Technical help

Saturday, December 27, 2008

ရေပြင်ပေါ်က အလုံးလေးတွေ

ဘလော့ဂ် ခဏ ပိတ်ထားတာ ပြန်ဖွင့်လိုက်ပါတယ်။ စာဖတ်သူများ အခက်အခဲ ဒါမှမဟုတ် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်။

မြစ်ကမ်းကို ရောက်ခဲ့တယ်။ အရွယ်မျိုးစုံ ရာဘာဘောလုံးဖြူဖြူတွေပေါ်မှာ ကိုယ်ရေးချင်တာ တခုခုရေးပြီးရင် ရေထဲမှာ ချပေးနေတယ်။ တချို့လည်း ၂၀၀၉ အတွက် ဆုတောင်းစာတွေ ရေးကြမှာပေါ့။ တချို့လည်း အမှတ်တရ ရေးချင်တာတွေ ရေးမှာပေါ့။ ပိုက်ဆံမပေးရပါဘူး။ FOC ပါ။ ပြီးရင် သူတို့က လှေတွေနဲ့ လိုက်ချပေးတယ်။ ဘောလုံးတွေ ငြိမ်နေအောင် ခဲဆွဲထားတယ်။ နောက်တော့လည်း ပြန်သိမ်း အသစ်ချ လုပ်မှာပေါ့။ ဘယ်နေ့အထိလည်းတော့ မသိဘူး။





သူများတွေ ရေးနေတာကို ကြည့်ပြီး ကိုယ်လည်း တစ်လုံးလောက် ရေးပြီး မြစ်ထဲချခိုင်းမလား စဉ်းစားသေးတယ်။ နောက်တော့ မရေးဖြစ်ခဲ့ဘူး။

တကယ်လို့ အခုလို မြစ်ပေါ်မှာ အသေချထားတာ မဟုတ်ပဲ မျှောလိုက်လို့ရတာ ဆိုရင် ပိုကောင်းမယ်နော်။ ဒါဆိုရင်တော့ အရှေ့တောင်အာရှ ကျွန်းကလေးကနေ တခုခု ရေးခြစ်လွှတ်လိုက်တဲ့ ပူဖောင်းလေး တစ်လုံးဟာ ဥရောပအနောက်ဖက် ကမ်းခြေ တနေရာလိုမျိုးတောင် ရောက်ချင်ရောက်သွားမယ်လို့ စိတ်ကူးယဉ်လို့ ရမှာပေါ့။ ဒါပေမယ့်လည်း ပူဖောင်းလေးပဲလေ။ ဒီလောက် အဝေးကြီးဆိုရင် လမ်းခုလတ်မှာ ပေါက်သွားမှာပေါ့။ စိတ်ကူးယဉ် ဆိုတာတွေလည်း ဒီလိုပဲ မဟုတ်ဘူးလား။



23 comments:

  1. အမပန်ဒိုရာရေ တကယ်ကိုစိတ်ပူမိတာပါ။ အရာတစ်ခုဖြစ်တည်ပြီးသွားရင် ပျောက်ပျက်တတ်တယ်ဆိုတာကို သိသိကြီးနဲ့ ပူပန်မိပြန်ရော။ စာလေးတွေဆက်ဖတ်ရမယ်ဆိုရင် တော့ အတိုင်းထက်အလွန်ပါဗျာ။
    လေးစားလျက်

    ReplyDelete
  2. ဒေါ်လေးရေ့ ပိတ်ထားတာတွေ့တော့ ဘာဖြစ်တာလည်းဆိုပြီး စိတ်ပူမိသေးတယ် ။ နောက်ဆိုမပိတ်ပါနဲ့ ဒီလိုအမြဲလာနေကျ လေးစားနေကျ ဘလော့တွေမတွေ့ရရင် နဂိုးတည်းက ကျချင်နေတဲ့ Blogging စိတ်တွေ ပိုဆိုးလွန်းလို့ ။ ဓာတ်ပုံတွေကတော့ ရှယ်ပဲ ဒီတစ်ခါ ဘ.ယ်သူရိုက်တာတုန်း ပန်ဒိုရီလားး =)

    ReplyDelete
  3. ကွိကွိ.. သားသားလည်းပူဖေါင်းလွှတ်ချင်တယ်။ လာခေါ်ပါ.. ။း(

    ReplyDelete
  4. မပန်ရေ.. ဘာများဖြစ်လို့လည်းလို့ စိတ်ပူသွားတာတော့ အမှန်ပဲ.. လင့်တွေက လျှောက်သွားကြည့်တော့လည်း မရဘူး.. အခုမှ ပြန်တက်လာလို့ ပျော်သွားတယ်.. တကယ်... :)

    ပုံလေးတွေက လှတယ်.. အဲဒီလို ကိုယ်ဖြစ်ချင်တာလေး စာရေးပြီး ရေထဲချလိုက်တော့လည်း ပျော်ပြီး စိတ်ချမ်းသာမှာ အမှန်ပဲ.. ပိတ်ရက်တွေနဲ့
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်..

    ReplyDelete
  5. ဘောလုံးလေးတွေ လှလိုက်တာ...
    ကိုယ်ကိုယ်တိုင်သာ အဲဒီနေရာကိုရောက်ပြီး ဘောလုံးလေးပေါ်မှာ ဆုတောင်းတစ်ခုခု ရေးပါဆိုရင် ဘာဆုတောင်းရမလဲလို့  စဉ်းစားနေမိတယ်...

