Technical help

Monday, October 26, 2009

ကမ္ဘာကြီးပျက်တဲ့ ကိစ္စ




"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့...
ဘယ်လိုတွေ ခံစားတွေးတောမိမလဲ...ဘယ်လိုတွေနေထိုင်ကြမလဲ... မအိန္ဒြာက အိနြေ္ဒကြီးနဲ့ တက်ဂ်လာပါတယ်။

(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ရယ်စရာကောင်းတဲ့လူတွေဆိုရင် ဘယ်သူဖြစ်ဖြစ်ပါ။ မစ္စတာ Bean တို့၊ Ben Stiller တို့။ ငပေါများဂေဟာက ပေါညီတို့ ဆိုရင်လည်း လက်ခံပါတယ်။

(၂)။ဘာတွေခံစားနေရမလဲ..

ဘယ်လိုလေးများလဲ။ ဘယ်လိုကြီးများလဲ။ ဘုရားပွဲမှာ ချားရဟတ်စီးတာထက်တော့ ရင်ခုန်စရာကောင်းမှာ သေချာတယ်။ စိတ်လှုပ်ရှားတာနဲ့ ထလိုက်ထိုင်လိုက် မီးဖိုချောင်ထဲဝင်ပြီး လုပ်မိလုပ်ရာ တခုခု စားလိုက်သောက်လိုက် ဖြစ်နေမယ် ထင်ပါတယ်။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

Charging အပြည့်သွင်းထားတဲ့ ပေါ့ပါးတဲ့ ဗွီဒီယိုကင်မရာ ကောင်းကောင်းပေါ့။ မသေဘဲ ကျန်ခဲ့ရင် ဖြစ်ခဲ့တာတွေကို ပြစားရမယ်။ အဲဒီလို စီးပွားရေး အကွက်မြင်ရတယ်။

(၄)။ ၀မ်းနည်းမိမှာက

ဖြစ်လာမယ့်နေ့မှာ အင်တာနက်ကြီး shut down ဖြစ်နေမှာကို ၀မ်းနည်းတယ်။ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်နေမှာပဲ။ အဲဒီအချိန်မှာ ကမ္ဘာအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းတွေနဲ့ .. အဲဒီဘက်မှာ ဘယ်လိုနေလဲ၊ ဒီမှာတော့ ဘာဖြစ်နေပြီ … ဘာညာ အွန်လိုင်းကနေ ပွားနေရရင် ကောင်းမှာ။ ကော်နက်ရှင် ကောင်းကောင်းလေးနဲ့ ဘလော့ဂ်ထဲမှာ အဖြစ်အပျက် ဓာတ်ပုံတွေ live တင်လို့ရရင်လည်း ကောင်းမှာ။

(၅)။ ကြောက်လန့်မိတာက..

ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့မှာကို…။ ဖြစ်ပျက်ပြီး ကျန်ခဲ့တဲ့ အမှိုက်တွေ ဘယ်လိုလုပ် ရှင်းမလဲ။ တို့က ခါးချိုးပြီး အလုပ်ကြမ်းကြမ်း တသက်လုံး လုပ်ဖူးတာမဟုတ်ဘူး။

(၆)။ ဆောင်ထားချင်တာ..

ဘက်ထရီအပိုတွေပေါ့။ လျှပ်စစ်မီးက တော်တော်နဲ့ ပြန်ရဦးမယ် မထင်ဘူးလေ။

(၇)။ ဘာတွေရေးမိမလဲ..

