Technical help

Tuesday, August 19, 2008

ငါဝယ်ထားပြီး မစားဖြစ်တဲ့ ပေါင်မုန့်တစ်ချပ်ရဲ့ မာန




ငါဝယ်ထားပြီး မစားဖြစ်တဲ့ ပေါင်မုန့်တစ်ချပ်ရဲ့ မာန

ပလတ်စတစ်အိပ်ကပ်ထဲက
ညပ်ကျန်နေတဲ့ ပေါင်မုန့်တစ်ချပ်ကို
သက်တမ်းကုန်မကုန်
အနုလုံပဋိလုံ
စူးစမ်းလိုက်ရုံလေးပါ။

အမယ်.. ဒင်းက
စဉ်းစားမနေနဲ့ ၀ါးထည့်လိုက်ပါလား တဲ့
အထိအတွေ့ အိစက်စက်နဲ့
ဖြူဝင်းနေတဲ့ အသားညက်ညက်ကို
ရက်ရက်ရောရာ ဗန်းပြလာတယ်။

ကဗျာဆရာကြီး အိုမာခိုင်ယမ်
ကြံဖန် အိမ်မက်ခဲ့တာ
ဝိုင်တစ်ခွက်နဲ့အတူ
ပေါင်မုန့်တစ်ယှက်ရယ်ပါ..တဲ့။

တချိန်က ပြင်သစ်ပြည်မှာ
ပေါင်မုန့် စားရဖို့အရေး
စုပေါင်းဟစ်ကြွေးတော့
ဒုံးဝေးတဲ့မိဖုရားကတောင်
ကိတ်မုန့်စားကြပါလား လို့
သမိုင်းဝင်စကား ပြောသွားခဲ့တယ် တဲ့။

အခုအချိန် ကိုယ့်ရပ်ရွာမှာလည်း
နာဂစ်ကြောင် အ၀ှာဖြစ်ကြသူတွေကြား
ပေါင်မုန့်ကလေး တစ်ချပ်များဆို
အားထားစရာ မဖြစ်ပေဘူးလား တဲ့။
(တကယ်တော့
ဘိုဆန်ဆန် အစားအသောက်ကို
ငတို့ ရွာသားတွေက
ငါး ဖားလောက်မှ အရေးမစိုက် ဆိုတာ
မိုက်လှတဲ့ ဒီသတ္ထ၀ါ ဘယ်သိရှာမလဲ။)

လျှာရှည်လှတဲ့ပေါင်မုန့်
သူဖြစ်အောင် ထုတ်လုပ်ဖို့
ဟို့တချိန်က ဂျုံခင်းနဲ့
ရိတ်သိမ်းချိန်မြင်ကွင်းတွေကိုလည်း
တတမ်းတတ လွမ်းလျလျနဲ့
လာပြောပြနေပြန်ပါလေရော..။

တယ်...
ငါဝယ်မှ အိမ်ရောက်လာရတဲ့
လိန်ခြောက်ခြောက်ပေါင်မုန့်
ကိုယ့် အိတ်စပိုင်ယာဒိတ်ကိုမှ အားမနာ
ဘုရားဒကာရန်တိုက် မလောက်မင ကြားက
လူကိုများ အကြွားစစနဲ့
တရားချရတယ်လို့..။

ဒါနဲ့ပဲ
ဒင်းကို တစစီခြေ
ကြက်ဥနဲ့ နို့ပါရောမွှေ
ဒေါသတွေ အရှူအသွင်းထုတ်လို့
ပူတင်းဖုတ်လိုက်ပါတော့တယ်။


ပန်ဒိုရာ



23 comments:

  1. ကြက်ဥနဲ့ နို့ မှာရော မာန မရှိကြဘူးလားဗျ…. သူတို့အားလုံးကို တနေ့တည်းအတူတူ ၀ယ်ခဲ့တာဘဲ မဟုတ်ဘူးလား။…..း-)

    ReplyDelete
  2. I would have put it into the toaster, spread it with butter, make scramble egg and have black coffee, read newspaper and have a little chit chat over the breakfast with the other half about what the current issue are and have a nice cuddling time with that special one.

    Perfect weekend breakfast time!!!

    I should do it more.. haha

    ReplyDelete
  3. မှိုတက်သွားလိမ့်မယ်။
    စားလိုက်ပါတော့။

    ReplyDelete
  4. မပန်...
    အဲဒီ ပူတင်းစားချင်တယ်...

