Technical help
Tuesday, January 12, 2010
ရေးဖြစ်ခဲ့တဲ့ သရုပ်ဖော်ပုံ အချို့
ပုံဆွဲရတာ ပျော်တဲ့အတွက် ဆွဲချင်စိတ် ပေါ်လာတဲ့အခါ ဆွဲတတ်သလို ဆွဲပါတယ်။ ပန်းချီဆရာ တယောက်ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပါ။ စနစ်တကျလည်း မသင်ယူဖြစ်သေးပါ။ အင်တာနက်ထဲက ပုံအများစုကို MS paint နဲ့ Photoshop7 သုံးပြီး ရေးခြစ်ပါတယ်။ အခုဝယ်ထားတဲ့ Bamboo Pen & Touch နဲ့တော့ ပုံတွေ သေသေချာချာ ဆွဲမကြည့်ရသေးပါဘူး။ mouse ဒါမှမဟုတ် laptop က touchpad ကိုပဲသုံးနေသေးတယ်။
သူများတွေအတွက် ရေးဖြစ်ခဲ့တဲ့ သရုပ်ဖော်ပုံတချို့ကို ကိုယ့်ဘလော့ဂ်ပေါ်မှာ ပြန်စုစည်းကြည့်တာပါ။
ပြိုင်တူလင်းတဲ့ကောင်းကင် အီလက်ထရွန်းနစ်ကဗျာစာအုပ်မှာ ကိုအောင်သာငယ်ရဲ့ တမ်းတခြင်းနွေဦး ကဗျာအတွက် ရေးဖြစ်ခဲ့တဲ့ပုံ
နှင်းခါးမိုး (ကိုဝေလင်း) ရဲ့ မေ၏အပြုံး
နှင်းခါးမိုး ရဲ့ ပန်းစိုက်တဲ့ မိုးရေစက်
နှင်းခါးမိုး ရဲ့ သစ်ခွစိုက်မယ့်သူ
သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့အထဲက
မိုးလှိုင်ညရဲ့ စာမျက်နှာတွေဆုတ်ဖြဲထားတဲ့ သမိုင်းဖတ်စာ
သိုးထိန်းရဲ့ဘယ်လိုမှရပ်စဲလို့ မရတဲ့ကိစ္စ
ခေလွန်းရဲ့ အမှောင်ထဲကကောင်
မိခင်များနေ့အတွက် ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ ၂၀၁၀ ကဗျာစာအုပ်မှာ
စိုင်းလောင်ဝိန်းရဲ့ အမေအတွက် ကဗျာ ၃
ရွှေပြည်သူရဲ့ ကတိ
အိန္ဒြာ ရဲ့ အမေကတော့ကျမကို လက်ဆောင်အဖြစ်ပေးလိုက်ပြီ
ကောင်းကောင်း မကောင်းကောင်း ကြည့်သွားကြပေါ့နော်။ :) စာရေးဖို့တော့ လောလောဆယ် တိုင်ပတ်နေလို့ မရေးနိုင်သေးဘူး။
ပန်ဒိုရာ
22 comments:
  1. မပန်ဒိုရာရေ...
    ပုံလေးတွေဆွဲထားတာ... ကောင်းတယ်ဗျ...။
    အားကျတယ်...။ ကျွန်တော်လည်းဆွဲတတ်ချင်တယ်...
    ဒါပေမယ့် ဖြစ်မယ်မထင်...ကိုယ့်ကိုယ်ကိုလေ....း))
    ခင်မင်တဲ့
    ဏီလင်းညို
    ReplyDelete
  2. ကောင်းပါတယ်ရောကွယ်..
    touchpad နဲ့ ဆွဲတာမို့ကို ပို နက်နဲ လှပ နေတော့တယ်။း)
    အဲလိုမှန်းသိ.. သရုပ်ဖော်ပုံ တပုံ အပ်ပါတယ်..း)
    ReplyDelete
  3. ပန်ဒိုရေ...
