Technical help

Thursday, March 27, 2008

27 Mar 2008

လွန်ခဲ့တဲ့ခြောက်ဆယ့်သုံးနှစ်က ဒီလိုနေ့
အစစ်အမှန် လွတ်လပ်ခွင့် အတွက်
တပေါင်းလေရူးနဲ့ ရွက်ဝါတွေကို ဖွင့်လို့
ယမ်းငွေ့တွေ ရဲရဲ ၀ဲလွှင့်လိုက်ခဲ့ကြတယ် တဲ့….။

ငါ့အတွက်တော့
ပုဂ္ဂလိက အခန်းငယ်လေးရဲ့
ပြတင်းတံခါးကို မရဲတရဲလှစ်ဟ
ငါ့ဝိညာဉ်အစကလေးကို
ဆွဲထုတ် ဖြေချ ၀ဲလွှင့်လိုက်တယ်…။

အဲဒီ့မတိုင်ခင်ကတော့
မျှော်လင့်ချက်နဲ့ရှင်သန်ခြင်းရဲ့အဘိဓမ္မာ
ကျမ်းစာတွေထဲမှာ ရှာလို့ရလိမ့်မယ်လို့
ငါထင်ခဲ့မိတာပေါ့…။

ထိတွေ့မရတဲ့ အသံတွေရဲ့အားဟာ
နယ်ခြားဖြတ်ကျော်တုန်ခါစွမ်းဆိုတာနဲ့
ဆက်စပ်ပတ်သက်လာမှာမဟုတ်ဘူးလို့
ငါထင်ခဲ့မိတာပေါ့…။

ကမ္ဘာအတုနဲ့အစစ်ကြားမှာလည်း
ခလုတ်နှိပ် ဖွင့်ပိတ်နိုင်တဲ့ ဗလာနယ်ပဲရှိမယ်လို့
ငါထင်ခဲ့မိတာပေါ့…။

မြင်းဖြူကြီး ဒုန်းစိုင်းစီးလာတဲ့
ချပ်မိန်ညို ၀တ်ဆင်ထားသူ ဆိုတာလည်း
ဒဏ္ဍာရီထဲမှာပဲ ရှိလိမ့်မယ်လို့
ငါထင်ခဲ့မိတာပေါ့…။

ငယ်ငယ်က ရေးခဲ့တဲ့ ပန်းချီကားတွေ
မက်ခဲ့ဖူးတဲ့ အိပ်မက်တွေထဲက ၀ိုးတ၀ါးအရိပ်တွေ
ရှုရှိုက်ခဲ့ဖူးတဲ့ မိုးဦးကျမြေသင်းနံ့တွေ
မျှော်ကြည့်ခဲ့ဖူးတဲ့ ကောင်းကင်က စွန်ကလေးတွေ
ဖုတ်သွင်း လှုပ်ရွ တေးသီ ထက ကြလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့မိမှာလဲ…။

အခုတော့…
သက်ပြင်းတွေကို မှုတ်သွင်းမျိုချရင်း
ယုံကြည်မှုတွေ အားတင်းပေးခဲ့တဲ့ အလင်းအိမ်တစ်ခုရယ်…
ငါမတ်မတ် ဆက်ရပ်ဖို့ ခြေကိုစမ်းနေဆဲ
ဟင်းလင်းပြင်ထဲကို ဟစ်အော် ကြေညာလိုက်မယ်
ဒီကနေ့ပဲ ဟောဒီနေရာရဲ့ ရှင်သန်ခြင်း တစ်နှစ်တင်းတင်းပြည့်တယ်…။ ။


ပန်ဒိုရာ



25 comments:

  1. အမရေ ...

    ဒီဘလောဂ့်လေးကြောင့် ဂျစ် တို့ ဆုံခွင့်ရခဲ့တာ ။ တကယ့်အမကြီးတယောက်လို တိုင်ပင်ဖော် တိုင်ပင်ဖက် အကြံကောင်းတွေပေး ၊ စိတ်ပူပန်ပေးတတ်တဲ့ အမကြီးတယောက်ကို ကောက်ရလိုက်တဲ့ ဒီနေရာလေးကို ထာဝရ အားပေးနေမှာပါ ... ။

    ပန်ဒိုရာရဲ့ သေတ္တာလည်း နောင်နှစ်ပေါင်းများစွာထိ ပဲ့တင်သံတွေနဲ့ ရိုက်ခတ်နေဦးမှာပါ ။

