Technical help

Saturday, February 7, 2009

စာအုပ်မျက်နှာဖုံး (စိတ်ပင်လယ်စာတန်း)

စာအုပ်အဖုံး အဟောင်းလေးတွေကို စိတ်ဝင်တစား လာအားပေးကြလို့ ကျေးဇူးတင်ပါတယ်။ အခုတခါတော့ အတော်များများ သိချင်မှ သိကြမယ့် စာအုပ်တစ်အုပ်ကို ပြလိုပါတယ်။ ဒီစာအုပ်ကို ပြန်ထုတ်ဝေဖို့တော့ မဖြစ်လောက်တော့ဘူး ထင်ပါတယ်။

၁၉၆၇ က ထုတ်ဝေခဲ့တဲ့ "စိတ်ပင်လယ် စာတန်း" ဆိုတဲ့ စာအုပ်လေးပါ။ စာရေးဆရာ အများစုဟာ မြန်မာစာနဲ့ ကျောင်းပြီးသူများ ဒါမှမဟုတ် မြန်မာစာဌာနက ဆရာများ ဖြစ်ကြပါတယ်။ အထဲမှာပါတဲ့ စာတွေကတော့ အက်ဆေးတွေဖြစ်ပါတယ်။

ထင်ရှားတဲ့ (ဆရာ) သိန်းသန်းထွန်း၊ ထင်လင်း၊ မင်းကျော်၊ မောင်ကိုယု၊ တက္ကသိုလ်မင်းမော်၊ မောင်ခင်မင်(ဓနုဖြူ)၊ အောင်သင်း၊ ဗမိုး၊ မောင်ထွန်းလူ၊ ဦးဆောက်ပန်း စတဲ့ ဆရာတွေရဲ့ အက်ဆေးတွေ ပါဝင်ပါတယ်။

အက်ဆေးကို မြန်မာလို ပြောရရင် ကျောင်းတွေမှာ စာစီစာကုံးလို့ ခေါ်ကြပေမယ့် အစမ်းစာ လို့ခေါ်တာလည်း တွေ့ဖူးတယ်။ ဥပမာ - ကိုရင်ဂျမ်း (ဆရာကြီးတင်မိုး) ၏ အစမ်းစာများ။ အခုဒီစာအုပ်မှာတော့ စာတန်း လို့သုံးထားတာကို တွေ့ရတယ်။ အခုတော့လည်း အက်ဆေးကို အက်ဆေးလို့ပဲ ခေါ်တာများတယ်။

နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပေမယ့် စိတ်ပင်လယ်စာတန်း ထဲမှာ အခုအချိန်အထိ အတွေးအခေါ်ပိုင်းရော အရေးအသားပိုင်းမှာပါ ခေတ်မီလတ်ဆတ်နေတဲ့ (မော်ဒန်ဖြစ်နေတဲ့) အက်ဆေးတွေကို တွေ့ရတယ်။ မြန်မာစာနဲ့ ပတ်သက်လာရင် ကျောင်းကပြဌာန်းမထားပေမယ့် သင်ရိုးတွေလို သဘောထားပြီး ဖတ်ရှုလေ့လာခဲ့ရတဲ့ ကိုယ့်အိမ်မှာရှိတဲ့ စာအုပ်တွေထဲမှာ ပါတဲ့အတွက် စာဖတ်သူတွေကိုလည်း တကယ်ကို ဝေမျှချင်ပါတယ်။ အဆင်ပြေရင်တော့ တချို့ အက်ဆေးတွေ တင်ပေးကောင်း တင်ပေးဖြစ်မယ်။

ဒီစာအုပ်ကို စီစဉ်သူနဲ့ ဒီဇိုင်းဆွဲသူကတော့ ဦးဆောက်ပန်း ဖြစ်ပါတယ်။ ဦးဆောက်ပန်းဆိုတာ အထင်ကရ စာရေးဆရာတစ်ယောက်ရဲ့ ကလောင်ခွဲတစ်ခုပေါ့။ သူက စွယ်စုံတော်ပါတယ်။ ဘယ်သူလဲဆိုတာ သိကြမယ် ထင်ပါတယ်။ (ဒီတခါတော့ မသိလို့မေးတာမဟုတ်)။ လူငယ်တွေ အရင် ဖြေကြည့်မလား။ လူကြီး (အသက် ၄၀ အထက်) တွေ ဒီနေ့မဖြေပဲ မနက်ဖြန်မှ လာပြောရင် ကောင်းမယ်။ ဟဲ…။






(ဓာတ်ပုံတွေက ကိုယ်ပိုင်ပါ။ ပန်းချီပုံ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ရှင်က ကန့်ကွက်မှု ပေါ်လာလျှင် အချိန်မရွေးဖြုတ်ပေးမည်။)

23 comments:

  1. ဦးဆောက်ပန်း ရဲ့ ကလောင်အမည်ကိုမသိပါ..
    40 ကျော်ပြီလို့ ထင်မှာစိုးလို့ မသိကြောင်း ဒီနေ့ပဲလာပြောတာ.. ငှဲငှဲ