    သရုပ်ဖော်ပုံနဲ့ ပါတ်သက်လို့ တော့ ပထမဆုံး
    ကွန်မန့် ပေါ့...
    အားပေးတယ် ပန်ဒိုရေ..
    ပန်းချီဆရာ ဆိုတာတော့ ကျနော်လဲ မဖြစ်ချင်ဘူး။
    ပန်းချီကို ချစ်မြတ်နိုးစွာ ရေးဆွဲသူဘဲ ဖြစ်ချင်တာ..။
    ဆက်ရေးပါ ပန်ဒိုရေ..။အားပေးပါတယ်..
    ကျနော်လဲ အဲဒီ wacom table လေးကိုစိတ်ဝင်စားတယ်ဗျ..။
    ပုံတပုံကို ရေးဆွဲနေတုန်းဗီဒီယို ၇ိုက်ပြီးတင်တာနဲ့ စာရင် အဲဒါလေးတွေနဲ့ ကွန်ပြူတာမှာ photoshop သုံးပြီး ရေးဆွဲတင်ပြတာက ပေါ့ပေါ့ပါးပါးလေးဖြစ်မယ် ထင်လို့ ..။
    ReplyDelete
  4. ပန်ဒိုရေ..
    ပုံလေးတွေ အတွေးကောင်းတယ်..
    အမြဲရေးနော်..
    ကျနော်က တော့ ပန်းချီဆရာမဖြစ်ချင်ဘူး..
    ပန်းချီပညာကို မြတ်နိုးစွာ ရေးဆွဲသူဘဲ ဖြစ်ချင်တယ်..
    ပန်ဒိုလို ပေါ့..။
    ပုံတွေ အမြဲ ဆက်ဆွဲနော်..။
    ReplyDelete
  5. ပုံလေးတွေ အတွေးကောင်းတယ်..
    ReplyDelete
  6. မပန်ဒို
    ခင်ဗျားပုံတွေက ဆီဆေး ရေဆေးကားကြီးလိုရေးသင့်နေပြီဗျ..
    သိပ်လှို့ဝှက်တာမျိုး သိပ်ရှေ့ပြေးတာမျိုးဆိုလဲ.ကျနော်ဆို
    ခံစားတတ်မှာမဟုတ်ပြန်ဘူး..ကားကြီးတွေကို ဆွဲပြီး ပန်းချီပြပွဲ တပွဲလောက်လုပ်လို့ရရင်ကောင်းမယ်..
    ခင်ဗျားကို မကျေနပ်သေးတာက ပန်းချီဘယ်လိုဆွဲခဲ့တယ် ဆွဲတဲ့အခါမှာ ဘယ်လို နည်းပညာအရ က ဘယ်လို့ ဘယ်ညာ ပိုစ့် တခုလောက်ရေးပါဆို..မရေးသေးတာပါပဲ
    ဒါကတော့ ကျနော် အတ္တနောမတိ ပါ.ဟဲ.ဟဲ.(သိချင်တာကို အချောင်ခိုတာလဲပါသပေါ့ဗျာ.)
    စကားလုံးတွေကို ဖွင့်ချလို့မရလောက်အောင် ဆွံ့အသွားတဲ့အခါ...ကျနော် ပန်းချီဆွဲချင်တာ တကယ်ကလဲ ဘာမှကို မဆွဲတတ်တာ.ပေါ့ဗျာ.လုပ်ကြည့်ချင်တာမျိုးပါပဲ..ဘာရယ်တော့လဲမဟုတ်ပါဘူး.