    ReplyDelete
  2. တော်တယ်။ ဘလော့တနှစ်ပြည့်တာကိုတောင် ရေးတတ်လိုက်တာ။ ကဗျာဆုံးမှ သိရတော့တယ်။ ဆက်လက်ပြီး ဇွဲရှိရှိနဲ့ ဘလော့ခြင်း ဆက်လုပ်နိုင်ပါစေ။

    ReplyDelete
  3. မပန်ရေ - ပြောင်မြောက်တဲ့ ကဗျာရေးဖွဲ့မှုနဲ့အတူ အတိတ်ရဲ့ နေ့စွဲတွေကို ကျွန်တော်တို့ပါ ကူပြီးမြင်ယောင်ပေးမိတယ်။ ပြက္ခဒိန်စာမျက်နှာတွေ ရှိနေသမျှတော့ ပန်ဒိုရာရဲ့ ပန်ဒိုရာကို အားပေးလျက်ပါအစ်မ။

    ReplyDelete
  4. ~~ကမ္ဘာအတုနဲ့အစစ်ကြားမှာလည်း
    ခလုတ်နှိပ် ဖွင့်ပိတ်နိုင်တဲ့ ဗလာနယ်ပဲရှိမယ်လို့
    ငါထင်ခဲ့မိတာပေါ့…။~~

    အဲဒီ့စာသားကို ကြိုက်တယ်ဗျာ..။ ကျွန်တော်လည်း အဲဒီ့နေ့အတွက် ခံစားထားတာရှိတယ်..။ အခြေအေနေ ပေးရင် လာရောက်မျှဝေလှည့်ပါလို့ ဖိတ်ခေါ်ပါတယ် :)

    ReplyDelete
  5. ကောင်းတယ်ဗျာ။

    `အတိတ်ကိုသာ ချန်ထားလို့ရစတမ်းဆိုရင်
    အဲဒီ ငါ ဆိုတာလည်း မရှိတော့ဘူး´

    ReplyDelete
  6. စည်းခြားမဲ့တဲ့မီဒီယာထဲ
    ရှင်သန်ခြင်းတွေ ခင်းဖြန့်  ခဲ့တာ
    ရာသီစက်ဝန်း တစ်ပတ်ကျော့ပြီ..
    ယနေ့ ..မှ…သည်…
    ရှင်သန်ခြင်းတွေ၊လတ်ဆတ်လန်းစွာ
    ရာသီအလီလီ နှစ်ရှည်ချီဖို့ 
    ဆုမွန်ကောင်းတွေ…ချွေ ခဲ့တယ်…

    တစ်နှစ်အတွင်း ပိုစ့် ပေါင်း ၁၇၄ ပုဒ် ဆိုတော့ ၂ ရက်ကို တစ်ပုဒ်နှုံး တင်နိုင်အောင် ရင်းနှီး စိုက်ထုတ်ခဲ့ရတဲ့ ဥာဏ ၊အချိန် နဲ့  စေတနာတွေကို ကျေးဇူးတင်စွာ အသိအမှတ်ပြု လျက်…

    မောင်ရင်

    ReplyDelete
  7. 'Happy blog birthday' ပါ မပန်ဒိုရာ...
    ရှင်သန်ခြင်းတွေ ထာဝရ ဖြန့်ခင်းထားနိုင်ပါစေ...

    ReplyDelete
  8. စိတ်ထဲမှာ နှစ်ပေါင်းများစွာထဲက လက်ပွန်းတတီးနေခဲ့တဲ့ ငယ်ပေါင်းBlogလေးလို ခံစားရတော့ တနှစ်ထဲရှိသေးတယ်လို့တောင်မထင်ဖူး။ ပန်ဒိုရာရဲ့ အားကောင်းတဲ့အနုပညာအစွမ်းတွေ နောင်နှစ်ပေါင်းရာထောင်သောင်းထိ blogကမ္ဘာကို လွှမ်းမိုးနိုင်ပါစေ။ Blogလေး အသက်ရှည်စွာ၊ အနာမဲ့ကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  9. ဘလော့မှ သိပေမယ့် အပြင်မှာပါ ရင်းနှီးသလိုခံစားရပါတဲ့ ပန်ဒိုရာ … တနှစ်ဆိုတဲ့အချိန်အတွင်းမှာ စာကောင်းများစွာ ရေးထုတ်နိုင်ခဲ့သလို့ ဘဘော့ကာ အသစ်တွေကိုပါ အားပေးနိုင်ခဲ့တဲ့ ပန်ဒိုရာ…
    ကျွန်တော် စာစရေး မလို့လုပ်တဲ့အချိန် ဆက်ရေးဖို့ အားပေးခဲ့တဲ့ ပန်ဒိုရာ…

