Technical help

Thursday, November 8, 2007

8 Nov 2007

အချစ် ..............အလွမ်း
စကားလုံးတွေ .........ရေးချလိုက်ရုံနဲ့
ရေပြင်မှာငါးကလေးတွေကူးခတ်သွားသလို
ကောင်းကင်မှာငှက်ကလေးတွေပျံသန်းသလို
လှပပြည့်စုံသွားမယ်လို့ယုံကြည်ခဲ့ပါသလား
ဒါတွေကိုနှလုံးသားတခုလိုသရုပ်ဖော်လို့
မင်းရှိတဲ့ရင်ခွင်ကိုအပြေးကလေး
တိုးဝှေ့ခွင့်များရခဲ့ရင်လေ
မင်းသိသွားအောင်
ပြောပြချင်ရဲ့
ချစ်တဲ့
သူ


မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုယ့်ကိုပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ချစ်သူရယ်…

22 comments:

  1. ဟယ် အသဲပုံလေးက လှလိုက်တာ ။ အားကျတယ်း)

    ReplyDelete
  2. အလှတရားဆိုတာ ရှိတယ်။ ဘ၀မှာလည်း ရှိတယ်။ အနုပညာမှာလည်း ရှိတယ်။ ပန်ဒိုရာမှာလည်း ရှိတယ်။ မွေးနေ့ပါတီလေး လှပပါစေ။

    ReplyDelete
  3. ဟယ်.. မပန် ကဗျာလေးရော.. အသည်းပုံလေးရော...
    very romantic!!! အဟိ.. :P

    ReplyDelete
  4. မပန်ကတော့ဗျာ
    ကဗျာ လေးကိုဆန်နေတာပဲ
    မွေးနေ့ဆုတောင်းမှာ
    အားကျတယ်ဂျ

    ReplyDelete
  5. ကဗျာလေးရော ပုံလေးပါ သဘောကျတယ် :)

    ReplyDelete
  6. Happy Birthday ပါ.. အရီးပန်ကို ပိုင်ဆိုင်တဲ့ အရီးပန် ရဲ့ ဟို..ဟို...ဟို ဒင်း။။။
    ကဗျာဆန်တဲ့ ...အတွေးအခေါ်ကောင်းတဲ့ အရီးလေးကို ပိုင်ဆိုင်ရတာ .“......” ကံကောင်းတယ်လို့မှတ်ယူပါရှင်...။ သနပ်ခါးပန်းရဲ့ ရနံ့ကို တန်ဖိုးထားခံစားရင်း ဘ၀တလျှောက်လုံး ပျော်ရွှင်နိုင်ပါစေ လို့ အလေးအနက် ဆုတောင်းခဲ့ ပါတယ်ရှင်...။

    ReplyDelete
  7. မွေး နေ့  ရှင် "သူ့ " ကို ပြ ပြီး ပြီ လား . . ???

    ReplyDelete
  8. မပန်..ချစ်သူဆိုတာ အနော့်ကိုပြောတာလား... ဒီလောက်ကြီးလည်းမလိုပါဘူးအစ်မရယ်.. တူများတွေ တညိုးထင်ကုန်မှာပေါ့.. :P

    ဘာညာ

    ReplyDelete
  9. အဟိ .. နုလိုက်တာ

    ReplyDelete
  10. လှပ ။ ပိုင်ဆိုင်သူ ဆိုတဲ့စကားလုံးကိုတောင် သဲပုံထဲ ထည့်ရေးသင့် ၊ ထင်မိ ။

    ReplyDelete
  11. မပန်နဲ့ မပန်ကို ပိုင်ဆိုင်တဲ့သူတို့ ပျော်ရွှင်ပါစေခင်ဗျာ :)

    ReplyDelete
  12. မပန်နဲ့ မပန်ရဲ့ချစ်သူတို့ ပျော်ရွှင်စရာမွေးနေ့များစွာ ဆင်နွှဲနိုင်ကြပါစေ။
    ဒီမှာတော့ ဂ ရက်နေ့ နေ့လည် ၁၂ပဲ ရှိသေးတယ်နော်။

    :D

    ReplyDelete
  13. How old is your boy friend?

    Best wishes,

    Hay Mar

    ReplyDelete
  14. ပန်ဒိုရာပိုင်ရှင် ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။ ပန်ဒိုရာကို လည်း တိုးဝှေ့ခွင့်ပေးနိုင်ပါစေ။ ;)

    ReplyDelete
  15. Nice post with nice expression of words!

    Happy birthday for yours and Wish you enjoy together naw.

    ReplyDelete
  16. မပန်...
    ကဗျာလေးနဲ့ ပုံစံလေးနဲ့ အရမ်းလှတယ်။ စာသားကော ... မပန် အမြဲပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  17. ပါရမီဖြည့်ဘက်တွေ ဖြစ်ကြပါစေဗျာ ...။

    ReplyDelete
  18. Happy Belated Birthday to Yours. မပန်ရေ ဆောရီးပါ၊ နောက်ကျသွားတဲ့အတွက်၊ မပန်ရော မပန်ကို ပိုင်ဆိုင်သူပါ မွေးနေ့မှာ ပျော်ရွင်ပါစေလို့ ဆုတောင်းပေးပါတယ်၊

    ReplyDelete
  19. ဆုတောင်းပေးသူများ အားလုံးကျေးဇူးပါ။
    ဟေမာရေ သူက ပန်ဒိုရာထက် ၄ နှစ်ကြီးပါတယ်။

    ReplyDelete
  20. အရမ်းလှတာပဲ။ ပုံလေးကောစကားလုံးလေးတွေကော။
    ပျော်ရွှင်ပါစေနော်။

    ReplyDelete