
ဆေးဆိုးထားတဲ့ကဗျာ
အဖြူထည်သက်သက်က
ဈေးကွက်မ၀င်ဘူးဆရာ
ခေတ်ဆိုး ဆိုးခေတ်မှာ
ဆိုးနိုင်မှ တော်ရုံကျတယ်
တကယ်တော့ ဘယ်ဆိုးချင်ပါ့မလဲ
ဆိုးနေလို့ ဆိုးမိတာပါ
ဆိုးတာကို ဆိုးတယ်လို့ ပြောလို့မရပေမယ့်
ဆိုးတာကျတော့ ဆိုးမှန်းသိသတဲ့
ဆိုးကို ဆိုးပါတယ်လေ
ဆိုးတာတွေကြားထဲ ကိုယ်ယောင်ဖျောက်ဖို့
အရဲကိုးပြီး ဒီကဗျာကိုလည်း ဆိုးလိုက်တယ်။
ပန်ဒိုရာ
ရေးဖို့ဦးတည်တာတခြား ထွက်တာတလွဲ ဖြစ်နေတော့ ဘလော့ဂ်အတွက် ဖြစ်သွားတယ်။း)
ရေးတဲ့သူကိုက လူဆိုး ကိုး...
ReplyDeleteဆိုးပါဗျာ ဆိုးပါ
ReplyDeleteဓါတုဗေဒ ဆိုးဆေး တွေပါ နေတယ်... ချောင်းဆိုး တော့ မယ်။ အဟွတ် -
ReplyDeleteအရောင်တွေ အရောင်တွေ..
ReplyDeleteအော်...
ဆိုးဆေးတွေ ဆိုးဆေးတွေနော်..
ဆေးဆိုးထားတဲ့ ကဗျာလေးလည်း လှပါတယ်..
ခင်တဲ့
ဆိုးတဲ့ခေတ်မှာ ဆေးတွေဆိုးလိုက်တဲ့ ကဗျာတပုဒ်ပေါ့။
ReplyDeleteခိုးနိုင်မှ တော်ရုံကျတယ်
ReplyDeleteတကယ်တော့ ဘယ်ခိုးချင်ပါ့မလဲ
ခိုးနေလို့ ခိုးမိတာပါ
ခိုးတာကို ခိုးတယ်လို့ ပြောလို့မရပေမယ့်
ခိုးတာကျတော့ ခိုးမှန်းသိသတဲ့
ခိုးကို ခိုးပါတယ်လေ
ခိုးတာတွေကြားထဲ ကိုယ်ယောင်ဖျောက်ဖို့
အရဲကိုးပြီး ဒီကဗျာကိုလည်း ခိုးလိုက်တယ်…..
( ဟယ်…. ဘွာတေး…. ဘွာတေး…… ဒီတယောက်က မူပိုင်ခွင့်နဲ့ပတ်သက်လာရင် နည်းနည်းလေးမှ အထိခံတာမဟုတ်ဘူး… ယောင်လို့။း-)
ရေးဖို့ဦးတည်တာတခြား ထွက်တာတလွဲ ဖြစ်နေတော့ ဘလော့ဂ်အတွက် ဖြစ်သွားတယ်။း)
ReplyDeleteဘဲဒီး ဆောရီး ။ ပထမ မှတ်ချက်က ကော်ပီလုပ်ထားတဲ့ စာမှားဝင်သွားတာ ။ တကယ်မှတ်ချက်ရေးခြင်တာက [ဆိုး ဆိုတဲ့ ဘာသာစကားအသုံးအနုန်းကို အမျိုးမျိုးသုံးစွဲထားတာကို သေချာကြည့်သွားတယ် ။ ဘာသာစကားပေါ်မှာတည်ပြီးရေးတဲ့ ကဗျာတချို့ကို ဘာသာပြန်လို့မရဘူးလို့ ကျနော်ဖတ်ဖူးတယ် ။]
ReplyDeleteမပန်ရေးတာလည်း ကြိုက်တယ်
ReplyDeleteကိုပေါ ဖြည့်စွက် ခိုးသွားတာလည်း ကြိုက်တယ်
^-^
လာဖတ်ဖြစ်တယ်။
ရက်စက်ပါပေ့...း)
ReplyDeleteဆိုးတော့ဆိုးတယ် နွဲ့ဆိုးလေးတဲ့ :P
ReplyDelete“တကယ်တော့ ဘယ်ဆိုးချင်ပါ့မလဲ
ReplyDeleteဆိုးနေလို့ ဆိုးမိတာပါ
ဆိုးတာကို ဆိုးတယ်လို့ ပြောလို့မရပေမယ့်
ဆိုးတာကျတော့ ဆိုးမှန်းသိသတဲ့
ဆိုးကို ဆိုးပါတယ်လေ”
တွေးလေတွေးလေ တွေးမပြေ..:P
အတော်ဆိုးတဲ့ ကောင်မလေး ...
ReplyDeleteကဗျာတောင် ဆေးဆိုးတယ် ...
တော်ပြီ ... မစားတော့ဘူး ..
အဲလေ .. မဖတ်တော့ဘူး ...
အသာလေး ခိုးပြီးပဲ ကြည့်တော့မယ် :P
ဟာ..ပန်ပန်လဲ ခေတ်မီသွားအောင် ကဗျာကို ဆေးဆိုးတယ် ဆိုပါလား။ ပြေးမှ..