    နောင် နှစ်ပေါင်းများစွာ ပန်ဒိုရာ ဆက်လက်ရှင်သန်နိုင်ပါစေ။

    အားပေးလျက်ပါ။

    ReplyDelete
  10. Happy Blog Birthday par ma pandora.
    I 'm one of the reader of ur' bolog.
    I always spend my times before I slept the blogs of you all.

    ReplyDelete
  11. စားမြုံ့ ပြန်ချင်တဲ့ အတိတ်တွေအားလုံးဟာ ဖုတ်သွင်း လှုပ်ရွ တေးသီထက.
    တခါတခါ သက်ပြင်းတွေကို မှုတ်သွင်း မျိုချ..
    ရှင်သန်ခြင်းတွေကို ဆွဲထုတ်ဖြေချဘို့…
    ကဲ ကဲ…
    အဲ့ဒီ ၀ိဥာဉ် အစကလေးကိုပဲ. ၀ဲ.. ရဲရဲ သာ ဆက်လွင့်..။ ( ရီမစ်စ်ဆုတောင်း :D )

    ReplyDelete
  12. အကြောင်းထွေထူး၊ တပေါင်းလေရူး
    မြူးဆော့သောအခါ……….ဒန်တန့်ဒန်

    ReplyDelete
  13. 'Happy blog birthday' ပါ ဒေါ်လေးရေ့ တစ်နှစ်ပြည့်အမှတ်တရ ပို့ စ်လေးကို ကဗျာလေးနဲ့ ရေးဖွဲ့ ထားတာကို အရမ်းလေးစားတယ်ဗျာ ကဗျာလေးကလည်းတော်တော်ကောင်းတယ် ။
    ဟင်းလင်းပြင်ထဲကို ဟစ်အော် ကြေညာလိုက်မယ်
    ဒီကနေ့ပဲ ဟောဒီနေရာရဲ့ ရှင်သန်ခြင်း တစ်နှစ်တင်းတင်းပြည့်တဲ့ နေ့ မှသည် နောက်ထပ် နှစ်များစွာတိုင် ဘလော့နိုင်ပါစေဗျာ စာကောင်းတွေကိုလည်း စောင့်မျှော်အားပေးလျှက်ပါ.......။

    ReplyDelete
  14. အော် ဘလော့ဂ်လေး ရှင်သန်ခြင်းတစ်နှစ်ပြည့်ပေါ့
    ဟက်ပီးမွေးနေ့နော် ဘလော့ဂ်လေး
    ဘလော့ဂ်ပိုင်ရှင်လဲ ဘလော့ဂ်လေးနဲ့ အတူ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ရင်း ဘလော့ဂ်ပင်လယ်ပြင်ကြီးမှာ တက်ကုန်ဖွင့်လို့ ရွက်စုံလွှင့်နိုင်ပါစေဗျာ :)

    ReplyDelete
  15. နေရီဖျိုးဖျ
    မှောင်ရိပ်စမှာ..
    အမှတ်တမဲ့နဲ့
    ဒီဗလာနယ်ထဲ
    ချဉ်းနင်းဝင်ရောက်
    အလည်ရောက်ခဲ့…။

    တွေ့သည့်နေ့မှ
    ယနေ့ထက်တိုင်
    ကြိုင်သင်းစွဲလန်း
    နမ်းတိုင်မွှေးတဲ့
    သီကုံးနွဲ့နွဲ့
    ဖွဲ့ပန်းကဗျာတွေ…
    ဖန်တီးနေသူရေ…
    အစဉ် ထာဝရတည်ပါစေ…

    ReplyDelete
  16. ပျော်စရာကြီး ဝေးး ...

