Technical help

Thursday, August 16, 2007

ကိုယ့်ဒုက္ခနဲ့ကိုယ်

(ဒီကဗျာကို ကိုမောင်ရင်က ဒီလို ဆင့်ပွားခံစားထားပါတယ်။)

ကိုယ့်ဒုက္ခနဲ့ကိုယ်

တခါတခါတော့လည်း ကိုယ့်ဦးထုပ် ကိုယ် ကိုက်စားလိုက်ချင်
ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး ဆိုပဲ
စိတ်ပျက်တောင်မှ ငါတို့လက်မပျက်စေရ
ကိုယ့်ဒေါသ ကိုယ်မျိုချတော့
တိမ်ကိုတိမ်လို့မမြင်ဘဲ
မာယာကော့ဗ်စကီးရဲ့ ဘယ်ဘက်ရင်အုံလို့မြင်တယ်
မှော်အောင်တဲ့ကောင်တွေရှိတယ်
ငှက်ဖျားတက်သူကဒုနဲ့ဒေး
ကျင်းပြိုတော့ တချို့ထွက်ပြေးကြ
အောက်ဈေးနဲ့ မိသူမိ
တရားဝင်လုပ်ကွက် ချမပေးတဲ့ နှလုံးသားတစ်ခုမှာ
အဖမ်းအဆီးတွေကလည်း တယ်များသကိုး
ငါတို့အထုပ်အပိုးပြင်တယ်
ငါတို့လက်မှတ်တွေပြတယ်
သူတို့ကလွမ်းရုံလေး လက်ပြလွမ်းနေတဲ့အချိန်မှာ
ငါတို့က ဒီဘူတာကို နောက်တစ်ခေါက် ပြန်ဆိုက်လာပြီ
အထုပ်အပိုးပြန်ချ
ကွက်လပ်ကို ပတ်ချာလည်ကြည့်
တိုင်ထောက် ကြိုးတိုင်း မြေပုံဆွဲမှတ်
ဒီလိုနဲ့
ကာကွယ်ဆေးတွေ စူးစူးရှရှ ထိုးကြ
ဖိနပ်တွေ တစတစ ပါးလာ
ညနေစာတွေ အငတ်ခံတယ်
ညတွေဆို တော်တော်နဲ့ မအိပ်ဘူး
ငါတို့ဟာ လက်တစ်ဖက်ကစိုက်ပျိုးရင်း
လက်တစ်ဖက်က ရိတ်သိမ်းနေကြပြီ။

ပန်ဒိုရာ

(ဘာကြီးလဲ ဟုမေးသူများ (ရှိခဲ့ရင်) - ကဗျာ အပါအ၀င် အနုပညာကို ရူးသွပ်ကြသူများအတွက် အနည်းငယ် ခံစားရေးပါသည်။)

13 comments:

  1. ဘာကြီးမှန်း မသိပေမယ့် ကြိုက်တယ်.:)

    ReplyDelete
  2. “ညနေစာတွေ အငတ်ခံတယ်
    ညတွေဆို တော်တော်နဲ့ မအိပ်ဘူး”
    အဲဒီလိုမျိုးဖြစ်နေတဲ့ ဘလော့ဂါတချို့ ရှိသဗျို့ :P

    ReplyDelete
  3. ပန်..
    လက်စသတ်တော့
    မနေ့ညက အိပ်မရချိန်မှာ ရေးချင်နေခဲ့တာ
    အဲဒီ ကဗျာပဲ..။
    ကျေနပ်ပြီ။

    ReplyDelete
  4. ဘာကြီးလဲလို့ မေးလို့ မအားတော့ပါဘူး။ နောက်တခါဆိုရင် မမလေး ကဗျာကို မဖတ်ရဲတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အတွေးတွေ အလုပ်ရှုပ်လို့။ တရားဝင် လုပ်ကွက် ချမပေးတဲ့ နှလုံးသား တစ်ခုမှာ အဖမ်းအဆီးတွေ တယ်များသကိုး ဆိုတဲ့ အဖွဲ့ကို တော်တော်သဘောကျတယ်။ ကျင်းပြိုတော့ တချို့ ထွက်ပြေးကြ ဆိုတာကို တွေ့တော့ ကိုယ့်ကိုယ်ကို စိတ်မလုံဘူး။

    ReplyDelete
  5. (ညနေစာတွေ အငတ်ခံတယ်
    ညတွေဆို တော်တော်နဲ့ မအိပ်ဘူး)

    ဟိုက်ရှားပါး….ကောင်းလိုက်တဲ့ကဗျာ… ၂ခေါက်ဖတ်သွားတယ်… မအိပ်ခင် ၁ခေါက်…နက်ဖြန် ၁ ခေါက် ဖတ်ဦးမယ်….