    ReplyDelete
  5. စကားများတဲ့ပေါင်မုန့်လေး ပူတင်းဖြစ်သွားရှာပြီ ... :)

    ReplyDelete
  6. အောက်ဆုံးစာပိုဒ်ကို အကြိုက်ဆုံးပဲ တော်တော် စကားမယ် :)

    ReplyDelete
  7. ဒီလို အရေးအသားတွေကြောင့် ခဏခဏ ရောက်ဖြစ်တာပေါ့ အစ်မရယ်...
    ရေးထားတဲ့ အိုင်ဒီယာလေး ကောင်းလိုက်တာ..

    ReplyDelete
  8. အစကတော့ ပူတင်းကို အပူတပြင် ရှာမိသေးပေါ့
    နောက် ကဗျာကကောင်းလွန်းတော့ မစားဝံ့တော့ဘူးဗျ :)
    လက်ညှိုးညွှန်ရာ ရေဖြစ်သလို အရီးပန်ရေးသမျှ ကဗျာဖြစ်နေပီ :)
    ပျော်ရွှင်ပါစေခင်ဗျာ ..။

    ReplyDelete
  9. ဟဲဟဲ.. ဒါမျိုးလည်း ရသကိုး...
    ပေါင်မုန့်မို့ တော်သေး...

    ReplyDelete
  10. ဒီလို အရသာလေးတွေကလဲ ခံတွင်းတွေ့ တယ် ပန်ရေ… ကြိုက်တယ်…

    ReplyDelete
  11. ပေါင်မုန့်  က ကဗျာတစ်ပုဒ်ဖြစ်လို့ 
    သူအတင်းတုတ်တော့
    ပူတင်းဖုတ်တယ်ပေါ့လေ...။

    ReplyDelete
  12. ဟုတ်တယ် Pandora ရယ်။ တို.လဲ အပါတ်တိုင်း တထုတ်ဝယ်တယ်။ ကုန် အောင်လည်း မစားနိုင်. အမြဲဘဲ ပစ်ရတယ်။ ပူတင်းလဲ မဖုတ်တတ်တော.ခက်တယ်။

    ReplyDelete
  13. ဒီကဗျာလေးကိုဖတ်ပီးတော့ ပြုံးဖြစ်သွားပါတယ်။
    ကြိုက်တယ် ဒီကဗျာလေးကိုတော့

    ReplyDelete
  14. ဒီကဗျာအရေး အသားလဲ သဘောကျတယ်
    မပန်

    ReplyDelete
  15. ကဗျာ ဖတ်သွားပါတယ် မပန်ရေ ..
    ဒိတ်လွန်ပေမယ့် ပူတင်းတော့ ဖြစ်သေးသားပဲ။ အားမလျှော့တဲ့ ပေါင်မုန့် ပေါ့.. =)

    ReplyDelete
  16. ဗန်းလာပြတဲ့ ပေါင်မုန့်ကို
    နမ်းကာပင်မကြည့်ပဲ
    ဒေါသတွေထုတ်
    ပူတင်းဖုတ်တဲ့ ပန်ဒိုရာ ရေ...
    နောက်တခါလုပ်ဖြစ်ရင် ခေါ်လိုက်နော်.... :D

    ReplyDelete
  17. အော်..ပေါင်မုန့်လဲ လျှာရှည်မိတော့ အဖုတ်ခံလိုက်ရပါလားနော်..
    ပန်ပန်နဲ့ စကားပြောရင် ဆင်ခြင်မှပဲ..။

    ReplyDelete
  18. ငါဝါးထားပြီး မမျိုဖြစ်တဲ့ ပေါင်မုန့်တစ်ချပ်ရဲ့ ဒုက္ခ...
    ....
    ဆက်ရေးအုံးမလားမသိ။

    ReplyDelete
  19. ဖြောင်း… ဖြောင်း.. ဖြောင်း (လက်ခုပ်တီးသံ)။

    ReplyDelete
  20. ဒီကဗျာလေး ကြိုက်လိုက်တာ ပန်ပန်ရေ။ bravo!

    ReplyDelete
  21. အဟဲ … သရုပ်ဖော်ပုံမှာ Sign က ကြီးနေတယ်။

    ReplyDelete
  22. ပေါင်မုန့်ကလေးကို လာစားကြသူတွေကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  23. I so like this poem........

    ReplyDelete