Technical help

Friday, June 22, 2007

ငါ့ရဲ့ ရွှေရောင်သဲပွင့်တွေ



drawn in "paint". used brush, airbrush, fill with colour tools and my mini-mouse


ငါ့ရဲ့ ရွှေရောင်သဲပွင့်တွေ


ကျစ်ကျစ်ပါနေတဲ့
လက်သီးဆုပ်က ဖြည်ချခွင့်မပေးချင်ပေမယ့်
ပင်လယ်ထဲ တဖြည်းဖြည်းပျော်ဝင်သွားဦးမယ်…
လေရူးအနှင်မှာ မျောလွင့်လို့
တစ်ပွင့်ချင်း ပျောက်ပျက်မသွားခင်လေး
လက်ဖ၀ါးထဲကိုထိုးဖောက်
နှလုံးသွေးထဲအထိ စိမ့်ရောက်သွားမလား
မရဲတရဲ မှတ်မှားမိတာ အပြစ်ပါပဲ…
လျှပ်တပြက် ကောင်းကင်အလင်းမှာ
ကြိုးမျှင်ပါးပါးတွေ တီးခတ်ချင်လွန်းလို့
ဖြစ်နိုင်တာ ဖြစ်နေတာတွေရယ်
မဖြစ်သင့်ဘူး မဖြစ်ရဘူးတွေ အလယ်
လုံလောက်တဲ့ နာမ်တရား ပေးသနားတော်မူပါအရှင်…
ငါဟာလူသားမို့ ...
အိပ်မက်များ တဒင်္ဂ မက်ပါရစေ... ။

ပန်ဒိုရာ
၂၂၊၆၊၂၀၀၇

5 comments:

  1. “လုံလောက်တဲ့ နာမ်တရား ပေးသနားတော်မူပါအရှင်…
    ငါဟာလူသားမို့ ...
    အိပ်မက်များ တဒင်္ဂ မက်ပါရစေ... ။”
    ထိတယ် မပန်ရေ။ (ခေါင်းကို ခဲမှန်တာ မဟုတ်ဘူး နော် :D) ကဗျာက တစ်ကယ် မိုက်တယ်။

    ReplyDelete
  2. ပုံကိုရော ကဗျာပါ..

    ကြိုက်သည်း)

    ReplyDelete
  3. ပုထုဇဉ်: မပန်ကတော့ ပန်ဒရာ နတ်တဂိုး ပဲဗျာ... လက်ထဲက သဲတွေ ခုချက်ချင်းပဲ ပြေလျော့သွားသလိုပဲ။ ဟီး... ကီးဘုတ်ရိုက်ရင်း လက်ဖ၀ါးတောင် ယားလာတယ်၊ အဲဒီလို သရုပ်ဖော်ကောင်းတာ။ (ဒါမှမဟုတ် ကျွန်တော် ပွေးပေါက်ချင်တာ )

    Tesla: ကွန်မန့်ထဲဝင်တာ ၀င်လို့ကို မရတာဗျာ..
    23 Jun 07, 12:06
    Tesla: ဒေါ်ဂျီးပန် မောနင်းပက် ထပ်ချရသေးလား.. ရွှေရောင်သဲပွင့်လေးတွေ က ကောင်းလိုက်တာ. တလက်လက်နဲ့ လွှင့်ကြသွားတာ မြင်လိုက်တယ်. အဲ တပွင့်တလေလေးမှ မဆုပ်မိဘူးလား..

    မေဓာဝီ: ပန်ပန်ရေ ... ကွန်မန့်ထဲကို ကြိုးစားဝင်သော်ငြား ကွန်နက်ရှင်ကား မကောင်းပါသောကြောင့် လက်လျှော့လိုက်ပြီး .. ဆီဗုံးမှာသာ လာရေးလိုက်ပါ၏။ (ရွှေရောင်သဲပွင့် တွေကို ဆုပ်ကိုင်လိုသော .. မမေ )

    ReplyDelete
  4. အစ်မပန်ဒရာနတ်တဂိုးရေ ကဗျာလေး ခံစားသွားတယ်။ သဲပွင့်က ဘယ်တုန်းက ရွှေရောင်ပြောင်းသွားတာလဲ

    ReplyDelete
  5. နှစ်နှစ်ကျော်ပြီဆိုတော့ အိပ်မက်တွေ မက်ပြီးလောက်ပါပြီ မမက်ရသေးရင်လည်း မက်နိုင်ပါစေလေ။

    ReplyDelete