Technical help
Wednesday, February 4, 2009
စာအုပ်မျက်နှာဖုံး (ခိုင်)
အလွန့်အလွန် အလုပ်များလို့ ခေါင်းမကြည်ဘူး။ စာမရေးနိုင်သေးဘူး ဖြစ်နေတယ်။ ၀တ္ထုစာအုပ် အဖုံး အဟောင်းလေးတွေကို မှတ်တမ်းတင်တဲ့အနေနဲ့ ဓာတ်ပုံရိုက်ထားတာကို တင်ပေးလိုက်ပါတယ်။ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ပထမအကြိမ်ထုတ် စာအုပ်တွေ ဖြစ်ပါတယ်။ မြစာပေက ထုတ်ထားတာ ဖြစ်ပါတယ်။ သဘောကျမိတာက အဲဒီခေတ်က စာလုံးဒီဇိုင်းတွေ။ အခုခေတ် ဖောင့်တွေထဲမှာ အဲဒါမျိုး ပြန်လုပ်ကြတာ မတွေ့ဖူးဘူး။ ပန်းချီဆရာကတော့ လက်မှတ် ပါပါတယ်။ ဘယ်သူလဲ သိရင် ပြောပါဦး။
အတွဲ ၁ (ရှေ့ဖုံး)
အတွဲ ၁ (နောက်ဖုံး)
အတွဲ ၁ (အတွင်းပထမစာမျက်နှာ)
အတွဲ ၂ (ရှေ့ဖုံး)
အတွဲ ၂ (နောက်ဖုံး)
အတွဲ ၃ (ရှေ့ဖုံး)
အတွဲ ၃ (နောက်ဖုံး) က အတွဲ ၂ (နောက်ဖုံး) ကပုံနဲ့ အတူတူပါပဲ။
(ဓာတ်ပုံတွေက ကိုယ်ပိုင်ပါ။ ပန်းချီပုံ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ရှင်က ကန့်ကွက်မှု ပေါ်လာလျှင် အချိန်မရွေးဖြုတ်ပေးမည်။)
36 comments:
  1. ပန်းချီဆရာနာမည်က နောက်ဆုံးပုံမှာ ပါတယ် ထင်တယ်။ ဖတ်လို့ မရဘူးဗျ။ စာအုပ်မျက်နှာဖုံး
    ကြည့်ခွင့်ရတာ ကျေးဇူးပါ။
    ReplyDelete
  2. ဒီကိစ္စ ကတော့မောင်တိန်မှဘဲ တတ်နိုင်မယ်ထင်တယ်
    ReplyDelete
  3. မမြင်ဖူးတာတွေ မြင်ရပြန်ပြီ။ အဲဒီစာအုပ်ကတော့ မဖတ်ဖြစ်ဘူး။ သူငယ်ချင်းတွေက ဘယ်လောက်ညွှန်းညွှန်း ရသစာအုပ်ဆို အဲလိုအထူကြီးတွေ မဖတ်ကို မဖတ်ဖြစ်တာ။ စိတ်ဝင်စားလာရင်တော့ ဖတ်ဖြစ်မယ်ထင်ပါတယ်။
    ReplyDelete
  4. အမှတ်တရပါပဲ။ ရှာရှာဖွေဖွေ ဖော်ပြပေးလို့ ကျေးဇူးတင်မိပြီ။ အမဖတ်ဖူးတာ အဲဒီအဖုံးနဲ့ မဟုတ်၊ နောက်မှ ပြန်ထုတ်တဲ့စာအုပ်ထင်တယ်။ ဒါမျိုး အဖုံးနဲ့ ခိုင်ကို မမြင်ဖူးသေးဘူး။
    ReplyDelete
  5. ဒီ ၀တ္ထုလေး ဒါရိုက်တာ ဇင်ယော် မောင်မောင် ရုပ်ရှင် ရိုက်ဖူးသေးတယ်ထင်တယ်း) မှန်းကြည့်တာ ရုပ်ပုံလေးတွေက ချစ်စရာ ။
    ReplyDelete
  6. တတိယမြောက်ပုံကြီးကလည်း ကြည့်ရတာ ကန့်လန့်ကြီး ကွိကွိ
    ပဉ္စမမြောက်ပုံလေးအကြိုက်ဆုံးပဲ.. ပီပြင်တယ်၊ လှတယ်၊ ကြည့်ရတာစိတ်ချမ်းသာတယ်..
