Technical help

Sunday, May 31, 2009

ဘုရားသခင်က လွှတ်လိုက်တယ်

ဘုရားသခင်က လွှတ်လိုက်တယ်



ဘုရားသခင်က..
လွှတ် လိုက် တယ်
ပြည်ဝင်ခွင့်မှာ အကျုံးဝင်ဖို့
ဘုရားသခင် ထိုးပေးလိုက်တဲ့ လက်မှတ်လိုတယ်
ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ခင်ဗျား
လိုအပ်ချက်များ ပြည့်စုံမှ
နောက်တခေါက်ပြန်ကြွခဲ့ပါ။


ဘုရားသခင်က
လွှတ် လိုက်.. တယ်
ဘုရားသခင်က လွှတ်ပေးလိုက်တိုင်း
ဘာဒင်းမို့လို့ လွတ်ရမှာလဲ
ဘုရားသခင် အမိန့်ကိုပယ်ချ
အပါယ်ဝမှာ ထီမထင်
ရီ(ရယ်)တောင်ရီလိုက်ချင်သေးတယ်။


ဘုရားသခင်က လွှတ်..
လိုက် တယ်
ဘုရားသခင်က ဒီဘက်က လိုက်ရင်
ဟိုနောက်ကွယ်က ပတ်ပြေးမယ်
ဘယ်ခြောက်ကာ ညာလှမ်းလို့
သမင်လိုက်ခန်းတောင် ကလိုက်ဦးမယ်။


စကားရှုပ်ယှက်ရှင်းနဲ့
တရားထုပ်တက်နင်းပေါ့
ဘုရားသခင်…
ကိုယ်တိုင်ဆင်းခဲ့ပါ့။


ပန်ဒိုရာ

22 comments:

  1. ဘုရားသခင်က..လွှတ်လိုက်တယ်..တဲ့
    သူ့ကို ပျက်ရယ်မပြုမိပါစေနဲ့.. တဲ့

    ReplyDelete
  2. ထပ်တူဆန္ဒပြုမိပါတယ်ခင်ဗျာ

    ReplyDelete
  3. ဘုရားသခင်ကိုယ်တိုင်လဲ နေအိမ် အကျယ်ချုပ် ကျနေရတာပါ ...
    သူ့မှာ လုပ်ပိုင်ခွင့် အပြည့်အဝ မရှိဘူး..။

    ReplyDelete
  4. ဘုရားသခင်က ပြောတယ်။
    သူလဲ နိုင်ငံရေးအကျဉ်းသားတယောက်
    ကမ္ဘာမြေကြီးက လွတ်မြောက်ချင်သတဲ့။

    ကဗျာဆရာသစ်ကောင်းအိမ်က အဲလို ပြောသဟ။

    ReplyDelete
  5. ဘုရားသခင် ကိုယ်တိုင်
    ဆင်းခဲ့ပါ့...

    ReplyDelete
  6. ဘုရားသခင်က အင်းစိန် ကြိုးတိုက်ထဲ ရောက်နေတယ်ဗျ... (တိုးတိုးလေး ပြောသွားသည်)

    ReplyDelete
  7. တခါတခါ အဲဒီ တစုံတရာ တန်ဖိုးအနဂ္ခထိုက်တန်ဖို့ ဘုရားသခင်က အချိန်ယူလေသလား...။

    ReplyDelete
  8. ဘုရားသခင်ဟာ တခြားသွားတဲ့လူ မရှိတော့
    လူမှားလွှတ်မိတယ် ထင်ပါတယ်။

    ReplyDelete
  9. ဘုရားသခင်ဟာ
    တရားခွင်မှာ
    မတရားဆင်တာကို
    အများမမြင်သာအောင်
    တံတားအ၀င်မှာ
    စွမ်းအားရှင်တွေချထားပြီး
    လမ်းသလားလျှင်
    ဖမ်းသွားနိုင်မယ့် အခွင့်အရေးကို
    ရမ်းကားချင်တဲ့လူတွေကို ပေးသနားတော်မူထားတယ်။

    ReplyDelete
  10. စိန်ခေါ်ရဲလှချည်လား..

