Technical help

Friday, March 29, 2013

ခြူ ကိုဘယ်သူ ကြောင် ဆွဲပေးမလဲ




ခြူ ကိုဘယ်သူ ကြောင် ဆွဲပေးမလဲ

ခက်တာက
လှုပ်လိုက်တိုင်း အသံမြည် အချက်ပေးဖို့ရာ
ခြူက အ, နေတယ်

ခက်တာက
အပွင့်ခေတ်ကြီးဆိုတော့
ဒိန်ခဲတုံးကို သွားရေကျကြ
နံရံတွေကို သွားနဲ့ တဂျစ်ဂျစ် ခြစ်ကြ
မည်းမည်းမြင်တိုင်း ခေါင်းပြူကြည့်လိုက်ကြ
တွင်းထဲ တကျွိကျွိ ဝင်ပုန်းလိုက်ကြ
တချို့လည်း တိုင်ပင်ရင်း တိုင်ပတ်ရင်း တိုင်ပိသေသူသေကြ

ခက်တာက
လွတ်နေတယ် လပ်နေတယ်
မှောက်နေတဲ့ နွားနို့အိုး
ပြန့်ကျဲနေတဲ့ ကြွက်မွှေးတွေ ကြွက်အရေခွံတွေ  
သွေးစွတ်ကြောင်းနဲ့ လက်သည်းရာတွေ
ဘယ်လိုဖြစ်ဖြစ် နောက်တစ်နေ့
စားမြုံ့ပြန်ရင်း သူသခင်ပေါင်ကြားမှာ မှိန်းနေပြန်တယ်

ခက်တာက
ကြောင် မှန်းလည်း သိနေတယ်
ကြောင် လို့လည်း ပြောမရဘူး

ပန်ဒိုရာ
၂၈.၃.၂၀၁၃