နှလုံးသားယဲ့ယဲ့နဲ့
အသိုက်ဖွဲ့နေရသူပါ
ငါ့နှလုံးသားဟာ ငါ့နိုင်ငံတော်ပေါ့
အငွေ့ကလေး အဝေးကရှုလို့
မ၀ရေစာ ချစ်နေရတဲ့အထဲ
လက်ယာရစ် လက်ဝဲရစ်
အရည်အဖတ်မှမကျန် စိစိကြေအောင်အမွှေခံရတယ်
အိပ်မက်ဆိုရင်လည်း..
အိပ်မက်ဆိုရင်လည်း..
(အဲဒီနေရာမှာ ဆက်မပြောဖြစ်တော့ဘူး)
ငါ့နိုင်ငံတော်က ကြိုတင်သတိပေးမခံရဘူး
ငါ့နိုင်ငံတော်က မိုင် ၁၅၀ နှုန်းကို အငိုက်မိတယ်
ငါ့နိုင်ငံတော်က အိမ်ခေါင်မိုး သစ်ပင် ဖက်တက်တယ်
ငါ့နိုင်ငံတော်က ပိုးစိုးပက်စက် ပုပ်ပွပေါ်လာတယ်
ငါ့နိုင်ငံတော်က အဆယ်မခံရဘူး သဂြိုလ်မခံရဘူး
ငါ့နိုင်ငံတော်က ဒဏ်ရာဗလပွနဲ့ တောင်းစားတယ်
ငါ့နိုင်ငံတော်က လင်သေ သားသေ မယားသေတယ်
ငါ့နိုင်ငံတော်က မြေမဲ့ယာမဲ့အိုးအိမ်ပျက်တယ်
ငါ့နိုင်ငံတော်က ရေဆာတယ် ထမင်းငတ်တယ်
ငါ့နိုင်ငံတော်က မျက်လုံးဝိုင်းကြီးတွေနဲ့ စောင့်တယ်
ငါ့နိုင်ငံတော်က ဗိုက်ဟောင်းလောင်းတွေကို သေနတ်ဒင်နဲ့ဆောင့်တယ်
ငါ့နိုင်ငံတော်က စားစရာကမ်းပေးတဲ့လက်ကို ပုတ်ချတယ်
ငါ့နိုင်ငံတော်က ရိက္ခာတွေ တနေရာမှာလျှံသွားတယ်
ငါ့နိုင်ငံတော်က မျက်နှာဖုံးတပ် ပြုံးလို့
ငါ့နိုင်ငံတော်က စနက်တံဖြုတ်လိုက်ပြီ
ငါ့နိုင်ငံတော်အကြောင်း ဆက်မပြောတော့ဘူး
ငါ့နှလုံးသားဟာ
ငါ့နှလုံးသားကိုလိုက်လို့ရှာ
ငါ့နိုင်ငံတော်ကို လိုက်လို့ရှာ
အငွေ့ကလေးကို လိုက်လို့ရှာ
အမြင်အာရုံမှာ ဖွဖွလေးထည့်လို့
ရွရွကလေး မှိတ်ချလိုက်တဲ့အခါ
ပူနွေးတဲ့အရည်တွေထဲ စုန်းစုန်းမြုပ်သွားပြန်ပြီ
ဖြတ်လျှောက်မိရင် ရင်ဆို့စေရုံသက်သက်
နိမိတ်မရှိ အနိဌာရုံစကားလုံးတွေနဲ့
ဘာမှသုံးစားမရတဲ့
လွတ်လွတ်ကင်းကင်းမဟုတ်တဲ့
ဂြိုဟ်ဆန်ဆန် ကဗျာတစ်ပုဒ်ပဲ ပုပ်ပွပေါ်လာ
သဘာဝဆိုတာရေ…
ကံတရားဆိုတာရေ…
နိုင်ငံတော်ဆိုတာရေ…
အတိတ်ဘ၀ အကြောင်းမလှလို့ဆိုပဲ
အကုသိုလ်တွေ အကျိုးပေးပဲပေးနိုင်လွန်းလှချည့်ကွယ်
ငါ့နိုင်ငံတော်ဆိုတဲ့ စာလုံးတွေကို ကျေးဇူးပြုပြီး ဆင်ဆာဖြတ်လိုက်ကြပါ။
ပန်ဒိုရာ
ငါ့နိုင်ငံတော်...
ReplyDeleteငါ့နိုင်ငံတော်...
ငါ့နိုင်ငံတော်...
ငါ့နိုင်ငံတော်...
ငါ့နိုင်ငံတော်... ဟာ
ဒီကာလမှာပဲ
ငါ့ရင်ထဲမှာ ရှင်သန်သွားတယ်
ငါ့ကမ္ဘာမှာ ရှင်သန်ရမယ်
ငါ့နိုင်ငံတော်
ဒင်းတို့ လက်မှာ အကျအဆုံး မခံနိုင်ဘူး။
မကြီးပန်ရေ ထပ်တူခံစားသွားပါတယ်ဗျာ။ အားလုံးအဆင်ပြေပါစေဗျာ။
ReplyDeleteစာတွေကဗျာတွေ ပြန်စရေးလို့လဲ ၀မ်းသာတယ်ဗျ ။
ဝမ်းနည်းကြေကွဲ ခြင်းနောက်ဆုံးနေ့  မှာ...
ReplyDeleteပြောမထွက်တော့ ပါဘူးဗျာ.
ဝမ်းနည်း ကြေကွဲမှု တွေရဲ့  အဆုံးတစ်ဖက်ဆီသို့ ...
ပျော်ရွှင်ချမ်းမြေ့ ပါစေ..ညီမ
ကောင်းလိုက်တဲ့ ကဗျာ...။
ReplyDeleteCheers!! sis ..we try out best for our ppl...
ReplyDeleteကျိန်စာစူးပါစေလို့ပြောနေပေမယ်ဘလည်း...
ReplyDeleteသူတို့တွေကို စူးမယ့်ကျိန်စာက...
ဘယ်တော့ရောက်လာမှာလဲဗျာ...
ငါ့နိုင်ငံတော်က အပုပ်နံ့တွေဖုံးဖိမရတော့
ReplyDeleteငါ့နိုင်ငံတော်က ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်
ကဲ……..နိုင်ငံတော်ရဲ့ စေတနာကို နားလည်ပလား။
ကဗျာ အရမ်းကောင်းတယ်ဗျာ အမှန်တရားဘက်မှာ နတ်ကောင်းနတ်မြတ်တွေ မရှိလို့ ဖြစ်မယ်း( ၀ဋ်ရှိရင်ကြေပါတော့လို့ သာ ပြောချင်တော့တယ်ဗျာ။
ReplyDeleteလာမှတ်ချက်ရေးကြသူများ ကျေးဇူးပါ။ ပြန်ပြောဖို့ ခွန်အားမဲ့နေတယ်။
ReplyDeleteheart breaking..really heart breaking..these broken hearts will eventual heal, but never be the same again!!
ReplyDeletei wish I die with them to not see such disaster.
U are great Pan Pan.......
ReplyDeleteimpress & love u...