောင်းမြောက် ပေါ့ အရီးပန်ရယ်..။ တိုက်ဆိုင်လိုက်ပုံများနော်...။

    ReplyDelete
  5. တိုက်ဆိုင်လိုက်ပုံများကွာ...
    ဖေဖေါ်ဝါရီ ၁၄ ရက်...
    ဆွေးချက်က ရင်နင့်စရာ...။

    ဒါပေမယ့်... တောင်ငူကိုတော့ မသွားခဲ့ပါဘူး။ :-D

    ReplyDelete
  6. မျောက်ကလေး၃ကောင်နဲ့ ရှုပ်ပြီး ဘယ်လိုမှ တိုင်း (Time) မရလိုက်တဲ့ ဗယ်လင်တိုင်းး...:P

    ReplyDelete
  7. ချစ်သူများအတွက် နေ့တိုင်း ဗယ်လင်တိုင်း ဖြစ်ကြပါစေ..
    ကွန်မန့်ကို ပြန်ရေးတာ နောက်ကျသွား ဆောရီး
    ဒါပေမယ့် ဗယ်လင်တိုင်းဆိုတာ အမြဲရှိနေမှာပါနော်...။

    ReplyDelete
  8. ဒုက္ခပါပဲ..ဒီဥစ္စာနဲ့မှ သွားတိုက်ဆိုင်နေရတယ်လို..:P

    “သူများပျော်လို့ မပျော်နိုင် သက်ပြင်းချကာ ရှာဖွေမှိုင်နေရတဲ့ ဗယ်လင်တိုင်း“

    ReplyDelete
  9. တစ်ခါမှ မဖတ်ဖူးပေမဲ့ ကြိုက်တယ်...

    ReplyDelete
  10. ဟိုကဒ်တော့မထိတော့ပါဘူး..
    နှင်းဆီဖြူလေးတော့.. ပထမဆုံး ပေးတယ်လို့ပြောထားလို့..ခုမှ နောက်ဆုံးက..လာကြည့်ပြီး.. ကြည်နူးသွားတယ်။ ချစ်ခင်သူတိုင်းအတွက်..

    ReplyDelete