Technical help

Sunday, October 19, 2008

သံလွင်အိပ်မက်ထဲက ခြေရာတွေ


သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၃) ထွက်ပါပြီ။ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ ဘလော့ဂါ နေဘုန်းလတ်ကို ရုံးထုတ်စဉ်က သံလွင်အိပ်မက်အတွက် ဆိုပြီး သူရွတ်ပြခဲ့တဲ့ ကဗျာလေးတစ်ပုဒ် အပါအ၀င် အခြား ဘလော့ဂါ တွေ စာရေးသူတွေရဲ့ ၀တ္ထုတို ဆောင်းပါး ကဗျာ တွေကို မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပါတယ်။

ပန်ဒိုရာ ရေးတဲ့ ခြေရာချွန်မြ ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။

...............

ဒီအချိန်ကိုရောက်လျှင် သူ့ရင်ထဲ နွေးထွေးလာသည်။ အကာအရံများဖြင့် ၀န်းရံနေသော သူ့အလုပ်နေရာတွင် လွတ်နေသော ထိုအောက်ခြေ ထောင့်ကွက်လပ်ကလေး ကို လှမ်းကြည့်လိုက်လျှင် သပ်ရပ်သော လမ်းမတခုကို တပိုင်းတစ မြင်ရမည်။ ထိုတပိုင်းတစ ပြကွက်တွင် ဒီအချိန်ရောက်တိုင်း စည်းဝါးကျနစွာ ဖွဲ့နွဲ့ထားသော သံစဉ်ချို တစ်ပုဒ် ရိုက်ခတ် လာမည်။ အဲသည် သံစဉ်ချိုလေးကို နက်မှောင်မှောင် ပြောင်လက်လက် ရှူးဖိနပ်ချွန်လေး တစ်ရံဖြင့် ဘောင်ခတ်ထားသည့် ခြေထောက်ကလေးက ဖန်ဆင်းထားပါသည်။

ကံကောင်းသောနေ့များတွင် လမ်းမမှာ ကားလာနေသဖြင့် ခြေထောက်ကလေးသည် ခေတ္တရပ်တန့်စောင့်ဆိုင်း နေရတတ်သည်။ အဲသည် အခါမျိုးမှာ သူ့အတွက် ခြေထောက်ကလေးကို ငေးမောချိန် ပိုရလေ့ရှိသည်။ လမ်းကို ဖြတ်မကူးခင်မှာ ခဲတံချောင်းလေးလောက် သေးချွန်ချွန် ဖိနပ်ခွာကလေး ပေါ်မှာ ခြေလှမ်းကို ထိန်းလိုက်ပုံ။ ကားကို စောင့်နေချိန်တွင် အိနြေ္ဒရရ ရပ်နေပုံ။ ကားများ ရှင်းသွားမှ မနှေးလွန်း မမြန်လွန်း ခြေလှမ်းများဖြင့် တလှမ်းချင်း ဆက်လှမ်းထွက်သွားပုံ။ မနွဲ့သော သို့သော် ဆတ်တောက်တောက်လည်း ဖြစ်မနေသော မနှေးသော သို့သော် ပျာယာခတ်ခြင်းမျိုးလည်း ဖြစ်မနေသော ခြေလှမ်းများ ပိုင်ရှင်။ သည်လို မိန်းကလေးတစ်ယောက်ဟာ ရုပ်ကလေးလည်းလှ စိတ်ထားကလေးလည်း သိမ်မွေ့သူ ဖြစ်ရမည်ဟု ဆိုင်ဆိုင်မဆိုင်ဆိုင် သူ တိတ်တခိုး ကောက်ချက်ချသည်။ .................

ဆက်ဖတ်ရန် ဒီကို သွားပါ။

7 comments:

  1. မဂ္ဂဇင်းမှာ သွားဖတ်ပြီးသွားပြီ။
    ဖိနပ်လေးက စွဲလန်းစရာပါပဲ ညီမရေ။

    ReplyDelete
  2. ဇတ်သိမ်းလေးကလဲနော်.. အိအိ..
    မပန်ရေ ဒီအပုဒ်က အဲ့မှာ ပေါ်ပြူလာအဖြစ်ဆုံးပဲဗျို
    :)

    ReplyDelete
  3. ဒီဝတ္ထုလေးကိုဖတ်ရင်း သူငယ်ချင်းတယောက်ရဲ့ ကဗျာထဲက စကားလုံးလေးတလုံးကို သွားသတိရမိတယ်။ ဒီဇာတ်လမ်းလေးနဲ့ လိုက်ဖက်မလားလို့ပါ။
    သူမကို ဒေါက်ဖိနပ်ပေါ် ဘယ်သူတင်ပေးသွားတာလဲ တဲ့။

    ReplyDelete
  4. မပန် အရမ်းကောင်းတာပဲ...။

    ReplyDelete
  5. ကောင်းလိုက်တာ။ ၀ထ္ထုတွေ များများရေးပါ

    ReplyDelete
  6. ပန်ပန်ရေ-
    ဖြစ်တတ်တဲ့ အလွဲလေးတွေပေါ့နော်။ ဒီတခါ မနောက်ဘူးနော်။ သေသေချာချာကို ခံစားသွားတယ်။

    ReplyDelete
  7. မမိုးချိုသင်း.. မယ်မောင် ပုံရိပ် လာအားပေးတာ ကျေးဇူးးပါ။
    ကိုဝေလင်း စာကြောင်းလေးအတွက် ကျေးဇူး. စဉ်းစားစရာ ပိုဖြစ်သွားပြီ။

    ReplyDelete