ကိုနတ္ထိရဲ့ ဘုန်းကြီးကျောင်းမှာ တင်ထားတဲ့ နတ္ထိရဲ့ ခရီး (ကုသိနာရုံ) ပို့စ်လေး ဖတ်ပြီး ဒီပုံလေး ထွက်လာတယ်။ ခံစားကြည့်ကြပါနော်။
drawn in "Paint"
used pencil, fill with color , color eraser tools and (of coz) my mini mouse
(ဖြည့်စွက်ချက်)
ဒီပုံလေးအကြောင်းကို နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ပန်ဒိုရာသည် ပန်းချီမဆွဲတတ်ပါ။ စနစ်တကျ တခါမှ မသင်ဖူးပါ။ မတောက် တခေါက် ဘာအစ်ဇင် ညာအစ်ဇင်လေး ဟိုဖတ် ဒီဖတ၊် ဂန္ထ၀င် ပန်းချီကားလေးတွေကို နည်းနည်းပါးပါး မြင်ဖူးတာက လွဲလို့ပေါ့။ ဒါကြောင့် ကိုယ်ဆွဲချင်သလို ဆွဲထားသော ပုံကို အားနာသော အားဖြင့် ရှင်းပြဖို့ လိုပါတယ်။
အခုနေ ပန်ဒိုရာ သေရင်တော့ အဲဒီလိုပဲ နေမှာပဲလို့ တရားမရသူပီပီ အခုအချိန်မှာ ဒီလို ပုံမျိုးဆွဲမိပါတယ်။
အဲ နာမည်ကိုက နောက်ဆုံးစက္ကန့် မဟုတ်။ အချိန်ရှည်ကြာ ခက်ခဲ ရဦးမယ့် မိနစ်ရယ်ပါ။
This comment has been removed by the author.
ReplyDeleteဒီပို့စ်ကို တင်နေတဲ့ အချိန်မှာ ကိုနတ် တစ်ယောက် နတ္ထိရဲ့ နိဂုံး ဆိုတဲ့ပို့စ်ကို တင်နေတယ် ဆိုတာ မသိခဲ့ပါဘူး။ မိတ်ဆွေကြီး ကိုနတ်တစ်ယောက် ကျန်းမာ ချမ်းသာစွာနဲ့ ဘလော့ဂ်လောကကို ပြန်လာပါစေလို့ပဲ ဆုတောင်းရုံသာ တတ်နိုင်ပါတော့တယ်။
ReplyDeleteကိုနတ်ကို အားလုံးက သတိရနေကြမှာပါ။
ပန်ဒိုရာ
ReplyDeleteလူတောပဲ.. သဘေထားလည်းကောင်းတယ်.. သံယောဖဉ်လည်းကြီးပ..
နတ်ဆိုး
မပန်.. Paint ဆွဲထားတာ?? မိုက်တယ်.. =)
ReplyDeleteမမ က ပုံလည်းအဆွဲကောင်းတယ်နော်...
ReplyDeleteပန်ပန်ရှင်းပြတော့မှပဲ ပုံကပိုပြီး အသက်ဝင်လာသလိုလို … ပိုပြီး အဓိပ္ပါယ်ရှိလာသလိုလို … ထင်မိတယ်။ ပန်ပန် မပြောရင် သိမှာမဟုတ်ဘူး။ မသိတော့ နားမလည်ဘူး။ နားမလည်တော့ မခံစားတတ်ဘူးပေါ့။ ခုတော့ ခံစားလို့ ရသွားပြီ။
ReplyDeleteဖန်တီးသူရဲ့ ရည်ရွယ်ချက်နဲ့ ကြည့်ရှုသူရဲ့ ခံစားချက် တထပ်ထဲ ကျဖို့က ခဲယဉ်းသား။ တခါတလေတော့လည်း ခုလို ရှင်းပြဖို့ လိုအပ်သလို … တခါတခါမှာလည်း ဘုမသိ ဘမသိ ခံစားချက်က တမျိုးအရသာ။
အင်း ရှင်းရတယ် မမေရေ တော်ကြာ နှောင်းလူတွေ သို့လော သို့လော ဖြစ်တော့ ပန်းချီကားက တန်ဖိုးပိုတက်နေဦးမယ်
ReplyDeleteပန်းချီ ကောင်းတယ်ဗျာ။ ကျွန်တော်လည်း ပန်ဒိုရာလိုပဲ ၀ါသနာပါလို့ လျှောက်ဆွဲနေတာပါ။ မတတ်ပါဘူး။ သင်လည်း မသင်ဖူးပါဘူး။ ကျွန်တော် Paint ထဲမှာ ဆွဲရင် Line Tool နဲ့ပဲ ဆွဲတတ်တယ်။ Pencil Tool ကို လက်ငြိမ်အောင် မကိုင်တတ်ဘူး။ ကျွန်တော့်ပုံလည်း Line Tool နဲ့ပဲ ဆွဲထားတာပါ။ အဲဒီအကြောင်း ပို့စ်လေး ထပ်တင်မလို့ လောလောဆယ် စာမူတွေ လိုက်ဖတ်နေလို့ဗျာ။ ပန်းချီတွေ ဆွဲဦးနော် လာအားပေးပါမယ်ခင်ဗျာ။
ReplyDelete