Technical help

Tuesday, April 5, 2011

Pandora's daily likes



တစ်နှစ်တာ အကြိုက်များရော တစ်နှစ်တာမကြိုက်များပါ ရေးခဲ့ဖူးတယ်။
အခုက တစ်နေ့တာ အကြိုက်များ ဆိုတာကို ရွှန်းမီက အစပြုလို့ မသက်ဝေကရေးခိုင်းတာကိုး။ ရေးကြည့်လိုက်ပါတယ်။



  • မိုးလင်းလာပြီ နှိုးစက်မြည်လည်း ဆယ်မိနစ်လောက် ပြန်နှပ်ပြီးမှနိုးရ ကိုယ့်အလေ့အထကိုလည်းကြိုက်
  • ရေချိုးပြင်ဆင် မနက်စာစားသောက်နေစဉ် နာရီကို လှည့်မကြည့်ဘဲ ဇိမ်ဆွဲလုပ်တတ်တဲ့ အကျင့်ကိုလည်းကြိုက်
  • ရထားပေါ်တိုး တစ်နေ့တစ်မျိုး ဂိမ်းဆော့စာဖတ်သီချင်းနားထောင် မရိုးအောင်ကြံမှတ် အချိန်တွေကို တတိတိသတ်ရတာကိုလည်းကြိုက်
  • ရုံးပေါ်အရောက် ဆယ့်ငါးမိနစ်လောက် နောက်ကျနေလည်း မျက်နှာမပျက်ဘဲ အလုပ်စားပွဲကို ခပ်ရဲရဲဝင်ထိုင်ပစ်လိုက်တဲ့ ကိုယ့်စရိုက်ကိုလည်းကြိုက်
  • စာရေးကိရိယာ ဖိုင်တွေဖွထား ဟိုဒီလမ်းသလား အလုပ်များချင်ယောင် ဟန်ဆောင်ရတာကိုလည်းကြိုက်
  • အဲဒီနောက် နေ့လည်စာဆင်း တစ်နာရီအတွင်း အခန်းထဲမှာထည့်စား အင်တာနက်သွား ဂျီစကားပွားရတာလည်းကြိုက်
  • ညနေစောင်းလျှင် အချိန်တွေကိုယ့်ဘက်ဝင် သိမ်းရင်းဆည်းရင်း ရုံးဆင်းရတော့မှာကိုလည်းကြိုက်
  • အိမ်အပြန်လမ်း ဟိုဒီဆိုင်ခန်း ပြတင်းပေါက်ကငန်းရင်း ခြေတလှမ်းချင်း လှိမ့်ရတာကိုလည်းကြိုက်
  • ရထားပေါ်မှာ ဒီညနေစာ ဘာချက်ပြုတ်မလဲ တွေးရင်းတောရင်း ဟင်းစားတွေကို မြင်ယောင်နေရတာလည်းကြိုက်
  • အိမ်ရောက်တဲ့အခါ အ၀တ်အစားမလဲခင် လက်ပတော့ကိုမြင် ဖြတ်ကနဲပြေးဖွင့် နားစွင့်လိုက်မိတာကိုလည်းကြိုက်
  • ချက်ပြုတ်ပြီးတဲ့အခါ တီဗွီရှေ့နား ကိုယ့်အိမ်သားနဲ့ သတင်းစကား အတင်းပွားရင်း ထမင်းစားရတာကိုလည်းကြိုက်
  • ညမအိပ်ခင် ဘလော့ဂ်ဝင် ဖေ့စ်ဘွတ်ခ်ဝင် ချက်တင်ထိုင်ပြော လေဖောဖောနဲ့ အရည်ရောအဖတ်ပါ ရမလာတာကိုလည်းကြိုက်
  • ဟိုစာလိုက်ဖတ် ဒီစာလိုက်ဖတ် တဂွပ်ဂွပ်လက်မထောင် မမောနိုင်အောင် မပန်းနိုင်အောင် လိုက်လိုက်ကြိုက်ရတာကိုလည်းကြိုက်
  • အဲသည်လိုနဲ့ ညဉ့်နက်လွန်ကျူး မဟန်နိုင်ရီဝေမူးမှ အိပ်ဦးမှပဲ အိပ်မက်ကမ္ဘာထဲ တုံးကနဲ လဲသွားရတာကိုလည်းကြိုက်။

ပန်ဒိုရာ
5 April 2011

13 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)April 6, 2011 at 2:19 AM