    ReplyDelete
  17. ကဗျာဆန်တဲ့ မမပန်
    ဘလောဂ့် တစ်နှစ်ပြည့် တာကိုတောင် ကဗျာလေးတွေအဖြစ် လှလှ ပပ ရေးတတ်လိုက်တာ
    တစ်နှစ်ပြည့်ချိန်မှသည် မနားတမ်း ဘလောဂ့်ရေးနိုင်ပါစေ မမပန်ရေ
    ယုံကြည်ချက်တွေအတွက် ဆက်လက် ဘလောဂ့်နိုင်ပါစေ

    ReplyDelete
  18. ချစ်ရတဲ့ ကဗျာစက်ရုံကလေး...

    ဘလော့ဂ်လေး ရှင်သန်ခြင်း တစ်နှစ်ပြည့် မှသည် နှစ်ပေါင်း တစ်ရာတိုင် ရှင်သန်နိုင်ပါစေ...။ ရှင်သန်ခြင်းရဲ့  အဓိပ္ပါယ်တွေကို ချစ်တဲ့ လူကောင်းလေး ပန်ဒိုရီ နဲ့ အတူတူ ရှာဖွေနိုင်ပါစေ... လို့ ချစ်ခင်စွာ ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်နော်...။

    (ဒီဘလော့ဂ်လေး စတင် မွေးဖွား ရှင်သန်လာချိန် ကထဲက ဒီဘလော့ဂ်နောက်ကိုဘဲ ကောက်ကောက်ပါပြီးတော့ သူများကို ပစ်ထားတာ အခုဆို တစ်နှစ်တောင်ပြည့်ပါပေါ့လား...။)

    ReplyDelete
  19. မပန်ရဲ့  တစ်နှစ်ပြည့် ရှင်သန်ခြင်းမှသည်... နောင်နှစ်ပေါင်း များစွာသို့ ...။

    ReplyDelete
  20. Happy Anniversary, Pandora.
    ဘလောက် သက်တမ်း တစ်နှစ်ဆိုတာ လူသက်တမ်း ၅ နှစ်လောက်နဲ့ ညီတယ်ပဲ ပြောပါရစေတော့။
    လက်နဲ့တို့ရင် ရွှေဖြစ်တဲ့ (Inspiration ကောင်းတဲ့) ၊ ခင်တတ်တဲ့ ပန်ဒိုရာရဲ့ Blog ဟာ မြန်မာ Blog ပရိတ်သတ်ရဲ့ Focal Point လိုလို ဖြစ်နေတာ မဆန်းပါဘူး။

    ReplyDelete
  21. မပန်ရဲ့ ဘလောက်လေး တစ်နှစ်ပြည့် ဆုတောင်းပေး ပါတယ်။ များများ ဆက်ရေးနိုင် ပါစေ။

    ReplyDelete
  22. အော် ..
    ရေးတတ်ပါပေ့ ပန်ပန်..
    စစ်ချီသီချင်းများ ထည့်ဦးမလားလို့.
    ပန်ပန့်ဘလော့ မွေးနေ့က ...
    တော်လှန်ရေးနေ့ကိုး.....
    တကယ်က ..
    စာရေးဆရာမ တယောက်ကို မွေးဖွားပေးလိုက်တာပါ..

    ReplyDelete
  23. မင်္ဂလာပါ
    ယနေ့မှ စ နောင်နှစ်ပေါင်းများစွာတိုင်ပါစေဗျာ :D

    ReplyDelete
  24. မပန်...ကဗျာလေးကို ဖတ်ကောင်းတယ်ဆိုပြီး ဖတ်ရင်းကမှ နောက်ဆုံး Blog နှစ်ပတ်လည်ဆိုတာ သိရတယ်...

    မပန်ရဲ့ စာတွေ၊ အတွေးအခေါ်တွေကို ကြိုက်တယ်.. ဒါကြောင့် ဆက်လက်အားပေးနေဦးမှာပါ...:)

