Technical help

Sunday, February 17, 2013

အမဲလိုက်ခန်း


painting ICN2


အမဲလိုက်ခန်း

ဝန်းကျင်ဟာ အရိပ်မထင်
ညို့ညို့ဆိုင်းဆိုင်း ထူထူထပ်ထပ်
ဖြိုးဖြိုးဖြောက်ဖြောက် သစ်ရွက်တွေပေါ်မှာ
သွေးစက်တွေ တုန်ခါ
တောဟာ မောကြီးပန်းကြီး အသက်ရှူမြန်လာ


ရက်စက်ခြင်းဟာ ရှင်သန်မှုအတွက်
အရသာခံ ဟင်းတစ်ခွက်
အဲဒီမှာ ဇာတ်လမ်းရဲ့
အံ့မခန်းလှချက်


ပေါက်ကွဲသံဟာ တောလုံးညံတယ်


ဘယ်မလဲ
လန့်ပြေးသွားသော ခြေရာတစ်စ
ဒူးထောက်ထိုင်ချရင်း အဝေးကိုမျှော်ကြည့်လိုက်တယ်


ချိန်ရွယ်မိတာပါ
မရည်ရွယ်ခဲ့ဘူး။



ပန်ဒိုရာ
၇.၄.၂၀၁၁-၂၅.၁.၂၀၁၃

2 comments:

  1. အမဲလိုက်ခန်းက Season-IIအထိကို ရောက်နေပြီပဲ...။

    ReplyDelete
  2. အိုးးးးးးးးးးးးး
    အမပန် ရဲ့ အမဲလိုက်ခန်းထဲမှာ
    မိုးနတ်လဲ မျောသွားတယ်....

    “ကဗျာပီပီ စာညီညီ
    သိပ်ကိုလှပတဲ့ ပန်းချီကားတစ်ချပ်ပါပဲ”
    ကဗျာက ကောင်းမွန်ပြည့်စုံတဲ့ အခါကျတော့
    ဖတ်ရသူစိတ်ထဲမယ် ကဗျာတစ်ပုဒ်အဖြစ်တင်မကပဲ
    တိုတောင်းသော်လည်း စာတစ်ပုဒ်လို ပြည့်စုံတင့်တယ် တယ်...
    လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်လို
    အသက်ဝင်နေလို့ စိတ်ထဲမြင်ယောင်ခံစားမိတယ်...:)

    i like it very much >>>>
    thanks a lot for it :)))

    ReplyDelete