    ReplyDelete
  7. သာမာန်ပန်းချီမဟုတ်ပဲ အတွေးလေးတွေပါနေတဲ့ ထူးခြားလေးနက်တဲ့ပန်းချီကားလေးတွေပါ… ပန်းချီမဆွဲခင် ဘယ်လိုပုံလေးဆွဲမယ်ဆိုတဲ့ အတွေးဆန်းဆန်းလေးကို စိတ်ဝင်စားမိတယ်… အမကိုလဲ တပုံလောက်ဆွဲပေးပါလားပန်ရေ…
    ReplyDelete
  8. သိုးထိန်းနဲ့ ခင်လွန်းအတွက် ဆွဲပေးတဲ့ ပုံတွေကို အနှစ်သက်ဆုံးပါပဲ...
    ReplyDelete
  9. ပါရမီရှင်ရဲ့လက်ရာတွေပါ...။ ၇ ပုံ ကိုအရမ်းကြိုက်တယ်...။ ၃ ပုံကိုသဘောကျတယ်...။
    ReplyDelete
  10. ပုံတွေသဘောကျလွန်းလို့ သွားမန့်ဦးမယ်ဆိုပြီးလာခဲ့ပါတယ်။ ပြောချင်တာတွေ သူများအကုန်ဦးသွားပြီ :)
    ReplyDelete
  11. အမှောင်ထဲကကောင် ကို သဘောကျတယ် မပန်...အဲလို ဆွဲတတ်ချင်လိုက်တာ...အတွေးအခေါ်ကောင်း ရှိဖို့ လိုတယ်နော်....
    အားပေးနေတယ် ညီမရေ....ဆက်လုပ်....
    ReplyDelete
  12. ဟိဟိ... တို့တီပန်ကြီးကွ...
    မေ၏အပြုံး နဲ့ ကတိ ဆိုတဲ့သရုပ်ဖော်ပုံလေးတွေကို တော်တော်ကြိုက်တယ်။
    ကြီးကေနဲ့ အန်တီတန်ခူးတို့လိုမျိုး သားလည်းအပ်ချင်ပါကြောင်း တောင်းဆိုချင်ပါကြောင်းး :))))))
    ReplyDelete
  13. ပုံလေးတွေကောင်းပါတယ်
    ReplyDelete
  14. 1,4,6,7 ပုံလေးတွေကို ကြိုက်တယ် တော်တော်လေးသဘောကျတယ်။ အကုန်လုံးတော့ မကြိုက်ချေ။
    ReplyDelete
  15. အားလုံးထဲမှာတော့
    မေရဲ့ အပြုံးကို အကြိုက်ဆုံးပဲ...
    ဟိုတလောလေးက တူညား အတွက် ဆွဲပေးထားတဲ့ ပုံလေးတွေလဲ ထည့်အုံးမှပေါ့...း))
    ReplyDelete
  16. လက်ရာတွေတကယ်ကောင်းတယ်။ ဒီဇိုင်းအပ်ရင်ကောင်းမလားလို့။ နားတော့မလည်ဘူး။
    အဆင်ပြေပျော်ရွှင်ပါစေဗျို့....
    ReplyDelete
  17. မေရဲ့ အပြုံးနဲ့ နွေဦးကို ကြိုက်တယ် ပန်ရေ..
    ဆွဲတတ်လိုက်တာ။
    ReplyDelete
  18. မပန်ဒိုရာရေ အနုပညာလက်ရာမြောက်လှတဲ့ ပုံတွေအားလုံးကို လာကြည့်သွားပါတယ်။ ဒီလိုမျိုး ကိုယ်တိုင် ဖန်တီးမတတ်ပေမဲ့ ဖန်တီးတတ်သူတွေကို အားပေးလျက်ပါ။
    ReplyDelete
  19. တိုင်ပတ်တယ်ဆိုတာ တပ်ပိုင်တယ်ကိုပြောတာလား။ ဘယ်တပ်လဲ မြန်မာတပ်ဆိုကြောက်သဗျို။ (ပုံတချို့ ကြည့်လို့ကောင်းပါတယ်။)ပျော်စေ။
    ReplyDelete
  20. တိုင်ပတ် က နေတာလား
    ReplyDelete
  21. Good. Looks like professional.
    ReplyDelete