တလလောက်ကြိုပြီး ကျောက်တုံးကောင်းကောင်းပေါ်မှာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ သေသေချာချာထွင်းပြီး ရေးခဲ့ဖို့လုပ်ရမယ်။ ရေးတာကတော့ ဘာစာဖြစ်ဖြစ်ပါ။ ရေးသူနာမည်က ခပ်ကြီးကြီး ထင်ထင်ရှားရှား ဖြစ်ဖို့လိုတယ်။ သက်ရှိတွေ ပြန်ပေါ်လာပြီး နှောင်းလူတွေ ပြန်တူးဆွမိတဲ့အခါ အရင်ကမ္ဘာက ပန်ဒိုရာကျောက်စာ ဆိုပြီး ကျောင်းတွေမှာ သင်ရစေ့မယ်။

(ဂ)။ တွေးမိတွေးရာ အတွေး

သေသွားရင် ငရဲပြည်ရောက်မှာလား နတ်ပြည်ရောက်မှာလား။ ငရဲပြည်ရောက်ရင်တော့ ဟိုလူကြီးနဲ့ ပြန်ဆုံနေဦးမလား မသိ။ နတ်ပြည်မှာတော့ အင်တာနက် ရှိပါ့မလား။

(၉)။ ဂုဏ်ယူချင်တာက

ကမ္ဘာကြီးပျက်ခါမှပျက်ရော အထူးတလည် အံ့သြနေစရာမလိုပါဘူး။ ဒါတွေဖြစ်လာမယ်လို့ တကမ္ဘာလုံးက အခုလို ကြိုသိထားပြီးသားပဲလေ။ တို့လူသားတွေကွ။ ဟင်းဟင်း။

(၁၀)။ ရှာကြံဖြေသိမ့်မိတာက

အလုပ်ထဲမှာ ပရောဂျက်တွေ Deadline မမီတာ ကိုယ့်အပြစ်ကြောင့် မဟုတ်တော့ဘူးပေါ့။ ကမ္ဘာပျက်တာကို လွှဲချလိုက်လို့ရပြီ။ ဟဲဟဲ။

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း

တစ်ဆယ်.. ကိုး.. ရှစ်.. ခုနစ်… ခြောက်… ငါး…. လေး…. သုံး-နှစ်ပိုင်းတပိုင်း… သုံး… နှစ်-နှစ်ပိုင်းတစ်ပိုင်း.. နှစ်-လေးပိုင်းတစ်ပိုင်း.. နှစ်…. အဲ.. ပြီးတော့.. အဟမ်း..


မသက်ဝေကို တက်ဂ်ချင်ပါတယ်။ (သူက ကြောက်တတ်ပုံပဲ။ ပိုးဟပ်တောင် ကြောက်တာ။)
ပုံရိပ်ကိုလည်း တက်ဂ်ချင်ပါတယ်။ (သူက ခပ်တည်တည်နဲ့။)
ကိုဇာဇာ ကိုလည်း တက်ဂ်ချင်ပါတယ်။ (သူက ပိုတည်တယ်။)

ပန်ဒိုရာ



31 comments:

  1. ခပ်တည်တည်နဲ့ လူကို တက်ဂ်ချင်တာလား။ ခပ်တည်တည်ကြီး ရေးကြည့်ဦးမယ်။ ရှာကြံဖြေသိမ့်ချင်တဲ့ အချက်ကို သဘောတူပါ၏။

    ReplyDelete
  2. သားသားကြောက်တယ်..း(

    ReplyDelete
  3. မပန်ဒိုရေ.
    ကမ္ဘာကြီးကပျက်ချင်ရင်လည်းပျက်
    ကမ္ဘာကြီးကိုဖျက်တဲ့အထဲတော့မပါချင်ပါဘူးဗျာ.

    ReplyDelete
  4. အားလုံး သေရမယ်ဆိုရင်တော့ ကမ္ဘာကြီး ပျက်ရင်လည်း ပျက်ပေါ့ သိပ်တွေးမကြောက်ဘူး။ ဒါပေမဲ့ ပန်ဒိုရာရဲ့ ကမ္ဘာကြီး ပျက်ရင် တယောက်တည်း အသက်ရှင်ကျန်ခဲ့ရမှာကို ကြောက်တယ်ဆိုတာ တခုကြောင့် အတွေးရပြီး ကိုယ်ဆိုရင်လည်း ဘယ်လိုနေမလဲမသိဘူးလို့ တွေးပြီး ကြောက်နေမိတယ်။