ReplyDeleteဆိုးချင်တာဆိုးလိုက်တော့အမပန်ရေ ကဗျာလေးလည်း
ReplyDeleteအရောင်တွေစွန်းလို့ :) ကောင်းသောနေ့ပါဗျာ :)
ဆေးရောင်နဲ့ ဆိုးတာက အငြိမ်းချမ်းဆုံးလို့ ယူဆရတာပါပဲ...။
ReplyDeleteဒီတလွဲလေးကလည်း ကောင်းလိုက်တာ။
ReplyDeleteတခါတလေတော့လည်း လောကကြီးမှာ
ReplyDeleteအရောင်လေးနဲ့မှ ဖြစ်မှာပါ
ဆိုးသင့်ပါတယ်
အဖြူရောင်အကျီ င်္လေးတစ်ထည်ကိုသတိရနေတယ်။
ReplyDeleteဆေးဆိုးတော့ ရောင်စုံလေးနဲ့လှတယ်
ReplyDeleteအဖြူထည်သက်သက်က လှပကြွရွပေမယ့် အစွန်းအထင်းမခံဘူးလေ။
အဖြူထည်သက်သက်က ဈေးကွက်မဝင်ဘူးတဲ့လား..
ReplyDeleteဆိုးနေတဲ့ခေတ်ကြီးထဲမှာ ဆေးဆိုးတာတွေ ခေတ်စားလို့
ဆေးဆိုးပန်းရိုက်ကော်မန့် တခုထားခဲ့တယ်..
ပန်ပန်တို့များ ခေတ်မှီအောင် ကဗျာတောင် အလွတ်မပေးပဲ ဆေးဆိုးလေသကိုး...
ReplyDeleteဆေးဆိုးတွေ သိမ်းနေတယ်နော်...
သတိထား..
:-D
ဆိုးချင်သလောက်သာ ဆိုးလိုက်ပါတော့..း)
ReplyDeleteအရဲကိုးပြီး ဒီကဗျာကိုလည်း ဆိုးလိုက်တယ်။
ReplyDeleteအရဲကိုးပြီး ဆေးဆိုးထားတဲ့ကဗျာက နီရဲနေသကိုးဗျ..
မပန်ရေ ကဗျာကိုဆေးဆိုးပြီးရင် ပန်းကောရိုက်ဦးမှာလားဗျ
တကယ်တော့
ReplyDeleteဆေးတွေကို ဆိုးဖို့ကြိုးစားရင်း
ဆေးတွေက ဆိုးတာကို ခံခဲ့ကြရတာ...
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ခပ်ဆိုးဆိုးပဲကောင်းပါတယ် :)
ReplyDeleteမဖြူစင်တော့ဘူး
ReplyDeleteဆိုးသွားပြီ..............
လက်ဖက်ကိုပြောတာလားဟင်။ :P
ReplyDeleteဆိုးထားတာ မဆိုးပါဘူး။
ReplyDeleteဆေးဆိုးပန်းရိုက် ခေတ်ကိုး
ReplyDeleteဟယ်… ဒီကဗျာဖတ်ပြီး မျက်လုံးမှာရော နှလုံးသားတွေပါ အရောင်တွေစွန်းသွားတယ်…
ReplyDeleteပန်ရေ… ဘယ်ချွတ်ဆေးက ကောင်းသလဲဟင်….
ဘယ်လိုမျက်စိလျှမ်းသွားပါလိမ့်...
ReplyDeleteကဗျာဆိုးဆိုးလေးကို...
တော်တော်ဆိုးတဲ့ ကဗျာပဲ။ ဆိုးမှကောင်းတဲ့ခေတ်ဆိုတော့လည်း ဆိုးကြရှာမပေါ့လေ။ ဆိုးလေစွ။ ဆိုးလေစွ။
ReplyDeleteသင်္ကြန်ကာလ နှုတ်ဆက်သွားပါတယ်။ ကျန်းမာကြပါစေ။
"... ရေးဖို့ဦးတည်တာတခြား ထွက်တာတလွဲ ဖြစ်နေတော့ ဘလော့ဂ်အတွက် ဖြစ်သွားတယ် ..."
ReplyDeleteအပယ်ခံ ထွက်ကုန်ကိုမှ ဘလော့ဂ်တင်ရသလားဗျ...း)
နေမကောင်းပါဘူးဆို ဇွတ်...သွား လူဇိုးး အယ်လေ လူဆိုး ကဗျာဆိုးက မဆိုးဘူးး)
ReplyDeleteဖြူဖြူကျော်သိန်းက တော့
ReplyDeleteဈေးကွက်မ၀င်ဘူးဆရာ
studio ခေတ်မှာ
ဆိုနိုင်မှ တော်ရုံကျတယ်
တကယ်တော့ ဘယ်ဆိုချင်ပါ့မလဲ
ဆိုနေလို့ ဆိုမိတာပါ
ဆိုတာကို ဆိုတယ်လို့ ပြောလို့မရပေမယ့်
ဆိုတာကျတော့ ဆိုမှန်းသိသတဲ့
ဆိုကို ဆိုပါတယ်လေ
ဆိုဒါ တွေကြားထဲ ကိုယ်ယောင်ဖျောက်ဖို့
ရဲလေးကိုအားကိုးပြီး ဒီကဗျာကိုလည်း
ဘော်ဒဂါနဲ့ ရောလိုက်တယ်။
ဆိုဒါပေါ့
ဆိုးနေပါလား ....
ReplyDelete