Technical help

Friday, January 2, 2009

ကမ္ဘာမြေ ၂၀၀၉




ကမ္ဘာမြေ ၂၀၀၉

သက္ကရာဇ်၂၀၀၈ ကို
အနီရင့်ရောင်အရည်တွေထဲ နှစ်ချလိုက်တဲ့အခါ
ချဉ်ဖန်ချိုရှ ရသတွေက လျှံကျလာတယ်
ဒီတော့မှ သူတို့လည်း ပြောရဲဆိုရဲ ဖြစ်သွားတယ်
အမှန်တရားရဲ့ ချိန်ခွင်လျှာဟာ
ဘာကြောင့် ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေရတာလဲ.. တဲ့
ကမ္ဘာကြီးက ခေါင်းခါယမ်းလိုက်တယ်
မကောင်းတတ်လို့ သောက်နေရသလိုလို
ဟန်ဆောင်ပန်ဆောင် နဲ့ ဖန်ခွက်ကို ကိုင်တယ်
စကားကို ဟိုလွှဲဒီလွှဲလုပ်တယ်
ကြည့်….
သန်းခေါင်ထက်ညဥ့်နက်လာပေမယ့်
မီးပန်းရောင်စုံတွေကြား
ဒီလိုညကျတော့ နယူးရီးယားခေါ်ကြသတဲ့
လက်ခုပ်သံတွေလည်းထွက်လာရော
ယိုင်ထိုးနေတဲ့ ကမ္ဘာကြီးဟာ
ခြေလှမ်းတွေမမှားအောင်ထိန်းရင်း
၂၀၀၉ မှတ်တိုင်ကို အနိုင်နိုင်သွားစိုက်ပြီးမှ
တခါတည်း ဒေါင်းသွားတော့တာ
နောက်တနေ့မိုးလင်းတော့
ဟက်ပီးနယူးရီးယားမှာ
ခေါင်းကိုက်နေတဲ့ ကမ္ဘာကြီးကို
သစ်သီးဖျော်ရည်တစ်ခွက်နဲ့ လောင်းချလိုက်ရသေးတယ်။


ပန်ဒိုရာ


13 comments:

  1. ဒေါင်းသွားတဲ့ ကမ္ဘာကြီးကို ဘယ်သူ အိမ်ပြန်ပို့ သလဲ သိချင်တယ်..။

    ReplyDelete
  2. သေချာရဲ့လား၊ ခြေလှမ်းတွေမမှားဘူးဆိုတာ။
    အနီရင့်ရောင်အရည်တွေရဲ့ အပြစ်ပါဗျာ။
    ပြောရရင်တော့ ဟောဒီကျနော်တို့ချစ်တဲ့မြေကမ္ဘာမှာ အမှန်တရားဟာ အလေးခိုးတတ်တာကြာပေါ့။
    ဒီတခါ ပထမဆုံးကွန်မန့်ခွင့်ရတာ လန်းတယ်ဗျာ။

    ReplyDelete
  3. နှစ်သစ်တဲ့--
    အပေါ်ယံဆန်တဲ့.. နှုတ်ခွန်းဆက်တွေရယ်.. မသိဟန်ဆောင်တဲ့.. ပျော်ပွဲ ရွှင်ပွဲတွေရယ်..
    စိတ်ပူဟန်ပြတဲ့..ခေါင်းဆောင်ကောင်းကြီးတွေရယ်
    နဲ့..

    ကမ္ဘာကြီးကတော့..ပူနွေးလွန်းလို့.. တုန်ခိုက်လွန်းလို့.. အသက်ရှုမ၀လွန်းလို့.. အခိုးတွေ..အငွေ့တွေ..
    သူ့ကြောပေါ်က..လူတွေကြောင့်..စိတ်ညစ်လှချည့်ရဲ့..

    စိတ်ညစ်လို့..အရက်ကို သောက်တယ်..
    အရာက်သောက်တော့.. စိတ်ပိုညစ်တယ်..

    ၂၃ -၂ပိုင်းတပိုင်း အမြဲတမ်း မူးယိုင်နေတဲ့..ကမ္ဘာကြီး..သနားစရာ သိပ်ကောင်းတယ်။

    ReplyDelete
  4. အင်းသောက်စရာအကြောင်းတွေကို မပန်ဒိုရာနဲ့ အမကေက ခင်းသွားတယ်။ ဒီညတော့အလင်းသောက်မယ်ဗျာ

    ReplyDelete
  5. မိုက်လှချည်လား အန်တီပန်။းD
    ဂွတ်ထ ဂွတ်ထ..။ စာသားလေးတွေလန်းတယ်။

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ခေါင်းကိုက်နေတဲ့ ကမ္ဘာကြီးကို ချဉ်ဖန်ချိုရှ ရသတွေက သစ်သီးဖျော်ရည်တစ်ခွက်နဲ့ လောင်းချလိုက်တော့ သူက ပြန်ပြောတယ် ကောင်လွန်းလို့ နောက်နှစ်တွေလည်း ဒေါင်းချင်သေးတယ်တဲ့ ။

    ReplyDelete
  8. အမှန်တရားရဲ့ ချိန်ခွင်လျှာဟာ
    ဘာကြောင့် ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေရတာလဲ.. တဲ့ ။ အဲဒီအပိုဒ်တော့ အသေခိုက်တယ်ဗျာ။ ဘာ့ကြောင့်ပဲတိမ်းစောင်းစောင်း ကျနော်တို့ ၀ိုင်းဝန်းတည့်မတ်ကြည့်ကြပါစို့ဗျာ။

    ReplyDelete
  9. ဟောဗျား... ခေါင်းကိုက်ပြေလို့... ထကြည့်မိတော့... ကမ္ဘာကြီးက... အရည်ပျော်ကျနေပါ့လား...
    ပြန်အိပ်တာပဲ... ကောင်းမယ်ထင်တယ်...း)

    ReplyDelete
  10. Handover ပျောက်သွားအောင်မနက်လင်းတော့နဲနဲထပ်မမော့လိုက်ဖူးလား
    မပန်ရေ..ဟဲဟဲ.နောက်တာ
    ကမ္ဘာကြီးနဲ့ပတ်သက်ပြီးနောက်အနှစ်၂၀လောက်ကိုဆက်တွေးရမှာတောင်
    ရင်လေးစရာပါဗျာ…
    ခင်မင်လျက်..

    ReplyDelete
  11. ၂၀၀၉ မှာတော့ ကမ္ဘာကြီးတစ်ကယ်ပဲခေါင်းကိုက်နေမလားပဲ..


    မိုးကြယ်

    ReplyDelete
  12. အမှန်တရားတွေ မတိမ်းစောင်းဘို့ 
    လူတွေပါ ၂၃ နှစ်ပိုင်းတပိုင်း
    ဒီဂရီလိုက်စောင်းကြမယ်

    ReplyDelete
  13. အမှန်တွေကို အရည်ဖျော်ချပြီး သောက်ခိုင်းနေပါလား?

    ReplyDelete