    ၁၉၆၄ တဲ့.. ဟိ.. သားတို့ဘယ်ဘ၀ရောက်နေလဲမသိဘူး..
    ကျေးဇူးပါ အန်တီပန်..။
    စင်ရော်မောင်၂ရိုက်ဖူးတယ် ဟုတ်စကိုကြီးမျိုး?
    သိဘူး.. ကြည့်တောင်ကြည့်ချင်လာပြီ..
    ReplyDelete
  7. ခိုင် ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ သူငယ်ချင်းလို့ ဆက်ပြီးမခေါ်တော့မှာကို စိုးရိမ်သလို သူငယ်ချင်းလို့ ဆက်ပြီး ခေါ်နေမှာကိုလည်း စိုးရိမ်မိတယ် ခိုင်....
    ReplyDelete
  8. အရမ်းကြိုက်လို့ ခဏခဏ ဖတ်ဖြစ်တယ်။
    အဖုံးလေးကိုတော့ ခုမှတွေ့ဖူးတာ။
    ကျေးဇူးပါမမ။
    ReplyDelete
  9. ကျနော်အမှတ်မမှားဘူးဆိုရင်တော့ အဲဒါ အဲဒီခေတ်က ၀တ္ထုစာအုပ်တိုင်းလိုလိုမှာ သူ့လက်ရာမှ သူ့လက်ရာဖြစ်ခဲ့တဲ့ ဆရာကြီး ပန်းချီဦးအုန်းခိုင်ပါ။ စာလုံးကလည်း သူ့ကိုယ်ပိုင်ဟန်ပါ။
    ဆရာတို့ခေတ်က သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် က ကျနော်တို့ခေတ်ကျတော့ ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင် ဖြစ်ခဲ့တာပေါ့ဗျာ။ (ဤကားစကားချပ်)
    ReplyDelete
  10. အမဆီမှာရှိတာလည်းအဲဒီအဖုံးနဲ့မဟုတ်ဘူး
    အလွမ်းပြေပြန်တွေ့ရလို့ကျေးဇူးတင်သလို
    အိမ်ကစာအုပ်တွေကိုလည်းလွမ်းနေတယ်
    ရော်ပေး......း(
    ReplyDelete
  11. ပထမအကြိမ် ပုံနှိပ်ထုတ်ဝေချိန်က ကိုယ့်ထက်ကို အများကြီး အသက်ပိုကြီးနေတော့ ကိုဝေလင်းလိုမျိုး
    သိဖို့က မလွယ်ဘူးဖြစ်နေတယ်.ဟီး.ကိုဝေလင်းကြီး
    တွေ့သွားရင် စိတ်ဆိုးနေဦးမယ်...
    ခင်မင်လျက်
    ReplyDelete
  12. ဥိးလေးတစ်ယောက် က..စာအရမ်းဖတ်..သိမ်းလဲ သိမ်း တော့....၀တ္ထုစာအုပ် စဖတ်တဲ့ အရွယ်မှာ...ဒီအဖုံး လေး တွေ နဲ့ စာအုပ်ကိုပဲ..ဖတ်ခဲ့ ရတာ..
    မပန်..ရှာရှာဖွေဖွေ ..စု ဆောင်းထားပေး တာ
    ကျေးဇူး ပါ.....
    ပြန်လွမ်းမိတော့ တယ်......
    ReplyDelete
  13. ရုပ်ရှင်ရှိတယ်လား ။ မကြည့်ချင်ပါဘူး ။ စာအုပ်ရဲ့ အရသာ ပျက်သွားမှာစိုးလို့ ။ စာအုပ်ကတော့ ဖတ်တာ ဘယ်နှစ်ကြိမ်ရှိမှန်းတောင် မသိတော့ဘူး....ဟိ ။
    ReplyDelete
  14. ပန်းချီဆရာ နံမည်ကို ကျနော် ပြောမလို့ဟာ
    ကဗျာဆရာ နှင်းခါးမိုးက ဦးသွားတာကိုး...း)
    အဲခေတ်က လက်ရေးစာလုံးတွေ ပိုခေတ်စားတယ်လေ...
    ပုံနှိပ် စာအုပ်တွေအတွက်
    Type Face (ခဲစာလုံးတောင်) ၂ မျိုးလားပဲ ရှိတာ...
