တကယ့်ကို ဘာဆို ဘာရယ်မှ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးလေး။ စကားလုံးအဆန်းလည်း ဘာမှမပါ။ အတတ်ပညာမပါတဲ့ စာလေး။ ကဗျာလို့ခေါ်လို့ရသလားတောင် မပြောတတ်ဘူး။ အင်း ၇ နှစ် ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မြင်ယောင် ဖတ်ကြည့်ရင်တော့ ပိုကောင်းမယ် ထင်တယ်။ ရေးခဲ့တာ အောက်တိုဘာလောက် ကတည်းက။ နိုဝင်ဘာမှာ အချောနည်းနည်း ထပ်ပြင်ခဲ့။
ပျိုးပင်ပေါက်ကလေး
ကျွန်တော်ရယ် စုတ်ဖွားလေးရယ်
သာယာတဲ့နံနက်ခင်းမှာ အပျင်းဆန့်ထွက်ကြ
စုတ်ဖွားလေး စူးစူးဝါးဝါး ဟောင်တဲ့
လမ်းဘေးက ထိုးထိုးထောင်ထောင် ပျိုးပင်ပေါက်ကလေးကို
ဆွဲနှုတ်ယူလာခဲ့တယ်
ခြံရှေ့ လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ
ပျိုးပင်လေးကို ကျွန်တော်စိုက်တော့
စုတ်ဖွားလေးက အမြီးတနှံ့နှံ့နဲ့ အနားမှာရစ်သီရစ်သီ
ဒီအပင်လေးဟာ ဘာပင်လေးလဲ ကျွန်တော်မသိပါဘူး
သရက်ပင်လေးသာဆိုရင်
သရက်သီးပေါက်စလေးတွေကြွေချိန်
စုတ်ဖွားလေးနဲ့ကျွန်တော် ပစ်ပေါက်ကစားလို့ရတယ်
သရက်သီးမှည့်ရင်တော့
စုတ်ဖွားလေးကိုလည်း စားကြည့်ခိုင်းရမယ်
ညောင်ပင်ဝိုင်းဝိုင်းလေးလည်း ဖြစ်ချင်ဖြစ်မယ်နော်
ဒါဆိုရင်တော့ နေ့လည်နေ့ခင်းတွေဆို
အရိပ်အောက်မှာ စုတ်ဖွားလေးနဲ့အတူတူ ခွေအိပ်ကြတာပေါ့
ကွပ်ပျစ်ကလေးတောင် ရိုက်လို့ရတယ်
စုတ်ဖွားလေးပါ ကွပ်ပျစ်ပေါ်လာအိပ်ရင်တော့
ကျွန်တော် ဖယ်ပေးရမှာပဲ
ကုက္ကိုပင်လေးများ ဖြစ်နေမလား
ကုက္ကိုသီးရှည်မျောမျောတွေ ကြွေကျချိန်ရောက်တော့
စုတ်ဖွားလေးက လူးလိမ့်ဆော့ရင်
အစေးတွေက အမွေးဖြူဖြူလေးကို ညစ်ပတ်ကုန်တော့မှာ
ခရေပင်လေးဆိုရင်တော့
ကျွန်တော်က စောစောထပြီး ခရေပန်းကောက်တိုင်း
စုတ်ဖွားလေးက မြေကြီးတွေဖွ လာရှုပ်တော့မှာပဲထင်တယ်
ပျိုးပင်ပေါက်ကလေး
စိုက်ထားခဲ့တယ်
အဲဒီညက
စုတ်ဖွားလေးလည်း ပျော်လို့ထင်တယ်
တအီအီနဲ့ ညည်းပြီး လာချွဲ နေလို့
မနည်းချော့သိပ်ရတယ်
နောက်နေ့ အိပ်ရာထနောက်ကျတယ်
မျက်နှာသစ်ပြီးပြီးချင်း ခြံထဲဆင်းတာပေါ့
ကြည့်လိုက်တော့ ပျိုးပင်ပေါက်ကလေး မရှိတော့ဘူး
အားလုံး ကစဥ့်ကလျားနဲ့
မြေပုံအသစ် ပွပွကလေး တစ်ခုပဲကျန်တယ်
အသာလေး တူးကြည့်လိုက်တော့ အမဲရိုးလေးတစ်ချောင်း။
ပန်ဒိုရာ
၆ နိုဝင်ဘာ ၂၀၀၇
မပန် မင်္ဂလာပါ။ လာလည်သွားတယ်ဗျ။ ဒီပို့စ်လေးမှာပဲ နှုတ်ဆက်သွားတယ်ဗျ။
ReplyDeleteမကြီးပန်ရေ ကဗျာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ တအားလှတယ်ဗျ။ နောက်လည်းဒီလို အဖွဲ့လေးတေါ ရေးပါဦးဗျ.. ပျော်၇ွှင်ပါစေ..
ReplyDeleteအဲလိုပါပဲ ...
ReplyDeleteမျှော်လင့်ချက်တွေဟာ ... တခါတခါ ကစဥ့်ကလျား ဖြစ်တတ်တယ်။
နောက်ဆုံးတော့ ... ရှင်သန် ကြီးထွား နိုင်စွမ်းမရှိတဲ့ အမဲရိုး တချောင်းသာ မြေကြီးထဲမှာ ကျန်ခဲ့ရတာ ... ။
ဘာရယ်မှ မဟုတ်ဘူးဆိုတဲ့ ပန်ပန့် ကဗျာလေးက အများကြီး အတွေးတွေ ရသွားစေပါတယ် ... ။
ကျေးဇူးပါ ပန်ပန် ... ။
လှတယ် :)
ReplyDeleteဆီပုံးမတွေ့ လို့  ဒီမှာ အော်ခဲ့တယ်နော့
ReplyDeleteMarry Chris Must! ahhh .. :-P chorry! Merry Christmas !
ဆီဗုံးပျောက်နေတာကြာနေပြီနော်။ လာသွားတယ်အစ်မရေ။ နေကောင်းရဲ့လား။ အစ်မလည်းပျောက်နေသလိုပဲနော်။
ReplyDeleteMerry Christmas ပါအစ်မရေ။
Merry X'Mas to you!!
ReplyDeleteလက်ဆောင်မပေးရင်တော့ အတွေ့ပဲ ဟွန်း
ပန်ပန်ရေ..စာပန်းချီလေး ကတော့..ထုံးစံအတိုင်း..လက်ထွက် စစ်စစ်ကလေး ပဲ..း)
ReplyDeleteပျော်ရွှင်စရာ ခရစ်စမတ် ကာလ နဲ့ နှစ်သစ် ဆုမွန် ချွေလိုက်တယ်။ ( ကောက်ကြည့်)
မပန်ရေ
ReplyDeleteပျော်ရွှင်စရာ ခရစ်စမတ်လေးဖြစ်ပါစေ
ပန်ရေ...ပန့်Blogရဲ့ပုံမှန်ဧည့်သည်ပေမယ့် commentကတော့ ပထမဆုံးရေးဖြစ်တာပါ...စုတ်ဖွားလေးက မျှော်လင့်ချက်တွေနဲ့ အားကျမခံအရိုးပင်လေးစိုက်ထားတာများလား?ကလေးလေးက ကစားစရာကားကလေးမြေကြီးထဲမြှတ် ကားပင်လေးစိုက်တဲ့TVကြော်ငြာတခုထဲကလိုပေါ့
ReplyDeleteစုတ်ဖွားလေးသနားပါတယ်။
ReplyDelete