Technical help

Wednesday, July 22, 2009

သံလွင်နဲ့အတူ ပြန်လည် စီးဆင်းလာမယ်


အဟမ်း.. အဟမ်း.. ။

အနားယူတာ နည်းနည်းများသွားပါတယ်။ လာလည်ထားသူတွေ၊ ဆီပုံးထဲ ရေးသွားသူတွေ၊ အီးမေးလ်ပို့၊ message ပို့၊ ဖုန်းဆက် သတင်းမေးကြသူတွေ၊ တယောက်ယောက်ကနေ တဆင့် သတင်းမေးထားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပို့သတဲ့ မေတ္တာများကြောင့် အခုတော့ ကိစ္စအားလုံးလိုလို အဆင်ပြေလာပါပြီ။ မျက်စေ့နောက်ဖို့ ပြင်ထားကြပါ။

အခုလာမယ့် စနေ တနင်္ဂနွေမှာ ထွက်မယ့် သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း http://www.thanlwin.com/ နဲ့အတူ ပန်ဒိုရာရေးတဲ့ စာတွေကို ပြန်မြင်ကြရတော့မှာပါ။

သံလွင်အိပ်မက် ဆိုတဲ့ အင်တာနက် မဂ္ဂဇင်းလေးကို လူငယ်တစုက ဖန်တီးခဲ့ကြတာ အခုဆို ၅ နှစ်ပြည့်ပါပြီ။ အင်တာနက်လောကမှာ ၅ နှစ်ဆိုတဲ့ ကာလအထိ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တယ် ဆိုတာ အတော်ချီးကျုးစရာ ကောင်းပါတယ်။

သံလွင်အိပ်မက်ရဲ့ ၅ နှစ်ပြည့် အထူးထုတ် အနေနဲ့ ထွက်လာမယ့် မဂ္ဂဇင်းရဲ့ Theme ကတော့ “ဆင်းရဲမွဲတေမှု” ဖြစ်ပါတယ်။

  • ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပ အလွှာအသီးသီးက လူတွေကို မေးမြန်းထားတဲ့ အင်တာဗျုးတွေ
  • အယ်ဒီတာတွေ ရေးထားတဲ့ သံလွင်အိပ်မက် ဖြတ်သန်းမှု အတွေ့အကြုံ တွေ
  • ပင်တိုင်စာရေးသူတွေရဲ့ အမှတ်တရစကားတွေ (လက်ရေးမူဖြင့်)
  • ကဗျာ ၁၁ ပုဒ်
  • ၀တ္ထုတို ၁၃ ပုဒ်
  • ဆောင်းပါး ၁၂ ပုဒ်
  • ပေးစာ ၃ စောင်
  • အက်ဆေးလည်း ၇ ပုဒ် ၈ ပုဒ်လောက်နဲ့
  • အခြားတင်ဆက်နေကျ ကဏ္ဍတွေ ပါဝင်ပါမယ်။

သံလွင်အယ်ဒီတာ တဦးဖြစ်တဲ့ နေဘုန်းလတ်ရဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ပြန်လည်ဖော်ပြထားပါတယ်။ ဆောင်းပါးတွေထဲမှာတော့ ဒီတခေါက်ရဲ့ Theme ဖြစ်တဲ့ ဆင်းရဲမွဲတေမှု အကြောင်း ရေးထားတာက ၄ ပုဒ်လောက်ဖြစ်မယ်။ အခုခေတ်စားနေတဲ့ H1N1 အကြောင်း သိကောင်းစရာတွေလည်း ပါဝင်မယ်။ ရုံပြည့်ရုံလျှံ အားပေးထားကြတဲ့ ဆရာယောဟန်အောင်ရဲ့ ဟားဗတ်ဒိုင်ယာရီ အပိုင်း(၂) ကိုလည်း ရှုစားကြရမှာ ဖြစ်ပါကြောင်း။

ပန်ဒိုရာကတော့ ကဗျာသရုပ်ဖော်ပုံတချို့ ဟိုခြစ်ဒီခြစ် ကူညီ ရေးဆွဲပေးထားပါတယ်။ ထွက်ရင် ရှာကြည့်ပါ။ ကဗျာတစ်ပုဒ်နဲ့ နည်းနည်းရှည်တဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ပို့ထားခဲ့ပါတယ်။

