Technical help

Saturday, August 16, 2008

ဘာမှမရှိဘူး




ဘာမှမရှိဘူး

မီးတောင်က သေနေတာလား
မြုံသွားတာလား
ဘာ မှ မ လို ချင် တော့ တာ…
သွန်းထုရမည်မှာ တဘဝ
ပျော်စီးကျရန် တဒင်္ဂသာ။
တစုံတရာကို အကဲဖြတ်ဖို့
တသက်လုံးထမ်းပိုးခဲ့တဲ့ အတိတ်အတွက်
စက္ကန့်ပိုင်းပဲ အချိန်ရှိတယ်။
အိမ်ဘေးအိမ်က သစ်ခွပင်လေး
ပွင့်လာတာကို ထိုင်ကြည့်သလိုမျိုး
တီတီတာတာပြောတတ်ခါစ ကလေးငယ်ကို
မနာလိုမှု ကင်းနေသလိုမျိုး
မနက်မိုးလင်း ဖွင့်လိုက်တဲ့ ပြတင်းပေါက်က
လေပြည်လေး အိပ်ရာထဲ ခုန်ဝင်လာသလိုမျိုး
သက်ငြိမ်သံကို တောင့်တတယ်။
ခြေရာထူကြမ်း
မာယာနှုတ်ခမ်း
မွန်းကျပ်နွမ်းနယ်
တွန်းဖယ်
ငါ့ကို ဘယ်သူမှ မလွမ်းကြနဲ့။

ပန်ဒိုရာ


7 comments:

  1. အောင်မယ်လေး...
    စောစောစီးစီး မီးတောင်ကြီးနဲ့ မျက်နှာသစ်ရ
    တကယ့်ကို တကယ့်ကို မတူတဲ့ ကြည်အေးမှကြည်အေး...

    ReplyDelete
  2. အားလုံး အေးချမ်း
    သက်ငြိမ်သံလေးကြားရအောင်
    ဘယ်သူ့ကိုမှ
    မလွမ်းဘူး... :)

    ReplyDelete
  3. မီးတောင်ကြီးရေ ကဗျာလေးတွေကိုတော့ လွမ်းပရစေဗျို့ :D
    ဆရာဦးငြိမ်းဝေရဲ့ အဆိုကို ထောက်ခံပါတယ် :)
    မတူတဲ့ ကြည်အေးမှ ကြည်အေး
    ၀ိုးးး မကြီးပန်ကွ

    ReplyDelete
  4. ဆရာဦးငြိမ်းဝေ ညိမ်းညို အဲလိုတော့ မလုပ်ကြပါနဲ့ဗျာ။ အပိုင်းအစလေးပါ။

    ပီတိ ကောင်းတယ်။ မလွမ်းနဲ့ ။ အေးချမ်းတာပေါ့။ :)

    ReplyDelete
  5. မကြီးပန် အရမ်းကောင်းတယ်ဗျ ၊ အကြိုက်ဆုံးကဗျာထဲမှာ ဒီတစ်ပုဒ်ပါ ထည့်လိုက်ပြီ ။

    ReplyDelete
  6. ဘာမှမရှိတာကလဲ ဘာနဲ့ မှ မတူတဲ့ ငြိမ်းချမ်းခြင်းပဲပေါ့…

    ReplyDelete
  7. မပြောတဲ့ အပိုင်းအစလေးဆိုတာက အားကောင်းလွန်းတဲ့ အလင်းရောင်ကြီး ဖြစ်နေနိုင်တယ်လေ။ ကဗျာလေး ကောင်းတယ်။

    အေးချမ်းသူ

    ReplyDelete