    ReplyDelete
  11. ကိုယ်တိုင်ဆင်းခဲ့ပါ... လူစားမလွှတ်ပါနဲ့...

    ReplyDelete
  12. လူသားတစ်ယောက်ပါးစပ်က
    ဘုရားသခင်လွှတ်လိုက်တယ်ထွက်ရုံနဲ့
    ပြောချင်တိုင်းပြောနေကြတာ
    မလွန်ကြဘူးလား...

    သေးသိမ်ညံ့ဖျင်းလွန်းတဲ့လူသားတွေက
    ဘုရားကိုတောင်အံတုနေကြတာ
    ဘာတွေဖြစ်လာမလဲစောင့်ကြည့်ပါအုံးမယ်..

    လူလုပ်ရင်လူသာခံရမယ်
    ဘုရားဆွဲထည့်စရာလိုမယ်မထင်ပါဘူး..

    ReplyDelete
  13. ဘုရားသခင်.. ကိုယ်တိုင် ဆင်းခဲ့ပ။

    အနောနီမက်နဲ့ တချို့ ရေ…..ဒီကဗျာရော၊ ဒီစာသားကို ဘုရားသခင်ကို စိန်ခေါ်တယ်လို့မထင်ပါဘူး။ အံတုတယ်လည်း မဟုတ်လောက်ပါဘူး။ ကဗျာဆရာက [ဂရုဏာသံလေးတောင်နဲ့ ဖြစ်မလားပဲ] ဘုရားသခင်ရဲ့ ကိုယ်စလှယ် [ဆိုသူ] ဒုက္ခရောက်နေလို့ ကိုယ်တိုင်ဆင်းပြီး လုပ်ဖို့ တောင်းပန်တယ်လို့ ထင်ပါတယ်။

    အပေါ်ကစာပုဒ်တွေလိုပဲ.. သူတို့ဟာ (ဘယ်သူလည်းလို့မမေးနဲ့) ဘယ်သူကိုမှ (ဘုရားသခင်အပါအ၀င်) ဂရုမစိုက်ကြတော့ဘူး။(ဘုရားသခင်ရဲ့ ကိုယ်စလှယ် [ဆိုသူ] ကိုထောင်ထဲထည့်ထားတယ်လေ။ တ၇ားရေးမှလည်း လှည့်ပတ်လိမ်ညာလို့။) ဒါကြောင့် ဘုရာသခင်းကိုယ်တော်တိုင် ဆင်းပြီး လုပ်လှည့်ပါ.. အဲလို။ တောင်းပန်တာ… တောင်းပန်တာ။

    အမှန်တော့ ကဗျာဆရာမက ဒီလိုကွန်မန့် လေး နောက်မှာရေးသင့်တာ။ (ပညာယူထားနော်..ပေးတုန်း)

    ဘုရားသခင်.. ကိုယ်တိုင် ဆင်းခဲ့ပါ့။ (မာန်တက်ပြီး စိန်ခေါ်လိုစိတ်နှင့်မဖတ်ရ).. :P

    နောက်…်အပေါ်ဆုံး ကွန်မန့်လိုမျိုး.. ဘုရာသခင်ကိုယ်စလှယ်တော်ကြီးကို ပျက်ရယ်ပြုတယ်လည်း မဟုတ်ဘူးထင်ရဲ့။ အဲဒီလူတွေ (မမေးနဲ့လို့ ပြောထားတယ်နော်) က ဘာကိုမှ ဂရုမစိုက်တာကို ဖော်ပြတာပဲ။ လှည်ပတ်ညစ်ပတ် ကစားတက်တာကို ဖေါ်ပြတယ်လို့ ထင်ပါတယ်။

    ကဗျာဆိုတော့ ရေးချင်တဲ့သူက သူစိတ်ကူးနဲ့ သူရေးပြီး ဖတ်တဲ့သူကလည်း ကိုယ်စိတ်ကူးနဲ့ ကိုယ်ဖတ်၊ ထင်ရာမြင်ရာကွန်မန့် (ဒီကွန်မန့်လိုမျိုး) ပေးကြတာဆိုတော့ တချို့ ကော်မန့်တွေကို စိတ်ထဲမထားဖို့ လိုတာပဲ။ အဲ.. ထားမိရင်းလည်း ရှင်းပေါ့လေ။