လာမယ့် စနေ တနင်္ဂနွေမှာ မဂ္ဂဇင်း ထွက်တာနဲ့ အကြောင်းကြားပေးပါမယ်။
မျှော် ဟော် ဟော်..။

20 comments:

  1. အော ဟော ဟော...
    မျှော်တုန်းမျှော်ဆဲ သူလဲရောက်လာ ဆိုသလိုပါပဲ...
    စာတွေဖတ်ဖို့ စောင့်နေပါတယ်...

    ReplyDelete
  2. မျှော်နေတာကြာပါပြီ အစ်မရေ...
    ကျန်းမာပျော်ရွှင်စွာ စာတွေ ပြန်ရေးနိုင်ပါစေ...
    w..e..l..c..o..m..e... b..a..c..k

    ReplyDelete
  3. အမပန်

    စာတွေဖတ်ချင်တယ်ဗျာ

    ReplyDelete
  4. ကြိုဆိုပါ၏..မပန်....။

    ReplyDelete
  5. ကြိုဆိုပါ၏..မပန်....။

    ReplyDelete
  6. ထွက်ရင် လာဖတ်ပါ့မယ်ဗျာ

    ReplyDelete
  7. မျှော်လိုက်ရတာ ပန်ပန်ရေ ...
    စာတွေဖတ်ရတော့မယ်ဆိုလို့ ၀မ်းသာပါ၏။

    ReplyDelete
  8. အဲ ပြန်လာပြီလား။ မျှော်နေတာ ကြာလှပြီ။ ရေးတော့ ရေးတော့။

    ReplyDelete
  9. မရေ...မျှော်နေတာ။

    ReplyDelete
  10. ပြန်လည် စီးဆင်းလာတာ သိလိုက်တယ်။း)

    ReplyDelete
  11. ဟုတ်ပါပြီ... မျှော်နေမယ်နော်.. စာတွေရေးပါအုန်း... :)

    ReplyDelete
  12. ကောင်းပါလေ့... ဖတ်ရဦးမည်ပေါ့

    ReplyDelete
  13. အိန္ဒြာJuly 23, 2009 at 10:27 PM

    အော်......

    ချောင်းဆိုးကျန်နေသေးတာကိုးးးးးးးးးးး

    ReplyDelete
  14. ပန်ပန် ပြန်လာပြီဆိုလို့ ၀မ်းသာတယ်။ စာကောင်းတွေ ဖတ်ရအုံးမယ်။

    ReplyDelete
  15. ရိ..အု...ဟိတ် ....

    သံလွင် ထွက်ဖြစ်အောင် ကွန်ဖူးကားတွေထဲလို ကီ သွင်းကြည့်တာ ...း)

    အခြေအနေ အမျိုးမျိုးကြားက သံလွင်ကို အမြဲအားပေးကူညီနေတဲ့ မပန်ကို အထူးကျေးဇူးတင်လျက်

    ReplyDelete
  16. စီးဆင်းလာတာ
    ကြာလှချည့်...း)
    ATN

    ReplyDelete
  17. မဂ္ဂဇင်းကြော်ညာဖတ်သွားပါတယ်။ဆင်းရဲခြင်းအကြောင်း တွေကိုဖတ်ရမှာဆိုတော့စိတ်ဆင်းရဲရလိမ့်မယ်ထင်တယ်။ ပန်ဒိုရာက မြစ်တစင်းနဲ့အတူ ပြန်လာမယ်ဆိုတော့ သတိထားပြီး စောင့်ကြည့်ရမှာပေါ့။ ဒို့ဆီလာပြီး နှုတ်ဆက်တာ ကျေးဇူးပဲ။ ချမ်းချမ်းသာသာ မဟုတ်ပေ မယ့်လည်း ကျန်းကျန်းမာမာတော့ ရှိနေတုန်းပါ။ အောင်မြင်ပါစေ ပန်ဒိုရာ။

    ReplyDelete