    ReplyDelete
  2. လေးဆယ်ပဲ ကျော်ကျော်၊ ခြောက်ဆယ်ပဲ ကျော်ကျော် စာရေးဆရာတွေအကြောင်းက စာဖတ်မှ သိတော့မှာပဲ။ အသက်နှင့် မဆိုင်လှပါ။ (ဦးဆောက်ပန်းကို ကြားဖူးသလို ရှိပေမယ့် သေချာ မသိပါ)

    ReplyDelete
  3. ဟီးဦးဆောက်ပန်းဘယ်သူဆိုတာသိပါတယ်...
    ပြောပြဘူး..သတ်ရင်သတ်...ဟဲဟဲ...
    (အမှန်..အသက်၄၀ကျော်ထင်မည်ဆိုး၍..ညာခြင်းဖြင်ပါ
    သည်)......
    ဟီးဟီး

    ReplyDelete
  4. သားလည်း ကြားပဲကြားဖူးတာ.. ဘူဒူလဲတော့သိဘူး
    ၆၇ ဆိုရင် သားအတွက်နှစ်ဘ၀လောက်တောင် ကူးလို့ရသေးတယ် :D (အကြောင်းပြတာ... ဟိ)
    ၄၀ ကျော်များဆိုလို့ ဘူဒူးမှတောင် လာမဖြေကြတော့ဘူး သိချင်ပါတယ်ဗျို့..
    အန်တီပန်.. အဲ့ထဲက(စာတန်း)တချို့ကို တင်ပေးနော်..
    ဒီခေတ်နဲ့ ဘာတွေကွာလဲ၊ ဘာအတွေးတွေလဲ၊ ဘယ်လို ဆိုတာလေး ဒီခေတ်လူငယ်တွေ ဖတ်သင့်ပါတယ်.. နော်နော်..း)

    ReplyDelete
  5. မပန်ရေ စာအုပ်လေးကို ဖတ်ချင်လိုက်တာ။ ဦးဆောက်ပန်း ဆိုတဲ့ ကလောင်နာမည်ကို ရင်းနှီးနေပေမယ့် ဘယ်သူလဲ ဆိုတာ စဉ်းစား မရပါ။ ဒါမှ မဟုတ် ၀တ္ထုနာမည် ရှိတယ် ထင်တယ်။ (ပုံပုံ ငယ်သေးတယ် ထင်တယ် နော်..:p) အမှန်တော့ စာတချို့နဲ့ လက်လှမ်းမမီခဲ့လို့ပါ။ ညီမလေး မဖြေနိုင်ပါ ကွယ်။ အဖြေပေးပါတော့...။

    ReplyDelete
  6. စာအုပ်တွေ စုဆောင်းသိမ်းဆည်းတတ်တဲ့ ပန်ပန်ကို ချီးကျူးပါတကယ်။ အမေးအဖြေ ပဟေဌိ အတွက်တော့..နက်ဖန် လောက်မှ ပြန်လာကြည့်တော့မယ်။

    ReplyDelete
  7. တို့ကတော့ ၄၀ မကျော်သေးပေမယ့် သိတယ် .. အဲတော့နက်ဖြန်မှဖြေမယ် နော် ဟီဟိ

    ReplyDelete
  8. သိသလိုလိုရှိတယ်အစ်မ။ ဒါပေမယ့် ဟုတ်လား မဟုတ်လား မသေချာဖူးဖြစ်နေတာ။ ဘယ်သူကိုမှလည်း အတည်ပြုလို့မရဖူး။ ဘယ်သူမှလည်း သိဖူးတဲ့။ ငိုချင်တယ်။ မြန်မာစာဆရာလို့ ပြောတော့ ဇဝေဇ၀ါတွေ ဖြစ်နေတယ်။ သိထားသလောက်က သမိုင်းနဲ့ ပတ်သက်တယ်လို့ သိထားမိတာ။ မှားချင်လည်း မှားနိုင်ပါတယ်အစ်မ။ တကယ်လို့ ထင်ထားတာ မှန်သွားရင်တော့ အတိုင်းမသိ ၀မ်းသာပါတယ်။ မှားရင်လည်း ဗဟုသုတအဖြစ် မှတ်သွားပါ့မယ်။ အစ်မကိုတော့ ချီးကျူးသွားပြီ။

    ReplyDelete
  9. အဲဒီစာအုပ်ကို ကြားကို မကြားဖူးဘူး
    ဆရာအောင်ပြည့်လည်း ဦးဆောက်ပန်းအမည်နဲ့ ရေးဖူးတာပဲ..

    ReplyDelete
  10. သေချာပါပြီ..သူ..(အလှတရား)

    ReplyDelete
  11. သူ ဘူလဲ ဟင်...း)

    ReplyDelete
  12. ကလေးတွေ ဖြေနိုင်အောင်လို့ ဦးဦး clue လေးပေးခဲ့မယ်.. နံမည်ရင်းက (ခမမ) တဲ့...း)

    ReplyDelete
  13. ဦးဆောက်ပန်းတော့ မသိပါ။
    စိတ်ပင်လယ် ခေါင်းစည်းစာတန်းအောက်က ပုံလေးကတော့
    ပန်ဒိုရီ နဲ့ တူသလားလို့ ...

