

ဆက်ပြီးတော့ Natee Utarit ရဲ့ ပန်းချီကားတွေဆီ ဆက်သွားကြမယ်။ အသက် ၄၁ နှစ်ရှိတဲ့ ထိုင်းလူမျိုးပန်းချီဆရာပါ။
ရုပ်တုတွေကို ပန်းချီနဲ့သရုပ်ဖော်တယ်။ ဓာတ်ပုံတွေကို ပန်းချီဆွဲတယ်။ အဖြူအမည်းသက်သက် ဆွဲထားတဲ့ ကားချပ်အသေးတွေကိုလည်း မြင်ရမယ်။ အချိန်ကာလနဲ့ နောက်ခံအခြေအနေတွေက reality ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပြောင်းသွားစေနိုင်ကြောင်းကိုလည်း ရှာဖွေခဲ့တယ် တဲ့။ အနောက်တိုင်းပုံစံ သီးသန့်ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ (နည်းနည်းပျင်းလာလို့ ကိုယ့်ဘာသာပဲ ပုံတွေဆက်ကြည့်ကြပါတော့။ အောက်ကအားလုံးက Natee Utarit ရဲ့လက်ရာတွေပါ။ ပုံအများအပြားထဲက တချို့ကိုပဲ တင်လိုက်ပါတယ်။)









ဒါက ပန်းချီဆရာရဲ့ ကိုယ်တိုင်ရေးပုံတူပါ။ ခံစားချက်တွေဖယ်ထားတဲ့ လိုင်စင်ဓာတ်ပုံဆန်ဆန် ပန်းချီဆွဲထားတာကို တွေ့ရမယ်။

အင်း . . . ဒီပန်းချီဆရာက နောက်ပိုင်းကို အတော် အားသန်ပုံ ရတယ်။ အဲ . . အဲ . . ရှု့ထောင့်ပေါ့နော်။
ReplyDeleteပုံတွေ စိတ်ဝင်စားဖို့ကောင်းတယ်..
ReplyDeleteကောင်းသောနေ့ပါ မပန် :)
အပေါ်ဆုံးပုံ နံရံမှာ လုပ်ထားတာ သဘောကျတယ်။
ReplyDeleteအောက်က ပန်းချီကားတွေကိုတော့ သိပ်ထူးထူးခြားခြား မခံစားမိသလိုပဲ။
ပြတိုက်ထဲ ခေါ်သွားသူက နည်းနည်းပျင်းလာပြီး တပုံချင်း မရှင်းပြတော့ လိုက်ကြည့်သူက ခပ်တုံးတုံးမို့ မခံစားတတ်တာများလား မသိပါဘူး။ :))
ဟုတ်ဒယ်ဗျာ.ပြခန်းထဲရောက်မှ ကိုယ့်ဘာသာပဲကြည့်တော့လို့ ဆိုတော့ ဘယ်လိုလုပ်ပြီးကို ကြည့်ရမယ်မှန်းမသိလို့ ကြည့်တတ်သလိုပဲ ကြည့်သွားပါကြောင်း.
ReplyDeleteNatee Utarit ရဲ့ ဒုတိယကားကို ကြိုက်တယ်၊ မနူဟာ ဘုရားထဲ ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်၊
ReplyDeleteကျေးဇူး... .... ....။
အပေါ်ဆုံးက ပုံက မသိရင် သစ်မြစ် သစ်ခက်အသေးစားလေးတွေ တွဲရရွဲကျနေသလို............
ReplyDeleteMy dear sister
ReplyDeleteEarly Valentine's day present for you.
You'd absofuckinglutely love this link.
http://www.googleartproject.com/
xoxo