Technical help

Saturday, March 15, 2008

ဘန်နာကိစ္စ ဆန္ဒခံယူပွဲကြီး

ဆန္ဒခံယူပွဲကြီး ဆိုလို့ တောင်တောင်အီအီတွေလည်း မတွေးကြနဲ့ဦးနော်။ ပန်ဒိုရာရဲ့ ဘန်နာတွေ ဓာတ်ပုံတွေကို ဘယ်သူတွေက ဘယ်ဟာကြိုက်သလဲ ဆိုတာ သဘောထား မေးကြည့်တာပါ။ ကိုယ့်ဟာကိုယ် အမွှန်းတင်ချင်လို့ သည်လို နာမည်ပေးလိုက်တာပါ။ ဟိုလိုဆန္ဒခံယူတာတို့ မဲပေးတာတို့တော့ ပြောလည်းပြောရဲဘူး။ သိလည်းသိဘူး။ နားလည်းလည်ဘူး။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလည်း ဆန္ဒမဲ မပေးဖူးဘူး။



ခြုံကြည့်ရသလောက်တော့ လူတွေက ဦးပိန်တံတားပုံနဲ့ ဘန်နာ၆ ကို ကြိုက်ကြတာ အကြိမ်ရေ များနေတယ်။ အဲဒါမှ ခက်တာပဲ။ ရှားရှားပါးပါး တစ်ပုံထဲရိုက်တဲ့ ပန်ဒိုရီက ပိုပြီး ရိုက်ချက် ကောင်းသလို ဖြစ်နေတယ်။ သည်လိုတော့ အဖြစ်မခံနိုင်ဘူး။ အသာမခံနိုင်ဘူး။ အမှတ်တွေ ပေါင်းပြီး ခွဲကြည့်မယ်။ ပထမအကြိုက်ဆုံးကို ၃ မှတ်၊ ဒုတိယကို ၂ မှတ်၊ တတိယ ကို ၁မှတ်လို့ ပေးလိုက်တယ်။ မလေးနဲ့ မောင်မျိုးက ဘယ်ဟာကို အကြိုက်ဆုံးလို့ သေသေချာချာ မပြောတော့ သူတို့ရွေးတာတွေကိုတော့ ၂ မှတ်စီပဲ ညီတူပေးလိုက်တယ်။ တက်စလာနဲ့ နတ်ဆိုးက ဘန်နာ ၆ ကိုကြိုက်တယ်လို့ အတိအလင်း ရှင်းအောင် မပြောတော့ ဘန်နာ ၆ နဲ့ပတ်သက်တဲ့ သူတို့မဲကို ပယ်လိုက်တယ်။

ဒါလည်းမရသေး။ ဘန်နာ ၆ က ၂၆ မှတ် ။ ဘန်နာ ၈ က ၂၄ မှတ်ဖြစ်နေတယ်။ ဒီတော့ ကွန်မန့်ထဲမှာ သေချာမရေးပဲ ဆီပုံးကပဲ ရေးသွားတဲ့မဲတွေ အားလုံးကို ပယ်လိုက်ပြန်တယ်။

နောက်ဆုံးတော့
ဘန်နာ ၈ က ၂၁ မှတ်ကျန်ပြီး ဘန်နာ ၆ က ၂၀ မှတ်ပဲကျန်တယ်။ အသေးစိတ်ကို ဒီမှာကြည့်။



