Technical help

Sunday, August 3, 2008

ချယ်ရီ


ပုံကို ဒီနေရာက ယူသည်။



ချယ်ရီ

ရာသီမှားသလား
နေရာမှားသလား..တဲ့
သူတို့ သိပ်အံ့သြကြတာပေါ့
ဥရောပဆန်ဆန်အလှနဲ့
ချယ်ရီကတပင်လုံးဝေနေအောင်ခြယ်သတယ်
ပါးပြင်ပေါ် ဖြတ်ခနဲကြွေကျခဲ့တဲ့ချယ်ရီ
သွေ့ခြောက်မသွားဘူး
ချယ်ရီကို ပန်း လို့သဘောထားသူတွေကို
ပြောပြချင်ပါသေးတယ်
ချယ်ရီဟာ ချယ်ရီမကခဲ့တဲ့အကြောင်း။


ပန်ဒိုရာ



15 comments:

  1. Beautiful poem! Don't you think the flowers in the picture are magnolia.

    ReplyDelete
  2. နဲနဲ မြင်.သလားလို.ပန်ဒိုရာ .တို.ဘဲ နိမ်.နေသလား။ လိုက်မမှီ နားမလည်ဘူးဖြစ်တယ်။ ဖတ်ပြီးစဉ်းစားတယ်။ မရဘူး။

    ReplyDelete
  3. ကဗျာက အခါပေး ဖတ်နေရသလိုပဲ ဟိ ...

    ReplyDelete
  4. Dear Anonymous, Thanks. I have got the pic from a friend of mine. Now I have change it to a new one which may be clearer. :)

    မခင်ဦးမေ ကိုစိုးထက် ကျေးဇူးပါ။

    ReplyDelete
  5. မကြီးပန် ကဗျာဖတ်သွားတယ်ဗျ။
    တအားနားမလည်တော့ အပြည့်မရဘူး။
    တခုခုကို သင်္ကတဆန်ဆန် နမိတ်ပုံပေးထားတယ်ဆိုတာတော့ သိတယ်။ဘာလဲ သေချာမသိဘူး :) ၀မ်းစာဟောက်ပက်နဲ့ လက်ကုန်နှိုက်ချင်လို့မရဘူးဆိုတာ သိသွားပီ အရီးပန်ရေ :)
    မလေးမလိုခေါ်ကြည့်တာ :)
    ပျော်ရွှင်ပါစေခင်ဗျာ

    ReplyDelete
  6. သြဂတ်လမှာပွင့်တဲ့ ချယ်ရီလေလား
    ဒီလိုဆိုရင်ဖြင့် ကျနော် မဆက်စပ်တတ်လေဘူး

    ReplyDelete
  7. အိပ်ယာထ
    မျက်နှာမသစ်ခင်
    ချယ်ရီကို မြင်ရ ...။
    ဟုတ်တယ်
    တခါတုန်းက
    ကျနော်လည်း
    ချယ်ရီဟာ ချယ်ရီမကတဲ့ အနက်ကို
    ရှာခဲ့ဖူး။
    ဒါပေမယ့်
    အခု ချယ်ရီရဲ့
    ချယ်ရီမကတဲ့ အနက်ကိုတော့
    ဘယ်မှီမလဲ။
    စောစောစီးစီး
    ချယ်ရီတွေကို မြင်ခွင့်ရ
    ဘ၀ကို တမနက်စာ ကျေနပ်မိ ... ။

    ReplyDelete
  8. တကယ်တော့
    ချယ်ရီဆိုတာ တမလွန်ကို ထွက်ခွာ သွားပြီဖြစ်တဲ့
    ၈၈ ရဲ့ ပန်းတပွင့်..
    နိုင်ငံရေးအကျဉ်းသူဟောင်း...
    သူ့ဘ၀ ဇာတ်ကြောင်း ကဗျာတွေ စာတွေ သီချင်းတွေ လဲ ရေးခဲ့ကြတာပဲ...
    အမတော့ ခု ချယ်ရီကို ချယ်ရီဟာ ချယ်ရီမကတဲ့ အနက်တွေနဲ့ ဘာသာပြန်မိတယ်...

    ReplyDelete
  9. သိပ်မပေါက်ဘူးးး) ချယ်ရီက ချယ်ရီမကတော့ ရီချယ်လား ဒေါ်လေး ရ :D

    ReplyDelete
  10. မမပန်
    ချယ်ရီက ပန်း သာ မက အသီးလဲ ဖြစ်သေးတယ် ဆိုတဲ့ သဘောလား ဟင်
    ချယ်ရီသီးလဲ ရှိသေးတယ်နော်၊
    ဒါကြောင့်ပါ၊
    မှားသွားရင်လဲ ခွင့်လွတ်နော်
    ခစ်ခစ်

    ReplyDelete
  11. ချယ်ရီကို အပြင်မှာအမြင်ဖူးပေမယ့် ပုံလေးတွေ့ ရတာနဲ့  ရင်ကို ညွှတ်နူးစေလို့ 
    ကိုယ့်အတွက်လဲ ချယ်ရီက ချယ်ရီမကပါဘူး…

    ReplyDelete
  12. ညိမ်းညိုရေ ကိုယ့်အတွေးနဲ့ကိုယ်ရေးထားလို့ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတာ ဖြစ်မှာပါ။
    ဆရာဦးငြိမ်းဝေ ချယ်ရီရောင်နံနက်ခင်းဖြစ်သွားခဲ့တာ ပျော်စရာပဲ။
    မခင်မင်းဇော် အဲဒီဇာတ်ကြောင်းကို မသိခဲ့ပါ။ ဝေမျှပေးတာ ကျေးဇူးပဲ အစ်မရေ။
    မောင်မျိုးရေ ချယ်ချင်သလိုချယ်ပါတော့.း)
    ချစ်လေပြေ ချယ်ရီသီးစားချင်လာပြီ။
    မတန်ခူးရေ ပန်ဒိုရာလည်း ရှားပါးစွာပဲ မြင်ဖူးခဲ့ပါတယ်။

    ReplyDelete
  13. ချယ်ရီဆိုတာ ဂျပန် ဒီထက်ခြုံပြောရင် အာရှပေါ့လေ သူက ဥရောပ ဆန်ဆန်လှသတဲ့လားး
    အရမ်းကောင်းပါတယ် အစ်မ..
    PS ချယ်ရီက အပြင်မှာ ပန်းရောင် ပိုသန်းသလိုလို.. :)

    ReplyDelete
  14. ကျေးဇူးပဲ ဇီးကွက်။ အရပ်ဒေသ ကို ရည်ညွှန်းခဲ့တာ မဟုတ်ဘူးမှတ်တယ်။ ဘယ်လိုဖြစ်ဖြစ် မှတ်ချက်အတွက် ကျေးဇူးပါ။

    ReplyDelete
  15. u need 2 say about me ....
    4 that picture :)

    ReplyDelete