Technical help

Thursday, April 30, 2009

အသက်ရှူသံတွေ မူးဝေခြင်း



အသက်ရှူသံတွေ မူးဝေခြင်း

အသက်ရှူလမ်းကြောင်းမှာ ဆူးတွေထနေတယ်
ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ကျားကန်ထားတယ်
တေဇောဓာတ်များနေတဲ့ ဂြိုဟ်ပြာကြီးက
ကူးစက်တုပ်ကွေးသံသယနဲ့
ငါ့ကို ချောင်းဆိုးပျောက်ဆေး သောက်ခိုင်းတယ်
လူသူထူထပ်ရာ မသွားနဲ့
ရေများများသောက်
တနေ့နှစ်ခေါက် ကိုယ်ပူချိန်မှတ်
အလွှာအထပ်ထပ် မျက်နှာဖုံး ကာ
သွေးခုန်နှုန်းမကြာမကြာတိုင်းပေး
နွေးနွေးထွေးထွေးနေ
လက်တွေစင်ကြယ်အောင်ဆေးကြော
ဘယ်လိုပြောပြောပါလေ
အနာဂတ်ကို ငါမတွေး
ချောင်းဆိုးပျောက်ဆေးက ချိုတယ်
နှစ်ခွက်တည်းနဲ့ အမြင့်တက်နေတော့တယ်။

ပန်ဒိုရာ

15 comments:

  1. အဲဒါ တုတ်ကွေးဖြစ်တာ နေမယ်။
    ဆရာဝန်ပြပြီးပြီ
    ချောင်းဆိုးပျောက်ဆေးပေးပြီး အဖျားတစ်နေ့နစ်ခါ တိုင်းခိုင်းထားတယ။်
    သေမယ်တော့မထင်ဘူး.
    စိတ်တော့ပူမိတယ်။
    ဆီးချိုတော့ ရှိပုံမရဘူး

    (ကဗျာ ခက်ဆစ်) စကားပြေ

    ReplyDelete
  2. နံရိုးတွေကြားထဲက အဆုပ် တစုံမှာ ပါးစပ် မပါဘူး...
    သို့မဟုတ်... အဆုပ်တွေမှာ ပါးစပ် မပါတာဖြစ်မယ်...

    ReplyDelete
  3. နေမကောင်းဘူးလား ပန်ပန်
    ကျန်းမာရေးဂရုစိုက်အုံး
    ချောင်းဆိုးပျောက်ဆေးတွေ အများကြီးသောက်ပြီး မူးနေပြီထင်တယ်။
    ကွမ်းရွက်ဝယ်လို့ရရင် ကွမ်းရွက်ပြုတ်ရည်သေးသောက်။
    ဂျင်းပြုတ်ရည် သောက်လည်း ကောင်းတယ်။
    ကြုံတုန်း ဆေးမြီးတို ၀င်ပေးတာ။ :)
    မြန်မြန် ကျန်းမာပါစေ ...

    ReplyDelete
  4. ကျနော့်မိတ်ဆွေ (အမှန်တကယ်စားသုံးသူ) ဆေးသမားတဦး၏ အဆိုအရ ဂျူးရောင်းအိစ်ထ် ဆေးခန်းမှ “ချောင်းဆိုးပျောက်ဆေးရည်” သည် တကျွန်းလုံးတွင် ပစ္စည်းအမှန်ဆုံး ချောင်းဆိုးပျောက်ဆိုးရည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

    နှစ်ခွက်သောက်စရာမလိုပါ။ ၂၀ မီလီမီတာ သောက်လျှင်ပင် လိုအပ်သော စည်းစိမ်သို့ ရောက်ရှိနိုင်ကြောင်း သိရပါသည်။

    ReplyDelete
  5. ကျနော်လည်းဆူးတွေထနေတယ်
    ချောင်းဆိုးပျောက်ဆေးတော့မသောက်ဘူး
    အမြင့်တက်နေမှာစိုးလို့ :P

    ReplyDelete
  6. Let me make a joke.
    "အနာဂတ်ကို ငါမတွေး
    ချောင်းဆိုးပျောက်ဆေးက ချိုတယ်
    နှစ်ခွက်တည်းနဲ့ အမြင့်တက်နေတော့တယ်။"

    2 cup of medicine ( to suppress coughing)may should be formulated by
    Codeine( C18 H21 No3 H2O) and related Medicine from poppy juice.
    or
    Sedative-Hypnotic drug like librium, valium.
    After taken You can အမြင့်တက်

    Don't annoy me. It is a joke.
    Bino

    ReplyDelete
  7. :)

    မခင်ဦးမေ ကိုအောင်သာငယ် မမေ ကိုပေါ ကျော်ညိုသွေး Bino မှတ်ချက်များ ကျေးဇူးပါဗျို့

    နှစ်ခွက်ဆိုတာ တကယ်တော့ ဇွန်းကလေးနဲ့ ၂ ဇွန်း..တနေ့ ၃ ကြိမ်တဲ့။ ကာရန်လေးထည့်ချင်လို့ နှစ်ခွက်လို့ သုံးလိုက်တာပါ။

    ပါးပါးလေးပါ။ Don't be alarmed. :P

    ReplyDelete
  8. အမြန်ဆုံးနေကောင်းပါစေ…

    ReplyDelete
  9. ဟိဟိ.. အဟွတ်အဟွတ်..

    ReplyDelete
  10. မနေ့ညက စားတာတွေကြောင့်လား မသိ...
    ဒီနေ့ ပျောက်နေလို့... MC ယူပြီး နှပ်နေတာလား...
    ညလေးရော.. ချောင်းဆိုးသေးလား...

    ReplyDelete
  11. ပန်ပန်
    လက်ဘက်ရည်ဆိုင်က အချိုများသွားတာလားမသိ
    ထိုင်ရင်းကြာသွားလို့ အအေးပတ်တာလည်းဖြစ်နိုင်
    တယ်နော်..း)

    ReplyDelete
  12. ဟုတ်တယ်...

    ချောင်းဆိုးပျောက်ဆေး က ရီဝေ ဝေရီလေး...

    ကွန်ပစ်တယ်..ဆိုတာ ကြားဘူးမလား...

    ပိုးဖလံမျိုးတွေတော့ ပန် ရေ..
    ဒီလိုပဲ...တိုက်နေ..တိုးနေရ...

    ReplyDelete
  13. ကဗျာဆရာမ ဖျားလည်း ကဗျာကောင်းထွက်တယ်နော်...
    ဘာဖြစ်ဖြစ်...ဒါပေမယ့် ခုချိန်မှာတော့ သိပ်မကောင်းဘူး ထင်တယ်။
    ကျန်းမာရေးဂရုစိုက်ပါနော် မ...

    ReplyDelete
  14. သမီးပျို ကအသက်ရှုမ၀ပါဘူးဆိုမ ပန်ပန်ကလဲ နေကောင်းဘူးဆိုပဲ ထူးပါဝူးအေ အရက်သာ တောက်ပီးအိပ်လိုက်တော့ ဟီး

    ReplyDelete
  15. နှစ်ခွက်ထဲနဲ့ အမြင့်တက်နေတော့မယ် တဲ့ ဟဲဟဲ။ ကြိုက်သွားပြီ။

    ReplyDelete