    ဒီတော့ အနောနီးမတ်လည်း သေးသိမ်ညံ့ဖျင်းလွန်းတဲ့လူသားတွေက (ငါတော့မပါဘူး. :D) ဘုရားသခင်ကိုအံတုတယ်ထင်ရင်လည်း ဘာတွေဖြစ်မလည်း စောင့်ကြည့်မနေပါနဲ့။ အကြောင်းမှန်ကို ရှင်းပြပေါ့။

    (အားယားနေလို့ ၊ မနေနိုင်မထိုင်နိုင်လို့၊ နားလည်မှုတွေ လွဲနေမှာစိုးလို့.. လို့...လို့ ၀င်ရေးတာ.. မဟုတ်ဘူးဆိုလည်း.. မဟုတ်ဘူးပဲပေါ့ :))

    ReplyDelete
  14. တေးမွန်ရေ- ခုလို ပြေရာ ပြေကြောင်း ဆိုရေးရှိက..ဆိုအပ်တာ..ကောင်းပါတယ်။

    အပေါ်ဆုံးက..တို့ရေးတဲ့ စာတွေကတော့..
    ပထမ တကြောင်းက.. ဂျွန်ယက်တော ဆိုသူ ပြောခဲ့တဲ့ စကားဖြစ်ပြီး..
    ဒုတိယ တကြောင်းကတော့.. ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်..သူမ ရဲ့ ရှေ့နေ တွေက တဆင့် အားလုံးကို လေးလေးနက်နက် မှာကြားလိုက်တဲ့ စကား တခုပါ။

    ရိုးရိုးပဲ ဖတ် ရှုတွေး တောပြီး..ရိုးရိုးပဲ ကူးယူ မှီငြမ်းထားလိုက်တာပါ။
း)

    ReplyDelete
  15. ကဗျာကို ဖတ်သွားပါတယ်။
    ကွန်မန့်တွေက အနည်းအကျဉ်း ရှုပ်ထွေးနေသလိုပဲ။

    သုခမိန်(E-Journal)

    ReplyDelete
  16. ကိုယ်သာဆိုရင်
    ဘုရားသခင်ကိုယ်တိုင်လို့ မပြောဘူးတော့ဘူး...
    ဘုရားသခင်ရဲ့ အဖဘုရားနဲ့ မယ်တော်ကိုယ်တိုင်ပါ ဆင်းလာပါလို့ ပြောမယ်...
    ဒါမှမဟုတ်လည်း ကိုယ်တော်ရဲ့ အဖိုးတော် ၂ ပါး ရော အဖွားတော် ၂ ပါးရော ပေါင်း ၄ ပါးလုံးပေါ့လေ...
    ဘာလို့ဆို ဘုရားသခင် တပါးထဲနဲ့မလောက်ငတော့တာ သေချာနေလို့ပါ...

    ReplyDelete
  17. အိန္ဒြာJune 1, 2009 at 8:59 PM

    လွှတ်ဖို့

    လိုက်ဖို့

    လို



    လား...

    ReplyDelete
  18. ဘုရားသခင်အလိုတော်တော်အတိုင်းပါပဲ။း)

    ReplyDelete
  19. တို့ တွေ ရှေးဘ၀က ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေနဲ့  ယခုလက်ရှိဘ၀မှာ ပြုနေဆဲ ကုသိုလ်တွေ အမြန်အကျိုးပေးပါစေလို့  ဆုတောင်းမိတယ် ပန်ရေ…

    ReplyDelete
  20. ကဗျာလေးဖတ်သွားပါတယ်။ သက်ပြင်းချသွားမိတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  21. ကဗျာကို သဘောကျနှစ်သက်မိပါတယ်။

    ReplyDelete
  22. ဒီကဗျာကို သဘောကျမိပါတယ်
    တော်တော်လည်း ကောင်းပါတယ်။
    ဒါကြောင့်
    တကယ် သဘောကျမိတာပါ။

    ReplyDelete