    ReplyDelete
  25. 31 Mar 08, 21:29
    ကောင်းကင်ကို: ဘလော့တစ်နှစ်ပြည့်ကဗျာလေးဖတ်သွားတယ်ဗျာ။ ပျော်ရွှင်ပါစေ
ုkhinoomay:့ congrulations!
    30 Mar 08, 01:10
    မေတ္တာ: ဒီထက်မက ပို........... ပါစေသောဝ်
    29 Mar 08, 22:49
    မြတ်နိုး: မပန် ဘလော့နှစ်ပတ်လည် မှသည်.. နောင်.. မပန်ရေးချင်တဲ့ ဆန္ဒရှိသည်အထိ.. တည်တံ့ပါစေလို့..
    29 Mar 08, 19:33
    ရွှန်းမီ: မွေးနေ့လား Happy Birthday!
    28 Mar 08, 23:40
    ကဒေါင်းညင်သာ: အင် ဘလော့တောင် ၁ နှစ်ရှိပြီ။ ငယ်ပါသေးတယ်အေ.. ညှင်းညှင်းညှင်း
    28 Mar 08, 20:54
    ငြိမ်းချမ်းအောင်: မွေးနေ့ကို တစ်ရက်နောက်ကျပြီးမှ ရောက်လာမိတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။
    28 Mar 08, 19:23
    SMNTL: Happy Blog Belate Birthday, Ma Ma Pan. Pls kindly keep in touch with me as i haven't got a lot of friends. You are one of inspiration in Blog indeed. All the best!!
    28 Mar 08, 17:14
    ခွန်မြလှိုင်: ဘလော့လေး တစ်နှစ်ပြည့် မင်္ဂလာရှိသော မွေးနေ့မှသည် နောင် အမြဲ ဆက်လက် ရှင်သန် နေပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ် မပန်ရေ
    28 Mar 08, 13:56
    လင်းလက်ကြယ်စင်: ဒီဘလော့ခ်လေးအမြဲရှင်သန်ပြုံးပျော်နေပါစေနော်
    28 Mar 08, 12:58
    နွေမုန်တိုင်း: လာဆုတောင်းတာ တစ်ရက်နောက်ကျသွားတယ် အစ်မရေ ခွင့်လွှတ်
    28 Mar 08, 00:15
    MyMetro: blog birthday ကို လာလည်ပါတယ်
    27 Mar 08, 20:23
ုkhinoomay:့ happy birthdyay!
    27 Mar 08, 16:15
    WL: တနှစ်သမီးလေးကို လာနှုတ်ဆက်သွားပါတယ်ဗျာ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
    27 Mar 08, 13:50
    စိုးထက် - Soe Htet !: Happy Birthday !
    27 Mar 08, 13:36
    မောင်မျိုး: ဒေါ်လေးရေ့ တစ်နှစ်ပြည့်ဘလော့ဂ်လေးလည်း နောက်နှစ်ပေါင်းများစွာ ရှင်သန်ပါစေနော်။ happy blog anniversry!!!:P
    27 Mar 08, 12:42
    မေပျို: မပန်ရေ တစ်နှစ်ပြည့်ဘလော့ဂ်လေးလည်း နောက်နှစ်ပေါင်းများစွာ ရှင်သန်ပါစေနော်။ happy blog anniversry!!!
    27 Mar 08, 05:22
    M.Y: တော်လှန်ရေးနေ့ နှင့်အတူမွေးဖွားလာခဲ့သောတစ်နှစ်သားဘလော့ဂစာမျကနှာအတွက်.." Happy Anniversary..."
    27 Mar 08, 01:39
    မျှားပြာ: ဆီဗုံးအရင်ဖတ်မိ၍ ဘလော့တစ်နှစ်ပြည့်လား ဘာလား ..... အပေါ်ဆုံးက ကဗျာကိုဖတ်၍ ဆုတောင်းလိုက်ပီဗျို့  ...။ ဥသြသံတွေ ချိုပါစေ မပန်ရေ ...။
    27 Mar 08, 00:10
    icn2: ရေးသာရေးဗျို့ ။ အားပေးလျက်
    27 Mar 08, 00:07
    ဂျစ်တူး - gT: ချစ်မမရဲ့ ဘလောဂ့်လေးကို အစဉ်ထာဝရအားပေးလျက်း)
    27 Mar 08, 00:07
    ဂျစ်တူး - gT: အမရဲ့ ဘလောဂ့် တစ်နှစ်ပြည့်မှာ ပထမဆုံး ဆုတောင်းချင်လို့ midnight ကျော်တာနဲ့ လာရေးထားတား) ၂၀၀၇ မတ်လ တုန်းက ပို့စ်တွေကို ပြန်ဖတ်ပြီး ၊ မျှော်လင့်ချက်မပါတဲ့ အိပ်မက်မှာ ကြွေကျသွားတယ် ။

    ဆီပုံးထဲက ဆုတောင်းတွေကိုလည်း အမှတ်တရ သိမ်းထားလိုက်ပါတယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်ရေးဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ကြပါစေ။

    ReplyDelete