
အစွန်းများ
မောင်ဖြူသည် တောင်အရပ်တွင် နေ၏။
မောင်မဲသည် မြောက်အရပ်တွင် နေ၏။
မောင်နီသည် အလယ်အရပ်တွင် နေ၏။
မောင်နီသည် တောင်အရပ်တွင်နေသည်ဟု မောင်မဲကဆို၏။
မောင်နီသည် မြောက်အရပ်တွင်နေသည်ဟု မောင်ဖြူကဆို၏။
မောင်ဖြူသည် တောင်ဘက်ကျလွန်းသည်ဟု မောင်မဲကဆို၏။
မောင်မဲသည် မြောက်ဘက်ကျလွန်းသည်ဟု မောင်ဖြူကဆို၏။
မောင်နီသည် အလယ်တည့်တည့်ကျလွန်းသည်ဟု သူ့ကိုယ်သူဆို၏။
ကျွန်ုပ်က ထိုအဆိုအားလုံးကို ထောက်ခံခဲ့၏။
ကျွန်ုပ်ကို ပြောင်းလွယ်ပြင်လွယ် ရှိလွန်းသည်ဟု သူတို့ကဆိုကြ၏။
ပန်ဒိုရာ
ဟာ သိပ်ကြိုက်တယ် ။ ခု ခံစားနေရတာတွေနဲ့လည်း တိုက်ဆိုင်တယ် ။ မပန်ရေ.. သိမ်းထားလိုက်ပြီ ဒီကဗျာလေး ။
ReplyDeleteဟင်..ရန်- ငါ မပြတ် ရင်တော့..ရန်သူနော်..( ဟ..ဟ)
ReplyDeleteအတွေးလေးကြိုက်တယ်ဗျာ
ReplyDelete" ဤသို့ ဆိုလျင်…..အထက် အရပ်က မောင်စိမ်း နဲ့ အောက်အရပ်က မောင်ပြာ တို့ ကလဲ အသီးသီး အဆိုထုတ်.. လာခဲ့မည်ဆိုပါက…..ထို ပြောင်းလွယ် ပြင်လွယ်သော ကျွန်ုပ်.. မည်သို့ မည်ပုံထောက်ခံမည်နည်း…."ဆိုသည်မှာလဲ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုဖြစ်ချိမ့်မည်….
ReplyDeleteထပ်မံစဉ်းစားစေမိသည်ကား..အားလုံးကိုထောက်ခံသော ထို ကျွန်ုပ် ဆိုသူ.. မည်သည့်အရပ်က လာခဲ့သနည်း…အထက်အရပ်ကလော..အောက်အရပ်ကလော..သို့ တည်းမဟုတ် ……. ?????
မောင်မဲသည် မောင်ဖြူနေသော အရပ်က မီးမလာဟု ဟုဆိုသည်။
ReplyDeleteမောင်ဖြူသည် မောင်မဲ နေသော အရပ်က ဟိုအကောင်တွေနေတာ ဟုဆိုသည်။
မောင်နီသည် (ဟိုမရောက်ဒီမရောက်) သူကိုယ်သူ ဟုတ်လှပြီထင်နေသည်။
ကျွန်ုပ်က ဘေးကထိုင်ကြည့်မိနေသည်။
ကျွနု်ပ်ကို ……….
အတွေးလေးကကောင်းလိုက်တာ..
ရမလားလို့ လိုက်တွေးကြည့်တာ ဟားဟား..
ရာသီမှားပြီး ပွင့်တာလား။
ReplyDeleteရာသီနှောင်းမှ ပွင့်တာလား။
နောက်တာနော် မgT ၇ှိတ်မရှိုးနဲ့ဦး။
သူတို့မှားတာပေါ့။ အမှန်တိုင်း မြင်တတ်တဲ့၊ နားလည်ပေးတတ်တဲ့ မပန်ကို အဲလိုမပြောသင့်ဘူး။
ReplyDeleteဂျစ်ဂျစ် ဒီဝိုင်း - ကျေးဇူးပါ
ReplyDeleteမကေ - ရန် ငါ မပြတ်လို့ ရန်သူဆိုလည်း မတတ်နိုင်ပါ (ဟ ဟ)။ ရန် ငါ ဆိုတဲ့ အိုင်ဒီယာတွေကိုလည်း.. အဟဲဟဲ.. ..ဖြတ်ချင်းဖြတ် သမုဒယ ကိုပဲ ဖြတ်ရတော့မှာပဲ။
ကိုမောင်ရင် - ကျွန်ုပ်ဆိုသူက ကောင်းကင်ဘုံကပဲ ဖြစ်မယ်ထင်တယ်.. ဟဲ ဟဲ.. တကယ်တော့ နောက်ဆက်တွဲတွေ ရှိသေးတယ်.
ကျွန်ုပ်က ထိုအဆိုအားလုံးကို ပယ်ချခဲ့၏။
ကျွန်ုပ်ကို တင်းမာလွန်းသည်ဟု သူတို့ကဆိုကြ၏။
ကျွန်ုပ်က ထိုအဆိုအချို့ကို ထောက်ခံကာ အချို့ကိုပယ်ချခဲ့၏။
ကျွန်ုပ်ကို ဘက်လိုက်လွန်းသည်ဟု သူတို့က ဆိုကြလေ၏။
ခေါင်းစဉ်ကို ပြန်ဖတ်တော့ အစွန်းများလေ.. ပြောင်းလွယ်ပြင်လွယ်ခြင်းကိုတောင် ပြောင်းလွယ်ပြင်လွယ်လွန်းတယ် လို့ အစွန်းထဲ ထည့်ကြတော့ကာ.. အဲ.. စောစောက ပြောသလို သမုဒယပဲ ဖြတ်ရတော့မှာပဲ။
ပီတိ - ဟီးး ရယ်ရတယ်
ရွက်ဝါ - ကျေးဇူး။
ဒီကောမန့်ကို ဖတ်နေချိန်တွင်တော့ မပန်သည် ကွန်ပြူတာရှေ့ တွင် ရှိနေသည်.. ဟိဟိ.. =)
ReplyDeleteမပန်စာတွေ အရမ်းကြိုက်လို့ လာလာဖတ်ရတာ။ တစ်ခါတစ်ခါ နားမလည်တာတေါရှိတယ်။ သိုးလေးက ပညာမမီသေးဘူးနော်။ ဒါပေမဲ့ ဒီတစ်ပုဒ်ဆို အားလုံးခြု့လိုက်တော့ နားလည်လည်ရှိသလို... ဟော မပန်ကွန်မန့် ထပ်ဖတ်လိုက်တော့ ပိုနားလည်သွားတယ်။ သဘောကျသွားပြီ။ ခုမှတကယ်။
ReplyDeleteကျွန်တော့်နာမည်က မောင်ဖြူပါ။
ReplyDeleteဟီးဟီးနောက်တာနော် မပန်။
ဒီမို သိုးမလေး မောင်ဖြူ လာအားပေးတာ ကျေးဇူး
ReplyDeleteမောင်ဖြူက ဒါဆို တောင်ဘက်အရပ်ကပေါ့