Technical help

Sunday, August 10, 2008

မြစ်ရဲ့အရိပ်





မြစ်ရဲ့အရိပ်


တချိန်က သွန်းထုခဲ့တဲ့နေရာကို
ကိုယ်တိုင် ပြန်တိုက်စားတယ်
ကမ်းပါးက တရိပ်ရိပ် စီးဆင်းလို့
မြစ်ဟာ အနည်ကျ ကျန်ခဲ့ရပြီ
ရေလှိုင်းများ နောက်ကျိ
အပြာရောင်အတွက် နေရာမရှိ
အဖြူရောင်အတွက် နေရာမရှိ
အရောင်တွေ ချွတ်ချချင်သူဟာ
အကြည်ဓာတ် ပျက်ပြယ်ပေါ့
ကောင်းကင်နဲ့မြေကြီးဆုံတွေ့ရာ
မိုးကုတ်စက်ဝိုင်း ရေမှန်ပြင်မှာ
တိမ်တွေ တိမ်တွေ
ဆည်းဆာရဲ့အလင်းနဲ့
အရောင်တွေ စွန်းထင်းနေလိုက်ပုံများ…။

ပန်ဒိုရာ


8 comments:

  1. မြစ်နဲ့ တိမ်
    ဂနာမငြိမ် နေလိုက်ပုံများ ---

    ReplyDelete
  2. မကြီးပန်ရေ
    ကဗျာအသစ်လာဖတ်သွားပါတယ်
    ကိုယ်တိုင်သွန်းထုပုံဖော်ခဲ့တဲ့ လမ်းကြောင်းကို ပြန်တိုက်စားပစ်လိုက်တဲ့ မြစ်
    ကိုယ့်ရေစီးကြောင်းမှာကို အခါခါနစ်မြုပ်လို့
    ခက်ထန်ဒေါသတွေလျှံဝိုင်းလာပြန်တော့
    ရိုးုးအေးအေးကြီးနေရှာတဲ့ကမ်းပါးကို
    လှိုင်းတွေနဲ့ပြေးပြေးပုတ်လိုက်ပြန်ရော
    အဟိ ဆိုင်ဆိုင် မဆိုင်ဆိုင် ၀င်ရှုပ်သွားပါတယ်ဗျို့

    အော်... မကြီးပန် မိုးကုတ်က ကျနော်တို့မြို့နော် .. :)
    စက်ဝိုင်းတွေထဲမှာတော့ မိုးကုပ်စက်ဝိုင်းကို အကြိုက်ဆုံးပဲ
    ပျော်ရွှင်ပါစေ :)

    ReplyDelete
  3. မြစ် နဲ့ တူတဲ့မြစ် မှန်ခဲ့ရင်
    အဲဒိ မြစ် နဲ့ မိုးကုတ်စက်ဝိုင်းအကြား
    တောအုပ် တွေများ ခံနေမလား…ဒါ..စဉ်းစားစရာ..
    မြစ်ရဲ့ အရိပ်က တိမ်တွေကိုအရောင်ဆိုးထားပေမယ့်
    သူ့ ကိုယ်တိုင်မတော့..
    တိမ်ကောမတတ်..

    ပန်းချီပုံကိုကြိုက်တယ်။ ပုဇွန်ဆီရောင်ပြေးနေတဲ့ တိမ်အနားသတ်မျဉ်းတွေကိုacrylics နဲ့ အရောင်တွေထည့်လိုက်ချင်တယ်…

    ReplyDelete
  4. မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို့ မရနိုင်ဘူးတဲ့
    မြစ်တစ်စင်းမှာ ချစ်ခြင်းတွေ ရှိခဲ့သလားဆိုတာ
    တော့ သိချင်တယ်ဗျာ

    ReplyDelete
  5.ုပုံလေးနဲ့ ကဗျာနဲ့ လိုက်တယ်..

    ReplyDelete
  6. Soul ကိုအောင်သာငယ် ညိမ်းညို ကိုမောင်ရင် ကိုဖုန်းမြင့် ရွှမ်းမီ မှတ်ချက်များ ကျေးဇူးပါ။ ကိုဖုန်းမြင့် မြစ်တစင်းမှာ အပြစ်ကင်းတဲ့ ချစ်ခြင်းတွေရှိနိုင်တာပေါ့။

    ReplyDelete
  7. တိမ်တွေပြာရင်သူလိုက်ပြာ
    တိမ်တွေညိုရင်သူလိုက်ညိုနဲ့ 
    အရောင်တွေများတဲ့သူ့ ကို…
    တချို့ က မာယာများသတဲ့…
    ကိုယ်ကတော့ မြွေတကောင်လို အငြိုးကြီးတတ်တဲ့ ပင်လယ်ထက်စာရင်…
    သူ့ ကို ပိုတွယ်တာတယ်….

    ReplyDelete