    ReplyDelete
  5. ကျောက်ကျောOctober 26, 2009 at 3:21 AM

    ဟားဟားဟား တကယ်ဘာမှမဖြစ်သေးတော့ ပြောင်စေ ပျက်စေပေါ့ တကယ်ဖြစ်ကြည့် ဖင်ပူးထောင်ပြီး အော်နေမှာကျိမ်းသေတယ်

    ReplyDelete
  6. အတွေးလေးတွေက မိုက်လိုက်တာ မရယ်။
    သဘောကျလိုက်တာ။

    ReplyDelete
  7. ဆောင်ထားချင်တာကို သဘောကျသွားပြီ။
    ပန်ပန် မြန်မာဆိုတာ ဒီလိုမှပေါ့ကွ..

    ReplyDelete
  8. ကမ္ဘာကြီး ပျက်ခါမှ ပျက်ရော...
    မနက် စောစောစီးစီး စိတ်ကြည်လင်စရာလေးတွေ ဖတ်ရလို့ ပါးစပ်မစေ့နိုင်အောင် ရယ်နေရတယ်...
    အဲ.. အဲ... Tag ထားတယ် ဆိုတဲ့နေရာရောက်မှ ပါးစပ်ပိတ်သွားလေတော့တယ်... :-0

    ဒါပေမယ့် ရေးမှာပါ...
    ကိုယ်လို ငကြောက်ကို ကမ္ဘာကြီးနဲ့ ချီတဲ့ ကြီးကြီးမားမားကိစ္စတွေ လာ Tag တာပဲ... ကိုယ်ဘယ်လောက်ကြောက်လဲ ဆိုတာ ရေးရပေအုံးတော့မပေါ့... ဟဲဟဲ..

    Great start for Monday morning...
    Thank you...!!!

    ReplyDelete
  9. ပန်ပန်ရေ...

    သဘောတွေကျလိုက်တာ...

    အဲလိုတွေဖတ်ချင်တာ...
    ကိုယ်ကမရေးတတ်လို့........

    ကျေးဇူး အထူး ဥပကာရ

    ချစ်တဲ့

    ReplyDelete
  10. မပန်ရေ
    မပန်ရဲ့ အစီအမံလေးကို သဘောကျတယ်....
    ညီမကတော့ ဝါဆိုဖယောင်းတိုင်တွေ မီးခြစ်တွေ စုထားမယ်...
    အရေးပေါ်ပေါ့နော်

    နှင်း

    ReplyDelete
  11. ကမ္ဘာပျက်ရင် ဒုက္ခ အဟီးး ဘလော့မဂင်းရတော့ဘူး မပွားရတော့ဘူး ဟုတ်တယ် ဒါလဲ ကြောက်စရာပဲး)

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  12. ပန်ဒိုရာကျောက်စာကိုတော့ဖတ်ချင်သား။ ဘာ ဘာသာနဲ့ရေးမှာလဲဟင်?

    ReplyDelete
  13. ကမ္ဘာမပျက်ခင် တရက်မှာ
    ငါသတ်ချင်နေသေးတာက
    ...
    ကမ္ဘာပျက်တော့ရော ဘာထူးလဲ
    ငါမူးလဲနေရုံ
    အမေ့အိမ်ကိုလွမ်းလို့ ရင်ခုန်ရင်းသေမယ်
    နောက်ဘဝဆိုတာ
    နောက်ထပ် လှလှပပဂျောက်ကျနေရဦးမယ့် နေရာ
    ဒီနေရာ.ဒီကမ္ဘာမှာ လူဖြစ်ရုံနဲ့တင်လုံလောက်
    နောက်ဘဝထိ ငါ.လမ်းဆက်မလျှောက်ချင်ဘူး