    အော်... ဆု ဆိုတာ ကိုယ်တောင်းတိုင်း ပြည့်တာမှ မဟုတ်တာပဲလေ... နော်...။

    ReplyDelete
  6. ပြည့် ပြည့် မပြည့် ပြည့်... ၂၀၀၉ အတွက် တခုခုတော့ ဆုတောင်း ဖြစ်မှာ အမှန်ပဲ...

    ReplyDelete
  7. ဂယ်ပါ...ပဲ စိတ်ပူသွားတယ် ဘာများ ဖြစ် သို့တည်းမဟုတ် အီစကို တစ်ယောက်တည်းကိုများ ဘမ်းလိုက်လားမသိဘူးးးးလို့ ဟိုလူ့ လိုက်မေးဒီလူလိုက်မေးမိတယ် ။ဟီးးးးးး

    ReplyDelete
  8. မပန်ဒိုရာရေ.. ဘလော့လေးပြန်ဖွင့်လို့ရလို့ ဝမ်းသာပါတယ်.. ကိုယ်ပညာယူစရာဘလော့လေးမို့ ဖွင့်မရတာ စိတ်ပူမိပါတယ်။ မပန်တို့နေရာလေးက သာယာလိုက်တာနော်..

    ReplyDelete
  9. မြင်ရတာဝမ်းသာသည်။

    ReplyDelete
  10. ဒါပန်ပန် လက်ရာပါ။ ပန်ဒိုရီ ဆိုရင် ဒီထက် အနေအထားပိုကောင်းတယ။်

    ReplyDelete
  11. ဘန်ဒါကတော့ ဂဒီးဂဒီးပြောင်းနေတာဘဲ. ဟွန်း.

    ReplyDelete
  12. ဘော်လုံးလေးတွေကြည့်ပြီး လှလို့ ဆုတောင်းဖို တောင်မေ့သွားတယ်။

    ReplyDelete
  13. ညဘက်ကြီး မြင်ခဲ့ပါတယ် .ဘောလုံးတွေကို..
    သမီးက ဘာလုပ်မှန်းမသိဘူး.. ခရစ်စမတ်အတွက် အလှလုပ်ထားတာလားလို့... :P
    ခုမှပဲသိတော့တယ်.....

    ReplyDelete
  14. invitation only ဆိုလို့ ဖိတ်စာ ဘယ်လိုရမလဲ လိုက်မေးကြည့်သေးတယ်။ အသစ်တွေကို ဆက်မျှော်မယ်နော်။

    ReplyDelete
  15. အလည်လွန်နေလို့ ဘလော့ဂ် တူတူပုန်းတာတောင် မသိလိုက်ဘူး။ သောက မပွါးလိုက်ရလို့ တော်ပါသေးရဲ့။
    သို့သော် ရေရှည်အတွက် မေတ္တာရပ်ခံလိုပါတယ်။ အဲဒီလို မကျီစားပါနဲ့။ အသည်းနုသူများ ဒုက္ခ ရောက်ကုန်ကြမယ်။ နှစ်သစ်မှာ ခုနစ်ရက် သားသမီးများအပေါ် ဂရုဏာ ထားပါ...အဟဲ။

    ReplyDelete
  16. ဟုတ်ပါ့ဗျာ...စိတ်တွေတလဟောပူသွားတာဘဲ..
    အနော့ကိုများ ပိတ်လိုက်ပြီလားလို့...
    ခုလိုပြန်ဖွင့်လို့ရလို့ ကျေးဇူးပါဘဲဗျာ...
    ဒီနေ့ မေးလ် လာစစ်တော့ ပိုစ့်အသစ် ပို့ထားတာတွေ့တော့မှ ပျှော်သွားတယ်..
    ပုံလေးတွေ အရမ်းလှတယ်..အန်တီပန်..

    ReplyDelete
  17. blog အမြန်ပြန်ဖွင့်ပေးတဲ့ ဒေါ်ကြီးပန် ကျေးဂျူး
    ပြီးတော့ ပူဖောင်းလေးတွေပို့စ် ကျေးဇူး
    စိတ်ကူးယဉ်တခဏပဲဖြစ်ဖြစ် ပူဖောင်းလေးပေါ် ချရေးတာလေးလုပ်ချင်ပ ရောက်ရင် ပန်ပန့်ဖို့ပါ တစ်လုံးပိုရေးခဲ့မယ်ဏော် တိရား

    ReplyDelete
  18. ဘာဆုမှ တောင်းစရာမလိုတဲ့ သူ ဖြစ်ရပါလို၏ လို့ပဲ တောင်းချင်တယ်

    ReplyDelete
  19. စိုးရိမ်သွားတဲ့ စာရင်းထဲ ပါသေးတယ်။

    ReplyDelete
  20. သတင်းရတာနဲ့ပြန်လာကြည့်သွားပြီ...
    ရေပြင်ပေါ်က ဘောလုံးတွေကလှလိုက်တာ
    တစ်စုံတစ်ခုကိုလည်းတွေးမိသွားတယ်။

    ReplyDelete
  21. i'm a tree hugger, so i cannot agree with ur wish to float away the plastic balls. it would be a hazard to nature :)

    ReplyDelete
  22. စိတ်ကူးယဉ် ပူဖောင်းတွေကို ခဲဆွဲထားတဲ့ ပုံ . . .

    ReplyDelete
  23. ဒါနဲ့ .. မကြီးပန် ဘလော့ကို ခဏခဏ မပိတ်ရဘူးနော်..
    အသစ်မရှိလည်း အဟောင်းတွေ ပေးဖတ်ပါ။

    ReplyDelete