    ReplyDelete
  6. (စိတ်ပျက်တောင်မှ ငါတို့လက်မပျက်စေရ
    ကိုယ့်ဒေါသ ကိုယ်မျိုချတော့
    တိမ်ကိုတိမ်လို့မမြင်ဘဲ
    မာယာကော့ဗ်စကီးရဲ့ ဘယ်ဘက်ရင်အုံလို့မြင်တယ်)


    (ငါတို့ဟာ လက်တစ်ဖက်ကစိုက်ပျိုးရင်း
    လက်တစ်ဖက်က ရိတ်သိမ်းနေကြပြီ။)

    ကို အရမ်းကြိုက်တယ်ဗျို့ ။

    ReplyDelete
  7. ချိုလိုက်တဲ့ ဒုက္ခ။
    ဖတ်လို့ချိုတာကိုပြောတာ မပန်။

    ReplyDelete
  8. ဒီကဗျာလေး အတော်ကြိုက်တယ် မပန်..
    အထူးသဖြင့် ဒီစာကြောင်းလေးကိုပေါ့..
    “သူတို့ကလွမ်းရုံလေး လက်ပြလွမ်းနေတဲ့အချိန်မှာ
    ငါတို့က ဒီဘူတာကို နောက်တစ်ခေါက် ပြန်ဆိုက်လာပြီ”

    ReplyDelete
  9. မာယာကော့ဗ်စကီးရဲ့ ဘယ်ဘက်ရင်အုံ ထဲ မြက်ပင်တွေကြားမှာ ပန်းရိုင်းတွေပွင့် နေလေရဲ့ဗျာ..။

    ReplyDelete
  10. ကိုရင်မောင်နဲ့..မပန်ရေ..အရမ်းကိုလေးစားသွားပီ..

    ReplyDelete
  11. ရာဇာကျော်. ဘာကြီးမှန်းမသိလို့ ကြိုက်တာမဟုတ်လား
    မယ်မောင် - ဘယ်သူတွေများလဲကွယ်.. ဟဲဟဲ
    ဆရာမ - အိပ်မက်အရ ရေးလိုက်တာလေ
    ကိုစေးထူး - မဖတ်ရဲရင် မျက်စိကို လက်ချောင်းလေးတွေကြားက ချောင်းဖတ်
    လေးမ - အဲဒါနဲ့ တော်တော်နဲ့အိပ်မရ ဖြစ်တော့မှာပဲ
    မောင်တိန် - ကြိုက်ရင် ဆွဲသွားကွာ
    ဇနိ - ဒုက္ခက ပျားရည်လိုချိုတယ်
    ညီညီ - ကျေးဇူးပဲညီညီ။ တိုက်ဆိုင်ကြတယ်ထင်တယ်။
    မောင်တက် - ဆောရီး အဲဒီပန်းရိုင်း မြက်ရှင်းရင်း ပါတွားတယ်ကွယ်
    မကေ - ကိုမောင်ရင်ကိုပဲ လေးစားပါ မကေရယ် ။ ပန်ဒိုရာက ဒီလောက်အလေးအနက် မရည်ရွယ်ခဲ့ရိုး အမှန်ပါ။

    ReplyDelete
  12. မပန် မအားတာနဲ့ ဘလော့တွေ မဖတ်ဖြစ်တာ ကိုမောင်ရင့်စာကို ဖတ်ပြီးမှာ မပန်ကဗျာကို ပြန်လာဖတ်ဖြစ်တယ်။ ကောင်းတယ် ဆိုတာထက် ကောင်းတဲ့ ကဗျာပဲ။ အင်း ကဗျာရေးသူရဲ့ အတွေးရော ၊ ဆင့်ပွားခံစားသူရဲ့ အတွေးရောကို အလေးပြုလိုက်ပါတယ်။
    ကျမတို့
    ၁၉.၈.၂၀၀၇
    ဒီဘူတာကို နောက်တခေါက်ပြန်ရောက်လာပါပြီ မပန်ရေ။

    ReplyDelete
  13. လာဖတ်တာရော ကွန်မန့်အတွက်ပါ ကျေးဇူးပဲ အစ်မကြီး ခင် ရေ...

    ReplyDelete