    ပန်ပန်ကိုအားနာလို့ ...ဆိုပြီးရေးသွားတာနော်.အဟမ်း.အဟမ်း

    ReplyDelete
  14. တကယ်ကြီးကိုပျက်မယ့်ပုံနဲ့
    တကယ်ကြီးကိုပြင်ဆင်နေကြပုံပဲ
    မပျက်ခင်
    ဝိုင်တစ်ပုလင်းလောက်နဲ့
    ကဗျာလေးတစ်ပုဒ်လောက် စုရေးရအောင်လေ
    ဘယ်လိုလဲ
    အဖြေပေးနော်း))

    ReplyDelete
  15. ကျိန်းသေတာကတော့ အဲဒီအချိန်မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ မနေချင်ဘူး...။

    ReplyDelete
  16. အင်း
    သူက တော်တော် ပေါသွားပြီးပြီ
    ကိုယ်က ဘယ်လို ထပ်ပေါရပါ့
    ညနေပိုင်းမှ ပေါပါတော့မယ်လေ
    ခုတော့ မနက်ခင်း စောစောစီးစီးမို့  ခပ်တည်တည် နေလိုက်ဦးမယ်
း)
    ဇာ
    အချိန် - မနက် ၁၁း၀၀၊ အောက်တိုဘာ ၂၆၊ မန်းဒေး၊ (ကမ္ဘာပျက်ရန် ၃ နှစ်အလို)

    ReplyDelete
  17. မနော် ပြောသလို လုပ်တာ ကောင်းမယ်ထင်တယ်... ၀ိုင်သောက်ပြီး နောက်ဆုံး ကဗျာ တပုဒ် စုရေးကြတာပေါ့...

    ReplyDelete
  18. နောက်တစ်ကမ္ဘာမှာ မြန်မာစာ အင်္ဂလိပ်စာ မရှိရင် ပန်ဒိုရာကျောက်စာကြီးတော့ တွားပီ..:P

    ReplyDelete
  19. သဘောကျတယ်။
    သိပ်တွေးတတ်တာပဲ။

    ReplyDelete
  20. ကမ္ဘာကြီး ပျက်တဲ့ အခါ ဘာတွေ လုပ်မိမလဲ တော့ ခုထိတွေးလို့ မရသေးဘူး အစ်မပန်ရေ .... တည်နေတဲ့ အချိန်မှာတောင် မနက်ဖြန်အတွက် အချိန်ဇယားက မသေချာသေးလို့ ဖြစ်မယ်ဗျ ...... အစ်မရဲ့ အတွေး လေး ဆန္ဒလေးတွေ ကို ဖတ်သွားပါတယ်
    လေးစားလျှက်
    ရန်ကုန်သား :)

    ReplyDelete
  21. It was said in.....Revelation Chapter 16, verse 18

    Then there came flashes of lightning, rumblings, peals of thunders and a severe earthquake. No earthquake like it has ever occurred since man has been on earth, so tremendous was the quake.

    Also on Revelation Chapter 16, verse 20..it said..

    Every island fled away and the mountains could not be found. From the sky, huge hailstones of about a hundred pounds each fell upon men.

    Please search God.

    ReplyDelete
  22. ပန်ဒိုရာကျောက်စာ သင်ချင်ပါတယ်ဗျို့ :D

    ReplyDelete
  23. တယ် မိုက်ပါလား ပန်ရေ… အဲဒီလို အတွေးလေးတွေ ဘယ်လိုများတွေးလိုက်ပါလိမ့်… အားကျသာ…