    ဟံသာဝတီနဲ့ ပုဂံနဲ့ အဲလို မှတ်မိတာပဲ...
    (အမှတ် မှားရင်လည်း မှားနိုင်ပါတယ်...)
    ခုလိုမျိုး Font တွေရေးတဲ့ ခေတ်မှာတော့ ခု - ခိုင်- က စာလုံးမျိုးက Font ရေးတဲ့လူ အတော်များများက ကြိုက်ကြပုံ မရဘူးလေ... ဒါကြောင့်မို့ ထွက်မလာတာ နေမှာပါ...
    (တကယ်လို့ အဲစာလုံးတွေကို ကြိုက်တယ်ဆိုရင် ရေးပေးမယ်... တလုံးကို တဒေါ်လာ နှုန်းနဲ့လေ..း)
    သမိုင်းတွေကတော့ စိတ်ဝင်စားစရာကောင်းပါတယ်...
    စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ရင် ကောင်းမှာပဲ...
    ReplyDelete
  15. ပုံတွေကကြည့်လို့ကောင်းတယ် ... ရုပ်ရှင်ပဲကြည့်ဖူးတယ် ... ၀တ္ထုမဖတ်ဖူးဘူး .... ပုံလေးတွေက ချစ်စရာလေးတွေ
    ReplyDelete
  16. ဒီမျက်နှာဖုံးလေး မတွေ့ဖူးဘူး။ စာကိုတော့ ဖတ်ဖူးတယ်။
    ReplyDelete
  17. အမှတ်တရ ဖော်ပြပေးတာ ကျေးဇူးပါ...
    ဟိုးတုန်းက စာအုပ်အဖုံးလေးတွေကို
    တွေ့ ရတော့ အိမ်က စာအုပ်စင်ကို သတိရသွားတယ်...
    ဝေးခဲ့တာ ကြာလှပေါ့...
    ReplyDelete
  18. ဒါ- ဆားချက်တာပဲ။း)
    ReplyDelete
  19. နေဦး: ပန်ဒိုရာရေ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင် မျက်နှာဖုံးပန်ချီက( ဦး)ကိုလေး ပန်းချီလို့ ထင်ပါတယ် မေးကြည့်ပါဦးနော်
    ReplyDelete
  20. ဒုတိယတွဲစာအုပ်ကလေး အိမ်မှာရှိခဲ့ဖူးတယ်။ အဲဒီပုံလေးကို မှတ်မှတ်ရရ မှတ်မိနေတာ။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ဆိုရင် ဒီမျက်နှာဖုံးပဲ ပြေးမြင်နေမိတယ်။
    မျက်နှာဖုံးမှာ ထိုးထားတဲ့ လက်မှတ်ကတော့ anonymous ပြောသလို ပန်းချီ (ဦး) ကိုလေးလက်မှတ်နဲ့ တူတာပဲ ပန်ပန်ရေ။
    အဲဒီခေတ်က အဲဒီလို စာလုံးပုံစံတွေ အသုံးများခဲ့ကြတယ်ထင်တယ်။ ရှုမ၀မဂ္ဂဇင်းမှာလည်း မြင်ဖူးတယ်။
    ခဲစာလုံးပုံစံကတော့ ကိုအောင်သာငယ်ပြောတဲ့ ဟံသာဝတီနဲ့ နောက်တခုက သုဓမ္မ၀တီပါ။ နောက် ရှိသေးသလားတော့ မပြောတတ်ဘူး။ အဲဒီခေတ်က ကိုယ်ပိုင် ခဲစာလုံးစက်ရှိတဲ့ စာအုပ်တိုက်ကြီးတွေက ကိုယ်ပိုင်စာလုံး ဒီဇိုင်းတွေနဲ့ ကိုယ့်မူနဲ့ကိုယ် ပုံနှိပ်ခဲ့ကြတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ အဲဒီတုန်းက စာအုပ်တွေ ဖတ်ရတာ ပိုပြီး ဆွဲဆောင်မှုရှိသလိုပဲ။
    ReplyDelete
  21. စာအုပ်ပဲ ဖတ်ဖူးပါတယ်။ရာဇ၀င်တွေကိုတော့ ခုမှပဲ သိတော့တယ်၊အစ်မပန်ရော...မန့်ခဲ့တဲ့ အစ်ကိုအစ်မတွေကိုရော...ကျေးဇူးအထူးတင်ပါတယ်။
    ReplyDelete
  22. 4 Feb 09, 20:34
    မမသီရိ: မျက်နျဖုံး ပန်းချီ က..ဦးကိုလေး..မှန်ပါတယ်..