ဘန်နာ ၈ နိုင်ပြီပေါ့။ ဘာရမလဲ။ ဟဲဟဲ။ ဒီလို မနိုင်နိုင်အောင် တွက်ဖို့က

- အစကတည်းက ဘယ်လိုတွက်ချက်မယ် ဆိုတာကို ရှင်းရှင်းပြောမထားဘူး။
- အခြေအနေမဟန်ရင် ပယ်မဲလုပ်လို့ ရအောင်လည်း ကြံထားရတယ်။ ပြည်ပရောက် အဲလေ ပြင်ပရောက် ဆီပုံးထဲက မဲတွေကို ထည့်တွက်မှာလား ဆိုတာ သေချာ ပြောမထားဘူး။ လော့အင်ဝင်ဖို့ခက်သူတွေ ကွန်မန့်ထဲရေးလို့ရအောင် ကော်ပီပေ့စ် လုပ်ပေးပါမယ် ဘာညာ နဲ့ စီစဉ်ပေးမထားဘူး။
- ကိုယ်နိုင်ခြေလေးရှိတုန်း ဖြတ်ချလိုက်တာပါပဲ။
- ဒီ့ထက်ညစ်ချင်ရင် ဘန်နာ ၆ ကိုထောက်ခံတဲ့ ကွန်မန့်တွေကို အသာ ဖျက်ပစ်လိုက်လို့တောင် ရသေး။ ကိုယ့်လက်ခုပ်ထဲက ဘလော့ပဲ။ ကိုယ်တိုင် အိုင်ဒီအတုနဲ့ ထပ်မဲပေးလို့လည်း ရသေးတယ်။
- ဒီကြားထဲမှာ မဲရုံတာဝန်ခံက အရည်အချင်းမပြည့် အဲ.. မျက်စိက ရှန်းတတ်တော့ အခုရေတွက်တာတွေ မှားရင်လည်း မှားနေနိုင်သေးတယ်။ နိုင်နေမှတော့ ဘာလို့ ဒုက္ခခံပြီး ပြန်တွက်နေဦးမလဲ။ တော်ပြီ။

ညစ်တယ်ဆိုတာ လွယ်ပါတယ်။ ကဲ.. ပန်ဒိုရာ ရိုက်တဲ့ပုံ ဘန်နာ ၈ နိုင်ပြီ။ ပန်ဒိုရီ ဘာတတ်နိုင်သေးလဲ။

ပုံ
ပန်ဒိုညစ်


20 comments:

  1. So proud to leave the first comment on this post.
    Can't find the perfect word to applause how clever you are.
    Pandora.. you' are genius !

    ReplyDelete
  2. သြ…သူကဂလိုကိုး…ပါးနပ်ပါပေရဲ့ …တော်ပါပေရဲ့ 
    ဟိုးတုန်းက..၁၉၉၀ ကတစ်ခါ..ဒီလိုပဲ..မဲတစ်ပြားဆုံးပါးသွားဖူးတယ်…
    အသည်းကြားကမဲတစ်ပြားပြန်ပေးပါ..

    ReplyDelete
  3. ပန်ကအကြံနဲ့ကို...အင်း...နောက်ဆိုသတိထားVoteမှ...။ အဲဒီအတွေးလေးတွေက Superပဲ။

    ReplyDelete
  4. သူက အကြံနဲ့ကိုး... တော်ပါပေ့.. ဒါပေမယ့် တခုခံသာတာက မပန်ကမှ ညစ်တာကို အတိအလင်း ညစ်ကြောင်း ၀န်ခံသေးတယ်.. ဟား..ဟား.. ဟုတ်တယ်ဟုတ်.... တချို့တွေက ကိုယ်ညစ်တာတောင် မှန်တယ်ဆိုပြီး အာခေါင်ကွဲအောင် အော်ဟစ်နေကြသေးတယ်... :)

    ReplyDelete
  5. nice post....i like ur this post a lot.

    ReplyDelete
  6. တော်တော် တော်တဲ့ မပန်ပါလား။ ဒီလို ဒီလို လုပ်လို့ ရတယ်ပေါ့လေ။ အဟဲ။ Congratulations!
    Ulmuka_ဇီးကွက်
    PS ဘလော့ဂ်ဂါ အနေနဲ့ ၀င်ပေးလို့ မရအောင် ကိုးနတ်ချဉ်က ညစ်ထားလို့ အမည်မသိ အနေနဲ့ ၀င်ပေးပါသည်။

    ReplyDelete
  7. ဟားဟား အကြံကြီးပါပေ့ဗျာ ဂလိုနိုင်ချင်ရင် အသာလေးလက်တို့ ပြီးပြောရောပေါ့ ဘန်နာ ၈ ကိုပဲကြိုက်တယ်ဆိုပြီး ခဏခဏ၀င်ရေးရအောင်..ဟီး အစ်ကိုပန်ဒိုရီလေး တနားပါတယ်ဗျာ။

