၅ နှစ်မြောက် အထူး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃) ထွက်ပါပြီ။ ဖတ်ရှုရန်
ဒီကို သွားပါ။
အင်တာဗျုး၊ အထူးကဏ္ဍ နဲ့ ပေးစာများ ကို ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါတယ်။
.......................
ပန်ဒိုရာရဲ့ ကဗျာ နဲ့ ၀တ္ထုကို နမူနာ ပေးလိုက်ပါတယ်။
ကစားလုံးများအဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်
ဆက်ဖတ်ရန်
ဒီကို နှိပ်ပါ။
........................
မြိုင်တို့အကြောင်း(၁)
“မြိုင် မြိုင်...။ ဆရာဗန်းမော်တင်အောင်ရဲ့ မြိုင်လား။ ဆရာ ဒဂုန်တာရာရဲ့ မြိုင်လား”
ကိုလေးက ပြောပြီး ရယ်သည်။ မြိုင်ကလည်း သာသာသိမ့်သိမ့် ရယ်သည်။
“ဟင့်အင်း။ မြိုင်က မြိုင်ပဲပေါ့ ဘယ်သူ့မြိုင်မှ မဟုတ်ဘူး”
ခိုင် ကတော့ မျက်မှောင်ချိုးလို့သာ သူတို့ကို ကြည့်နေမိသည်။
“ဒါပေမယ့် အဲဒီ ၀တ္ထုတွေထဲက မြိုင်တွေကတော့…”
မြိုင်က စကားကို မဆက်။ မျက်နှာပြန်တည်လိုက်ပြီး ကိုလေးကို ကြည့်သည်။ ပြီးတော့ ထပ်ရယ်ကြပြန်ပြီ။ အိုး.. ဒါ ရယ်မောစရာလား။ အဲဒါ ဘာတွေ ပြောနေကြတာလဲ။ ခိုင့်ကို ဘေးမှာထားပြီး ခိုင်မသိတဲ့ စကားတွေကို ပြောတတ်ကြတဲ့ သူတို့နှစ်ယောက်ကို တခါတခါ မကျေနပ်သလို ဖြစ်မိတာ ခိုင့်အလွန်လား။
လေညင်းကလေးက ဖြည်းဖြည်း လွင့်နေသည်။ စာအုပ်ထူထူတွေ သင်ခန်းစာပို့ချချက်တွေ အိမ်စာတွေနှင့် ခဏ ကင်းဝေးတဲ့အချိန် ဘွဲ့လွန်ကျောင်းသားကြီး သုံးယောက်ရဲ့ သောကြာညချမ်း အပန်းပြေ စကားဝိုင်းလေးမှာ ဒီတစ်ခါတော့ ခိုင် တိတ်ဆိတ်နေမိတာ အမှန်။ သူတို့ရော သတိထားမိရဲ့လား။ ခိုင့်အတွေးတွေက ညနေဆည်းဆာမှာ လှမ်းမြင်နေရသည့် မှုန်ဝါးဝါး တောတန်းလေးလို ညို့နေသည်။ မလှမ်းမကမ်းက ရေကူးကန်ကလေးကတော့ ပြာလဲ့လို့။ ကိုယ့်အခန်းကို ကိုယ်စီပြန်မ၀င်ကြခင် ရေကူးကန်ကို ဖြတ်ထားတဲ့ တံတားလေးပေါ်မှာ ခဏလောက်တော့ လမ်းလျှောက်ဦးမှပဲ ဟု ခိုင်စိတ်ကူးနေလိုက်သည်။
ကိုလေးက ခိုင့်ဘက်ကို လှည့်လာသည်။ ဒါ ဆိုလျှင် ခိုင်ကရော။
ခိုင်ကရော.. တဲ့။ အခုတော့ ခိုင့်ကို သူတို့ သတိရလာကြပြီပေါ့။
“ခိုင်က တော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ပေါ့။ မဟုတ်ဘူးလား”
ပြုံးစစ ကြည့်လာသော ကိုလေးမျက်လုံး တောက်တောက်တွေထဲမှာ ခိုင့်အတွက် အရိပ် ဖျော့ဖျော့ တခုခု စွန်းထင်းမနေနိုင်ဘူးလားဟင်။ ခိုင်က လိုက်ရှာနေမိပြန်သည်။ ဟင့်အင်း။ မဟုတ်ဘူး။ ဘာလို့ သူငယ်ချင်းလို့ပဲ ဆက်ခေါ်ရမှာလဲ။ ခိုင်မကြိုက်ပါဘူး။
“နေပါဦး ကိုလေးရဲ့။ သီချင်းတစ်ပုဒ် ရှိတယ်။ ခိုင်တို့ငယ်ငယ်တုန်းက ကြားဖူးတာလေ။ ဘာတဲ့.. ရင်ထဲတိုးဝှေ့နေမယ် ခိုင်ဆိုလား”
“အော်.. ရင်သို့တိုးဝှေ့ဆဲပါ ခိုင်..။ အဲဒါ အက်စ်ကဲနက် ဆိုခဲ့တဲ့ သီချင်းလေ။ အမယ်.. ခိုင်က တယ်ဟုတ်ပါလား။ မြန်မာပြည်က သီချင်းတွေလည်း မှတ်မိသားပဲ”
ကိုလေးအသံချိုချိုမှာ နှစ်သိမ့်သံဆန်ဆန် ပါနေတာကို ခိုင် ဘ၀င်မကျချင်။ ဒီသုံးယောက်ထဲမှာ ခိုင် အငယ်ဆုံးဆိုပေမယ့် ခိုင်က ကလေးလေး မဟုတ်ပါဘူး။ ပြီးတော့ ငယ်ငယ်ကတည်းက မြန်မာပြည်က ခွာပြီး အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ရတယ် ဆိုပေမယ့် တကယ်တော့ ခိုင်က မြန်မာမလေးပဲ။
ခိုင့်ရှေ့မှာ ချထားသော သောက်လက်စ လိမ္မော်ရည်ဖန်ခွက် ပိန်ရှည်ရှည်လေးပေါ်မှာ လိပ်ပြာတစ်ကောင် အတောင်တဖြတ်ဖြတ်ခါကာ လာနားသည်။ ခြံရှေ့မှာ စိုက်ထားတဲ့ ပန်းခင်းဆီက ပျံဝဲလာတာ ဖြစ်ကောင်းဖြစ်မည်။ ချစ်စရာလေး။ လှတယ်နော်။ မြိုင်ကရေရွတ်သည်။ ခိုင် ခပ်ငေးငေးသာ ကြည့်နေလိုက်သည်။ ခဏကြာတော့ လိပ်ပြာလေးက ကိုလေးဘက်ကို ပျံသွားသည်။ ကိုလေးပခုံးနားမှာ တ၀ဲလည်လည်။ လက်နှင့်ဝှေ့ရမ်းလိုက်ရင်း ကိုလေးက ဟက်ခနဲ ရယ်ပြန်သည်။ ကိုလေး ဒီနေ့ သိပ်ပျော်နေတယ်ထင်ရဲ့။ ခံစားချက်အမှန်တွေကို မျက်နှာပေါ်မှာ အလွယ်တကူ ဖမ်းမရတတ်တဲ့ ကိုလေးဟာ ပြောရခက်လှပါသည်။ အဲသည် လိပ်ပြာလေးလိုပေါ့။ ဘယ်နေရာမှာ နားမှာလဲ။
ဆက်ဖတ်ရန်
ဒီကို နှိပ်ပါ။