    ReplyDelete
  23. အဲဒီအဖုံးလေးနဲ့ ခိုင်ကို စဖတ်ပြီး ၀တ္ထုကိုစွဲသွားခဲ့တာ…
    ခုလို အမှတ်တရတင်ပေးတာ ကျေးဇူးပါ ပန်ရေ…
    ReplyDelete
  24. ပန်းချီက ဦးကိုလေးလို့ထင်တာပဲ ညီမရဲ့။ အဲ့တုန်းက မဂ္ဂဇင်းမျက်နှာဖုံးတွေလည်း အဲလိုပုံတွေပဲလေ။ အများအားဖြင့် ဦးကိုလေးလက်ရာတွေများတယ်။ နောက်ဆုံးပုံကိုကြည့်လိုက်တော့ သိပ်မသေချာတော့ပြန်ဘူး။ ပုံ ၁ နဲ့ ၃ ကတော့ ဦးကိုလေး ဖြစ်ဖို့များတယ်။ ဦးစိန် (ကာတွန်းမောင်စိန်လည်း ဆွဲတတ်တယ်) သိပ်တော့မသိပါဘူး ..။ စုံစမ်းလို့တော့ လွယ်ပါတယ်။ အဲ့ဝတ္ထုတော့အရမ်းကြိုက်ပဲ။ အစ်မတို့မြို့ကို အခြေခံရေးတာမို့လို့ :P
    ခင်မင်စွာဖြင့်
    အစ်မ
    ReplyDelete
  25. အပေါ်က ကွန်မန့်တွေ မဖတ်ဘဲ ဝင်ရွှီးတာ မှားပြီထင်တယ်။ တူတို့ပြောတာ ပိုဖြစ်နိုင်မယ်ထင်တယ် ဟိ။
    ReplyDelete
  26. ပန်းချီကို ပြန်ရိုက်ထားတဲ့ ဓာတ်ပုံကို ကော်ပီရိုက်ကြောင့် ဖြုတ်ပေးရအောင် မပန်ဆွဲတာ လို့ ပြောပြီး တင်ထားတာမှ မဟုတ်တာ။
    ဘယ်စာအုပ်ရဲ့  မျက်နှာဖုံးပါ လို့ သေချာပြောထားတာပဲ။
    ပန်းချီရေးတဲ့သူကိုယ်တိုင် သဘောတူပြီးလို့ စာအုပ်တွေတောင် အများကြီးရောင်းပြီးနေတာ တော်တော်ကြာနေမှပဲ။
    ReplyDelete
  27. အတွဲ သုံးခုစလုံးရဲ့ ရှေ့ဖုံးတွေကို ရေးသူက ဆရာ ဦးကိုလေးပါ။ စာလုံးဒီဇိုင်းကလည်း ဦးကိုလေး ရဲ့ မူပိုင် စာလုံးပုံပါ။ ၀သုန်စာလုံး၊ မျိုးညွန့်စာလုံး ဆိုသလိုမျိုး အဲဒီစာလုံးဟာ ကိုလေးစာလုံးပါ။ ရှုမ၀စာလုံး လို့လည်း ခေါ်တတ်ပါတယ်။ အမှတ်တရ ပြန်ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ReplyDelete
  28. ထုတ်ဝေသူတို့ အရေအတွက်တို့ ပါတဲ့ စာမျက်နှာမှာ
    မျက်နှာဖုံး
    -ဘယ်သူ-
    ဆိုပြီး ပါတတ်သလားလို့???