    နောက်ဆုံးအချက်တော့ အကြိုက်ဆုံး
    အရမ်းအိပ်ချင်မှ အိပ်ရာထဲ တုံးကနဲပစ်လှဲရတာ တကယ်အ၇သာနော်း)
    အကြိုက်တွေကလည်း ကာရံနဘေလေးတွေနဲ့ဆိုတော့ ဖတ်ရတာ တစ်မျိုးစိတ်ဝင်စားစရာလေး

    ReplyDelete
  2. မမရေ အကြိုက်လေးတွေ မှတ်သွားတယ်...နော်..
    ဟုတ်ပ ကာရံလေးနဲ့ ရေးတက်ပ...
    ကောင်းသောနေ့လေးဖြစ်ပါစေမမ။

    ReplyDelete
  3. နောက်ဆုံးအချက် အကြိုက်စ်ဆုံး မပန်း)))

    တုံးကနဲပဲ အဲဒါ အကြိုက်ဆုံးး)))

    ခင်မင်စွာ ၀င်တချက် မ၀င်တချက် ဖတ်တတ်သော
ှဗညား

    ReplyDelete
  4. ချစ်ကြည်အေးApril 6, 2011 at 9:56 AM

    ပန်ပန့် အကြိုက်လေးတွေက နဘေကာရံနဲ့ လိုက်ကြိုက်ချင်စရာ....၊ မကြိုက်များလည်း လာဦးမှာ....အဲ့ကျမှ တို့လည်း အိုးဘီဒိုးစပ်ကလေးနဲ့ လုပ်လိုက်ဦးမယ်...ဟိဟိ :)

    ReplyDelete
  5. အိမ်အပြန်တလှမ်းချင်းရှောက်ကြည့်တာက
    လွဲလို့အားလုံးကိုမကြိုက်
    ရေပန်းကြားကတောင်
    နာရီကြည့်ချိုးနေရသူဖြစ်တော့...မကြိုက် :(

    ReplyDelete
  6. ပန်ပန်ကြိုက်တာတွေကို အားလုံးနီးနီး ကြိုက်တယ်... အချစ်အကြောင်း မပြောသေးခင် အကြိုက်တွေ အရင်ချရေးပေးတာလည်း ကြိုက်တယ်...
    ပြီးတော့ အခုလို စကားလုံးလေးတွေကို ချစ်စရာ ကာရန်လေးနဲ့ ရွတ်လို့ကောင်းအောင် စီကာ စဉ်ကာ စနစ်တကျ ရေးတတ်တာကိုလည်း ကြိုက်တယ်... ကြိုက်တယ်... ကြိုက်တယ်...

    တို့များက အဲဒီလို ရေးတတ်ဘူးတော့...း))

    ReplyDelete
  7. အကြိုက်လေးတွေက ကာရံလေးနဲ့လှနေတယ်

    ReplyDelete
  8. နောက် ..သူ ကြိုက်တာ တွေ ကျန်သေးတယ်..။ မေ့နေမှာစိုးလို့.. တိုးတိုးလေး သတိပေးလိုက်တယ်...။

    (xxxx-)

    ReplyDelete
  9. ကာရံ နဘေနဲ့ ခပ်မိုက်မိုက်လေး ရေးတတ်တဲ့ ပန်ပန်ကို လိုက်မမီလို့ ကြိုက်တယ်

    ReplyDelete
  10. နှိုးစက်မြည်မြည်ချင်း ချက်ချင်းမထတတ်တာကို ကြိုက်တာချင်းတော့ တူနေပြီ...။း)

    ReplyDelete
  11. ကိုအောင်(ပျူနိုင်ငံ)April 7, 2011 at 2:00 AM

    ကျနော်ကတော့ နိုးစက်ကို နှစ်ဆင့် ပေးထား
    တယ်၊ ပထမအဆင့် မြည်လာရင် ပိတ်ပြီး
    ဆက် အိပ်တယ်၊ ဒုတိယအဆင့် ရောက်ရင်
    နည်းနည်းခိုးပြီး ထပ် အိပ်တယ် ... :P

    ReplyDelete
  12. ကျွန်တော်ကတော့ ခေါင်းပုံစာအုပ်ထဲက သူငယ်ချင်းတွေကို လွတ်လွတ်လပ်လပ် ခင်ရတာကြိုက်တယ်
    ဒါဆိုမပန်ပြောတဲ့ လူယုတ်မာ မဟုတ်တော့ဘူးး)

    ReplyDelete
  13. မောင်မျိုးApril 8, 2011 at 11:24 AM

    ပထမဆုံးအကြိုက်ကိုကြိုက်တယ်း)

    ReplyDelete