    ReplyDelete
  8. အစ်မက အဲလိုကိုး။ ဒါဆိုအစကတည်းက ပြောတာမဟုတ်ဘူး။ အဲဒီတစ်ခုကိုပဲ ပေးလိုက်တာပေါ့။ နောက်ဆို အပင်ပန်းမခံနဲ့သိလား။ :D

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. အခုလောက်ဆို တချို့သောလူများ....ဆန္ဒခံယူပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌရာထူးအတွက် လူရွေးတာမှားသွားပြီဆိုပြီး နောင်တရနေလောက်ပြီ။

    ReplyDelete
  11. တော်ပြီဗျာ... နောက်ဆိုလာမခေါ်နဲ့။ ဟီး ဟီး

    ReplyDelete
  12. အဲဒါကြောင့် ပြောတာ။ မဲပေးတဲ့ လူတွေ အမှားပဲ။

    ReplyDelete
  13. ဒီလိုပဲ လူတွေကို ခေါ်ပြီ ဒုက္ခပေးတာ နှစ်ခါရှိပြီ။ နောက်ဆို လာလာညာတာကို မယုံတော့ဘူး။

    ReplyDelete
  14. ဟီဟီ... မဲပေးဖို့ မမှီလိုက်တာပဲ ခပ်ကောင်းကောင်းရယ်...

    ဒီပို့စ်ကို သူငယ်ချင်းတွေကို လိုက်ကြော်ငြာလိုက်ဦးမယ်... ကြိုက်လွန်းလို့...

    ReplyDelete
  15. အရီးပန်..ညစ်ပုံညစ်နည်းကို ဖတ်ပြီး..မကြာခင် နဖူးတွေ့ဒူးတွေ့ ပေးရတော့မယ့်မဲတောင် ပေးချင်တော့ဘူး..။ ရှူး....ရွာက ဘုန်းကြီးပျံပွဲမှာ အငြိမ့်ထည့်မထည့် မဲပေးတာကိုပြောတာနော်...။ အထင်မလွဲနဲ့..။
    လေးမ

    ReplyDelete
  16. Mr/Ms Anonymous> Many thanks for your comments. :)
    ကမောင်ရင် . ဒီမှာ လာမတောင်းနဲ့လေ
    မတန်ခူး မနုစံ anonymous ဇီးကွက် မောင်မျိုး ၀င်္ကပါ ကိုငြိမ်းချမ်းအောင် ကိုပေါ ဟန်သစ်ငြိမ် ပုံရိပ် ပီတိ ဆိုးဝှက် လေးမ..
    မကျေနပ်ရင် လေဖြတ်လိုက်ကြပါ အဲလေ အသေသတ်လိုက်ကြပါ။ သဘောကျရင်လည်း ပြောပြလိုက်ကြပါ။ ဟဲဟဲ..

    ReplyDelete
  17. မပန်ရေ ကျွန်တော်ကလည်း တုံးသဗျ.. မနည်းနားလည်အောင် ဖတ်ပြီးတော့ ခု ရယ်နေတော့တယ်။ မဆိုးကြီး လင့်ပေးတယ်လေ.. မဟုတ် ကျွန်တော်လည်း တော်တော် နှင့် မရောက်.. ခုတော့ ဘလော့ဖိကို စားထားတယ်...

    ဟဲဟဲ မဲ ဘယ်အချိန်ကောက်လိုက်မှန်း မသိတဲ့ လူတွေလည်း ရှိသဗျ.. မထည့်လည်း နိုင်နေမှာပါပဲလေ.. ဘာလုပ်လို့ ထည့်နေတော့မှာလဲ .. .. မထည့်ပေမဲ့. မကြိုက်ကြောင်းတော့ တစ်ခုခု လုပ်ရလိမ့်မယ်ထင်တယ်.

    ReplyDelete
  18. ....ဘန်နာကိစ္စ ဆန္ဒခံယူပွဲကြီး....တဖက်လှည့်နဲ့ euphemism လိုရေးထားတာ တော်တော်ကောင်းကောင်းတယ်....

    ReplyDelete
  19. ထိအောင်ရေးတတ်တယ် မမပန်က

    ReplyDelete