    ReplyDelete
  14. အင်း...၀င်ဖြေမိရင် ၄၀ကျော်လို့ထင်ခံရဦီးမယ်
    နဂိုကမှ ဦးတာရာမင်းဝေနဲ့ရွယ်တူထင်ပြီးလူတွေက
    အတော်လေးစားနေကြတာ..း)
    မီးမီး တိဘူးလို့ပြောဖို့ဟာ အပေါ်မှာ hint ပေးတဲ့သူ
    ကလည်းရှိနေသေးတယ်။း)

    ReplyDelete
  15. သူများတွေပြောသလို ကြားဖူးသလိုလိုပဲ... သိဘူး... ငယ်သေးတော့ မမှီလိုက်ဘူး ထင်ပါရဲ့ :P

    ReplyDelete
  16. အသက် ၄၀ အထက်ထဲ ပါမှာစိုးလို့ ဦးဆောက်ပန်း ဆိုတာ ဦးခင်မောင်မြင့် (ခ) ဆရာ အောင်ပြည့် လို့ ပြောချင်ဘူး... ပြောချင်ဘူး... ပြောကို မပြောချင်ဘူး...
    မကျေနပ်ရင် အတေတာ တတ်လိုက်... ဟဲဟဲ

    ReplyDelete
  17. ဒါဆို ကိုပန်ဒိုရီက ချစ်စရာလေးပဲ ကိုမောင်ရင်ရ... :D

    သူများတွေ ပြောသွားလို့ ဦးအောင်ပြည့်ဆိုတာ သိသွားပါပြီ။ မနေ့ကတည်းက လာဖြေဖို့ အန်တီငြိမ်းကို မေးတာ သူက သိဘူးတဲ့။ ;))

    ReplyDelete
  18. သိမလားဆို ထိုင်စဉ်းစားနေတာ... မသိဘူး... အဟိ.. :P .. ကိုသက်ဝေပြောတာပဲ မှတ်သွားလိုက်တော့မယ်... :P :D :)

    ReplyDelete
  19. စာအုပ်တွေကြားမှာ ပျော်နေမယ့် ပန်ဒိုရာကို မြင်ယောင်မိတယ်။ သူများတွေ မန့်တာ ဖတ်ရတာလည်း အတော်လေး ဗဟုသုတ ရတယ်။

    ReplyDelete
  20. ဟဲဟဲ...

    အဖြေသိရလောက်မှ..လာခဲ့တာ...

    စာအုပ်တွေ...အများကြီး၇ှိတယ်လား..
    ပန်းဆိုးတန်းမှာ..မွှေလာတာတွေပေါ့...ဟုတ်.
    လွမ်းလိုက်တာ..မပန်ရယ်..
    နာဂစ်သယ်သွားတဲ့ စာအုပ်တွေကို..လေ...

    အိန္ဒြာ

    ReplyDelete
  21. သေချာပါတယ် အင်္ကျအနီနဲ့ ကောင်မလေးဟာ မပန်ပါ။
    ဟိဟိ ဦးဆောက်ပန်းဘယ်သူလဲဆိုတာတော့မသိဘူး ၊ ဒါပေမဲ့ အသက်ကတော့ အင်း ၄၀ကျော်ပါပြီလေ ဟိဟိ
    ငယ်ချင်ယောင်ဆောင်ရင်းနဲ့ သူငယ်တောင်တကယ်ပြန်သွားပြီ

    ReplyDelete
  22. တင်ထာက စာအုပ်အဖုံး ။ ကွန့်မင့်တွေက တပြုံတမနဲ့ ။ ဘာပြောရမှန်းတောင်မသိ။ သေချာပါပြီ။
    ငါဟာ ခေတ်မီသူ မဟုတ်ဘူး။ သေသင့်တာ ကြာပါပြီကော ။

    မင်းဒင်

    ReplyDelete
  23. အားလုံးပဲ ဦးနှောက်စားသွားခဲ့လား။ ဟဲ။

    ဆရာအောင်ပြည့်ခေါ် ဦးခင်မောင်မြင့် မှန်ပါတယ်ကွယ်။။

    ကိုသက်ဝေနှင့်တကွ လာဖြေသူတွေအားလုံးကို ကျေးဇူး။ ၄၀ ကျော်ပြောလို့ တချို့လူတွေတော့ တွန့်သွားကြတယ် ပေါ်မလာဝူး.။

    ဦးမင်းဒင်ကြီးလည်း ရှားရှားပါးပါး ရောက်လာလို့ ကျေးဇူးပါဗျို့။

    ရှပ်အကျီအနီကွက် ကောင်မလေးက ပန်ဒိုရာဟုတ်မဟုတ်တော့ မရှင်းတော့ပါဘူး.။ သို့လော သို့လောက ပိုကောင်းပါတယ်။ :D

    ReplyDelete