    ReplyDelete
  29. ခိုင်ဝတ္ထုလေး ကို ၀ါဝါလည်းအရမ်းကြိုက်တယ် မမရေ။
    မျက်နှာဖုံးလေးတွေ ကြည့်ရတာ ပန်ချီလေးတွေက
    အသက်ဝင်ပြီး လှတယ်နော် မမ။
    ReplyDelete
  30. ဓါတ်ပုံ ဖြုတ်ပေးပါ။ ကျွန်ုပ်၏ ကင်ပွန်းတပ် ဆရာ့ စာအုပ် ဖြစ်သည့်အတွက် ကျွန်ုပ်အနေဖြင့် ကန့်ကွက်ခွင့်ရှိသည်။
    တက္ကသိုလ် လှမွန်
    ReplyDelete
  31. စာအုပ်အရောင်းပွဲတွေလုပ်ရင် ညီမလေး အမြဲသွားဖြစ်တယ်။ မ၀ယ်နိုင်ရင်တောင် ကြိုက်တဲ့စာအုပ်တွေ့ရင် အဲဒီမှာတင် ထိုင်ဖတ်ဖြစ်တယ်လေ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဒီဇင်ဘာ 31 ရက်နေ့ညမှာ အဲဒီစာအုပ်လေးကို ဖတ်ခဲ့ရတာပေါ့။ ဟောင်းနွမ်းလွန်းတဲ့စာအုပ်မူရင်းလေးကို အသိတစ်ယောက်ဆီက ငှားဖတ်ရတာ။ ဇာတ်သိမ်းပိုင်းကို ရင်မောနေရတာနဲ့ (အရင်က အကြားပဲရှိပေမဲ့ တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မဖတ်ဖူးဘူးလေ) ပန်းချီဆွဲသူကို သတိမထားမိဘူး။ မပန်မေးတော့ ဖြေချင်လိုက်တာမှ၊ မဖြေနိုင်တဲ့အတွက် သတိမမူမိတဲ့ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။
    အေးချမ်းသူ
    ReplyDelete
  32. မှတ်ချက် လာရေးသွားသူတွေ အားလုံး ကျေးဇူးပါပဲ။ မျက်နှာဖုံးပန်းချီကို ဦးကိုလေး ရေးတာလို့ မှတ်သားထားလိုက်ပါတယ်။
    ကိုရဲမွံ.. ညာပြီး လာ claim တဲ့အတွက် ဒဏ်ကြေးရိုက်လိုက်ရ။
    ReplyDelete
  33. မမပန်ရေ... ပင်နီစူလာက လွိုင်နိုင်းရှမ်းစားသောက်ဆိုင်ကို ရောက်ဖူးမလားတော့ မပြောတတ်ပါဘူး။ ဆိုင်ရဲ့ Decoration မှာ အရင်က ရှေးဟောင်းမင်းသား၊မင်းသမီးတွေရဲ့ ပုံကိုချိတ်ဆွဲထားခဲ့ပါတယ်။ အခု စာအုပ်မျက်နှာဖုံးတွေနဲ့ အလှဆင်ချင်တာကြောင့် အစ်မဆီက မျက်နှာဖုံးလေးတွေကို ကူးယူသွားပါတယ်။ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  34. မမရေ.. ပုံလေးတွေ .. ယူ ခွင့်ပြုပါနော်..
    ကျွန်တော် Cover ARt အနေနဲ့ ပြချင်လို့ပါ...
    နှစ်လလောက်ပါပဲ.. ပြီးရင် အငြိမ်ံဆိုတဲ့ ခေါင်းစဉ်နဲ့.. ပုံလေးတွေ ပြောင်းမယ်လို့ စိတ်ကူးထားတယ်...
    ReplyDelete
  35. ယူသွားလို့ရပါတယ် သက်ပိုင်သူရေ
    ReplyDelete
  36. မပန်ဒို
    ကျနော်ကတော့ မျက်နှာဖုံးပန်းချီ ဦးကိုလေးထင်ပါတယ်.ကျနော်ဖတ်ဖူး
    တဲ့မျက်နှာဖုံးကလည်း ဒီမျက်နှာဖုံးမဟုတ်ဘူးဗျ.ကျနော်
    လေးတန်းနွေရာသီကျောင်းပိတ်တုန်းက ဖတ်ကြည့်တာ
    နားလည်းမလည်တချက် လည်တချက်နဲ့ ပြီးအောင်တော့
    ဖတ်ဖြစ်သွားတယ်.ကျနော်ပထမဆုံးစဖတ်ဖူးတဲ့ ၀ထ္ထုပဲ
    ဗျာ.ခုလို မပန်ဒိုက ပြန်တင်ထားပေးတာ.ကျေးဇူးဗျာ
    အိမ်ကစာအုပ်စင်လေးကို ပြန်လွမ်းစရာ.
    ခင်တဲ့
    နေဦးအောင်
    ReplyDelete