ကိုရင်ညိန်း စီစဉ်ပါတယ်။ စာရေးဆရာ ဆရာမတွေနဲ့ ဘလော့ဂ်ထဲကစာရေးသူတွေရဲ့ ကဗျာတွေကို စုဆောင်းထားတာဖြစ်ပါတယ်။ ပန်ဒိုရာရေးတဲ့ "အဆုံးအစမဲ့သော" ဆိုတဲ့ ကဗျာအသစ်တစ်ပုဒ်လည်း ပါဝင်ပါတယ်။ သရုပ်ဖော်ပုံလည်း နည်းနည်း ကူဆွဲပေးဖြစ်ပါတယ်။
ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀
အဆုံးအစမဲ့သော

အို…. အေးစက်တိတ်ဆိတ်မှုမှာ ချောင်းမြောင်းပျော်ဝင်နေတာ မျက်လုံးစိမ်းဖန့်ဖန့်တွေပဲ
သိန်းစွန်ခြေသည်းများအသည်းတယားယား ဆောက်တည်ရာမဲ့ ကြက်သားပေါက်ငယ်လို
လေဟာနယ်ထဲအာခေါင်ခြောက်ကပ်တစစ်စစ်ဝေဒနာကြောင်ပါးကြီးတွေရဲ့မြီးတံတိုတွေနဲ့
စုန်ဆင်းသွားတဲ့ မြစ်ရေယဉ်က ပါးပြင်ကိုပွတ်တိုက်လာမယ့် နူးညံ့လေပြည် ဘယ်မှာလဲ
ရွှေဗျိုင်းငယ်ငယ် တောင်ပံခတ်မယ့် အေးအေးအိုအို တေးသံချိုချို ဘယ်မှာလဲ
ဆူးခက်ကြမ်းတမ်း သွေးစိမ်းဖြန်းဖြန်း ယိုင်လဲပြိုအိ ခလုတ်တွယ်ငြိစဉ်
ဟင်…. ညိုးရော်ခြောက်သွေ့ရာမှ ပြုံးမွေ့နိုးထလာသော နွေနေလယ်မြက်ပင်ရိုင်း
ခပ်လှမ်းလှမ်းက သင်းသင်းသာသာ လွင့်ပါးပျောင်းနွဲ့ ငြင်းသွဲ့သဏ္ဍာန် ၀ိုးတ၀ါးအသံ
အလို …. ထစ်ချုန်းပြိုးပြက် တခဲနက်နက် လျှပ်ရောင်ဝင်းလက်သွား ၀င်းလက်သွား
အသွေးအသားစိမ့်ဝင်ပေါက်ဖွားသွန်းချဖြန့်ဝေအဖြူရောင်မေတ္တာစက်တွေမတ္တာစက်တွေ
ဟော… အားပါးတရ သောက်မျိုချိုထွေး အနွေးဓာတ်ငတ်မပြေ ငတ်မပြေ…
ဖ၀ါးလက်နှစ်လုံးနဲ့ အားယူထစ်ထစ် ကုတ်ခြစ်တွယ်တက်မိတာ မြင့်မိုရ်တောင်စွန်းမှာ…။
ပန်ဒိုရာ
မနှစ်ကလည်း ထုတ်ဝေခဲ့ပါတယ်။ မနှစ်ကစာအုပ်ကိုတော့ ဒီနေရာမှာ ပြန်ဖတ်လို့ရပါတယ်။
ကိုရင်ညိန်းကိုရော၊ ပြန်တင်ပေးတဲ့ မပန်ဒိုရာ နဲ့ ကိုဆောင်းယွန်းလ ကိုရော၊ ကျေးဇူးပါ ခင်ဗျား။
ReplyDeleteမမပန် --- ကဗျာစာအုပ်ဖတ်ချင်တာ download ဆွဲလို့မရဘူး။ ဘယ်လိုလုပ်ရမလဲ
ReplyDeleteIt frequently amazes me specifically how web site owners for instance your self can find enough time as well as the commitment to carry on creating good blog posts. Your site isgreat and 1 of my ought to read internet sites. I just had to thank you.
ReplyDelete