Technical help

Saturday, August 18, 2007

ဒီမြို့ထဲမှာ - ၁

ဒီမြို့ထဲမှာ - ၁

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။

ပန်ဒိုရာ

7 comments:

  1. မခေါ်ဘူး
    ရောင်နီမြင်တောင် မခေါ်ဘူး..တဲ့
    အမှောင်ထုကလှည့်စားတတ်တော့
    မျက်မှန်မတပ်ထားတဲ့မင်းအတွက်
    အလင်းရောင်ဆိုတာ တံလျှပ်ပဲ
    ထူးဆန်းတဲ့ သမိုင်းကိုရေးဖို့
    မင်းရဲ့အတွေးအခေါ်တွေ လျှော်ဖွပ်လိုက်အရောင်ဆိုးလိုက်နဲ့
    မရိုးနိုင်တဲ့ ငိုညည်းသံတွေကြား
    ဆက်မှားနေသမျှ
    သေချာထိုးနေတဲ့ ခေါင်းလောင်းသံဟာလည်း
    ဒဏ္ဍာရီတစ်ပုဒ်လို ဖြတ်လျှောက်သွားနေမှာပဲလေ…

    ReplyDelete
  2. ထိုသို့ လျောက်ကြ၊ လျောက်နေကြသော သူတို့ကို လွမ်းတယ်။

    ReplyDelete
  3. မပန်..
    အုတ်နီခဲရင့်ရင့်အရောင်တွေပဲ…….
    ဆိုတာဖတ်ပြီး ထောင့်ကိုးရာရှစ်ဆယ်ခုနှစ်တွေကို အရမ်းလွမ်းသွားတယ်။

    ReplyDelete
  4. အနီးကပ်အမှောင်ပိန်းနေမှ
    ဘာကိုမြင်ရမှာလဲ
    အဝေးမှုန်တာအတွက်လည်း
    မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး..

    အုတ်နီခဲရင့်ရင့်ရောင်တွေ..

    လွယ်အိပ်တလုံးစာသက်ပြင်းတွေ..

    မပန်ရေ... ဒီအသုံးအနှုံးတွေ ကြိုက်တယ် ။

    ဒီလိုနဲ့ပဲ ဂျစ်တို့တတွေ အသက်တွေကြီးလာကြပေါ့ ။

    ReplyDelete
  5. အဲဒီ အသက်ကြီးတဲ့အထဲမှာ အနော်မပါပါဘူးဂျာ။ ဟီးဟီးနောက်တာပါ။
    ကဗျာကိုလာရောက်ဖတ်မှတ်လို့သွားပါသည်။

    ReplyDelete
  6. ကျွန်တော်လည်း မျက်မှန်မဝယ်ရသေးဘူး...

    ReplyDelete
  7. မောင်ရန်.. ကဗျာလေးကို ကြိုက်တယ် ။ တတိယ တစ်ပိုဒ် လိုမယ်. ဒါဆို
    မောင်တိန်.. ဟုတ်တယ် ကိုယ်လည်း လွမ်းတယ်
    မလေး ... မပြောပါနဲ့တော့ မလေးရယ်
    ဂျစ် .. အသက်ကြီးလည်း တချို့ကံမကောင်းသူတွေ အတွက်တော့ လမ်းမကြီးက တရွတ်တိုက် လိုက်နေရရှာတုန်း
    ကိုရဲကျော်.. လာဖတ်တာ ကျေးဇူးဗျို့
    ဒီဝိုင်း.. ဒါဆို ပုလင်းကွဲနဲ့ဖတ်

    ReplyDelete