Technical help

Monday, October 31, 2011

ခြင်္သေ့လက်ဖ၀ါး


ခြင်္သေ့လက်ဖ၀ါး

ငါတို့ဟာ တောထဲကို နောက်တစ်ခါ မသွားတော့ဘူး*
ဝါးရွက်ချွန်ချွန်တွေ မြေစိုက်တဲတွေ ခြေနင်းသံတဒိုင်းဒိုင်းတွေ
ဒိန်ခဲကို မရွှေ့တမ်းခဲထားတဲ့ ပါးစပ်ကျယ်တွေ
မြစ်ထဲ ကန့်လန့်ဖြတ်စီးလာတဲ့ ၀ါးလုံးရှည်တွေကို လှမ်းကာတဲ့ လက်တွေ
ခေါင်းတွေ သုံးလုံး နှစ်လုံး တစ်လုံး နောက်ဆုံး အားလုံးနစ်မြုပ်သွား
ကျောင်းတွေမှာ ဘာသာရပ်တွေကို မသင်တော့ဘူးတဲ့
အိမ်တွေမှာ အမိုးအကာအခင်း မပါတော့ဘူးတဲ့
ပီယာနိုတွေကို အားလုံး စွန့်ခွာခဲ့ကြ ဒီမြို့လေးမှာ နှင်းကျခဲ့ပါတယ်
တချိန်က.. ဟိုးတချိန်က ကျခဲ့တဲ့နှင်းတွေ နှင်းကျိန်စာတွေလေ
ဗူးဆို ဖယုံမသီးတတ်တဲ့ အလေ့အထ ထွန်းကားလာ နံရံများ
ရုပ်တုများနဲ့ ရုပ်တူများ ပြေးလွှား နှလုံးလေဟပ်ပြီး ဗြုန်းဆို လဲကျသွား
သိမှုနဲ့ထပ်တူညီအခြေအနေကို ဆင့်ပွားနိုင်စွမ်းမရှိသော အို- လူသား
ကျွန်တော်ဟာ ကြံဖတ်တစ်ချောင်းပါ ကြိတ်နင်းခံပြီးသား
ကျွန်မဟာ အိတ်စတာနယ် ဟာ့ဒစ်ခ်စ် ပါ သိပ်ဆန့်တယ် အလွယ်တကူသယ်
ကျွန်တော်ဟာ ခရစ္စတယ်လ်ပန်းအိုးပါ စင်ပေါ်မှာအလှပြထားတယ်
ကျွန်မကတော့ တပ်ဆင်ထားတဲ့ အမှိုက်ပုံအတုထဲက ငါးရိုးတစ်ချောင်းပါ
ကျွန်တော်ဟာ ကျွန်မဟာ ကျွန်တော်ကျွန်မတို့ဟာ
ခြင်္သေ့လက်ဖ၀ါး ခြင်္သေ့လက်ဖ၀ါး
ကလေးလေးတွေ ပြေးတမ်းလိုက်တမ်း ကစားရင်း ညိုးညိုးညံညံ ရယ်မောကြ
ခြင်္သေ့လက်ဖ၀ါး အဲဒီမှာ ခြင်္သေ့လက်ဖ၀ါး

ပန်ဒိုရာ
၂၀-၂၇.၁၀.၂၀၁၁

* Les Lauriers sont coupés (Dujardin)

7 comments:

  1. ကဗျာလေးလာဖတ်သွားတယ်အမ...။

    ReplyDelete
  2. ကဗျာကို လာဖတ်သွားပါတယ် ..
    အတုတွေအကြောင်း ဖွင့်ဆိုပြီး
    ရိုးသားခြင်းကို မြတ်နိုးကြောင်း ဖော်ပြတယ်လို့ မြင်မိပါတယ် ။

    ReplyDelete
  3. လက်ဖ၀ါးပေါ်က ခြင်္သေ့လေးတွေက အသက်ဝင်ပြီး က တောင်နေပါရော့လား...

    ReplyDelete
  4. ပန်...

    မလေး ကဗျာလာဖတ်သွားပါတယ်။

    ReplyDelete
  5. ခနခန ဖတ်တယ်၊ခြေသေ့င်္ လက်ဖဝါးကိုလိုက်မမှီသေးလို့ ပြောပြကြပါ.. :)

    ReplyDelete
  6. ကျွန်တော်ဟာ ဘာမှမဟုတ်ပဲနှင့်ခြေရာတွေလိုက်လိုက်ချနေတဲ့ ဘလော့ကာ ။
    ကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ကျွန်တော်ဆိုပေမယ့်
    လူတစ်ယောက်မဟုတ်တာတော့ သေချာတယ် ။ ။

    ReplyDelete
  7. တော မရှိတော့လို့ ပါ ။ နူးညံ့ပါတယ် ... အစွန်းမရောက်ခင် ... အဲဒီ လက်ဖ၀ါးထဲ နွေးထွေး ... ကိုယ့်ဂုတ်ပေါ်က သွေးကို ကိုယ်မြင်ဖို့ ခက်ခဲ့ပါတယ် ...

    ReplyDelete