    ReplyDelete
  24. ပြောဖို့ မေ့သွားလို့ .. ကာတွန်းလေးကို အကြိုက်ဆုံးပဲ…

    ReplyDelete
  25. ဟာသဥာဏ်ရှိလိုက်တာ

    ReplyDelete
  26. လာဖတ်သွားပါတယ်

    ReplyDelete
  27. ကမ္ဘာပျက်မယ့်အကြောင်းတော့ မရေးဝံ့ပေါင်ဗျာ။ အလိုလိုကမှပျက်ပျက်နေလို့ လန့်လန့်နေရတဲ့အထဲ။ အထိတ်တလန့်ရေးရာကျွမ်းကျင်သူမဟုတ်တော့
    အရေးလွဲရင် ပိုဆိုးကုန်လိမ့်မယ်။
    ကောင်းကောင်းကန်းကန်းလေးတွေလာမှ
    အဖေါ်ညှိပါအေ။

    ReplyDelete
  28. မယ်ပန် တို့ လိုလူတွေကိုရောင်းဖို့..
    ခုကထဲက ဘက်ထရီတွေ လှောင်ထားအုန်းမှပဲ...

    ReplyDelete
  29. မပန်ရေ..
    ဖတ်ပြီးနေတာကြာပြီဗျ ခုမှ မန့်ဖြစ်တယ်..
    တော်ကြာ မမန့်လိုက်ရပဲ ကမ္ဘာကြီးပျက်သွားမှဖြင့်နော်..း)

    ကမ္ဘာကြီးပျက်မယ့်အရေး မပန် မြင်တဲ့ဘက်က လာရပ်ကြည့်လိုက်တော့ ပြုံးပြီးရင်း ပြုံးရင်း ပေါ့ပါးသွားသလိုပဲ..း)

    ကြောက်လန့်မိတာက..
    “ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့မှာကို…” ဆိုတာကတော့ တွေးစရာပဲ.. ကျနော်လည်း အဲ့ဒါကိုတော့ ကြောက်မိသား..။

    ဘာပဲ ဖြစ်ဖြစ် ဒီ တဂ်ပိုစ့်လေးက အားလုံး တွေးသင့်၊ ရေးသင့်ပါတယ်.. အကြောက်တရား မဟုတ်တဲ့ အသိတရား တစ်ခုခု ရနိုင်တယ်ဆိုရင်ကို အမြတ်ပဲလေ.. မဖြစ်နိုင်ရင်လည်း မဖြစ်နိုင်ကြောင်း အသေအချာ ရေးမယ့်သူ ရှိရင်တော့ ကောင်းသားနော်..။

    ရေးနေကြတာတွေက ဥသျှစ်သီး ကြွေကျလို့ ထပြေးကြတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ.. ပွဲမဝင်ခင် ကြိုတင် လေ့ကျင့်တာလို့ ပြောရင်လည်း ကမ္ဘာပျက်မှာ ယုံသလိုကြီး ဖြစ်နေဦးမယ်.. ဘာပဲဖြစ်ဖြစ် အပြေးလေ့ကျင့်ထားတော့ သက်လုံကောင်းတာပေါ့နော့်..း))

    ကဲပါလေ.. ဆက်ပြေးကြဦးစို့..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
    ကိုရင်နော်

    ReplyDelete
  30. ဟီဟိ ... တမင် ရေးပြီးမှ လာဖတ်တာ။ တော်ကြာ ခိုးချမိမှာစိုးလို့၊ ဒါတောင် တချို့အချက်တွေ တူနေသေးတာနော်။ ခုလည်း ကိုဇာနည့်ဆီက ခိုးချမိသေးတယ် သိလား။ ဘာပဲဖြစ်ဖြစ် တချိန်မှာ ပန်ဒိုရာကျောက်စာဆိုပြီး သင်ကြရင်တော့ မဆိုးဘူးဘဲ။ အဲ့ကျောက်စာထဲမှာ အစ်မ နာမည်ပါ ထည့်ရိုက်ပေးနော်။

    ReplyDelete
  31. သြော်..ကမ္ဘာပျက် သီအိုရီ ကြီးကို ကူဖွ ကြသော သူများပေပဲ..ဘယ်သူတွေ များလဲလို့.. ဘလော့ကမ္ဘာတော့..တော်တော်ပျက်သွားတယ်။း)

    ReplyDelete