Technical help

Monday, August 3, 2009

ခုတလော တက်စာ

တက်ဂ်ထားကြတာတွေက တော်တော်များပါတယ်။ နှင်းဆီနက်က ၀ါသနာ၊ မသက်ဝေက နောင်လာမယ့်အနှစ်နှစ်ဆယ်၊ ကိုအောင်သာငယ်ရဲ့ ဘ၀အကြောင်းဆိုတာလည်းရှိသေးတယ်။ မနော်က နောက်မှ တက်ဂ်ပေမယ့် အပေါ့ပါးဆုံးမို့ အရင်ရေးလိုက်ပါတယ်။ ကျန်တာတွေလည်း ရေးပါ့မယ်။


ခုတလော

တွေးနေမိတာက
ဘယ်တော့များမှ အိမ်ပြန်ရမှာပါလိမ့်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ငါတော်တော် ဟုတ်လာပြီပဲ။

ကျန်းမာရေး
ဟိုတလောက ချောင်းဆိုးတယ်။ ပျောက်တော့ ၂ ပတ်လောက် နေမကောင်းဖြစ်။ ပျောက်တော့ မျက်စေ့စွံတယ်။ ပျောက်တော့ နှာစေးတယ်။ ပျောက်တော့ ချောင်းဆိုးတယ်။
ဆေးဝါးကတော့ မူးရင်ရှူ မောရင်သောက် သောက်ရင်မူး (ဒါကတော့ ကပီတိရဲ့ စကား)

ဖတ်ဖြစ်တဲ့စာအုပ်က
မျက်နှာစာအုပ် (Face book ဟုလည်းခေါ်ပါသည်။)

ရောက်ဖြစ်နေတာက
တခါလာလည်း ဒီအင်တာနက်

ရေးဖြစ်နေတာက
စာလုံးတွေ မျဉ်းကြောင်းတွေ

နားထောင်ဖြစ်နေတာက
ဖုန်းမြည်သံ

ရွတ်နေမိတဲ့ကဗျာက
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..

ဖြစ်ချင်နေတာက
သူဌေးကတော် (သူ့ကိုသူဌေးဖြစ်စေချင်တာ ကိုယ့်စေတနာပါ။)

စားဖြစ်နေတတ်တာက
မြန်မာစာ (ဘာသာစကားကို ဆိုလိုသည်မဟုတ်။ အစားအစာကိုဆိုလိုသည်။)

သနားနေမိတာက
ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
အသက် ၅ နှစ်မှ ၁၀ နှစ်အရွယ် ငယ်စဉ်ကာလ

မေ့လျော့ပစ်နေမိတာက
လက်ရှိအသက်

ခါးသက်နေမိတာက
ပိယေဟိ ၀ိပ္ပယောဂေါ..

တမ်းတနေမိတာက
ရုံးဆင်းချိန်

ကြိတ်ပြီးချီးကျူးနေမိတာက
မှန်ထဲမှာ မြင်နေရတဲ့တစ်ယောက်

ကြိတ်ပြီးအထင်သေးနေမိတာက
ဒီလိုတော့ရန်တိုက်မပေးနဲ့လေ.. ပြောဝူး

ဆန္ဒမရှိတဲ့နေရာ
မယ်သီလရှင်ကျောင်း

ဆန္ဒရှိနေတဲ့ကိစ္စ
ပိုက်ဆံရှာတဲ့ အလုပ်ကို မလုပ်ဘဲ ဇိမ်နဲ့ထိုင်စားပြီး ပိုက်ဆံမရတာတွေကို လုပ်ခြင်း

မုန်းတီးနေမိတာက
အလုပ်(work)

ချစ်နေတာက
အလုပ်(job) (လောလောဆယ်မှာ သူမရှိလို့မဖြစ်ဘူး)

စိတ်ပျက်နေမိတာက
နိစ္စဓူဝ ပုံမှန်ကိစ္စများ

စွဲလန်းနေမိတာက
အိပ်စက်ခြင်း

လိုအပ်နေတာက
သူ.. အနားမှာရှိဖို့ ပေါ့။ (ဒီလိုပဲပြောသင့်တယ်။)

တောင်းနေမိတဲ့ဆု
ဟိုငနဲကြီးမြန်မြန်ကြွပါတော့။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဟယ်.. ဒီမိုးဒီလေ ဒီလူတွေနဲ့တော့…

ဝန်ခံချင်တာက
အထက်ကပြောခဲ့တာတွေဟာ အမှန်အားလုံးမဟုတ်ဘူး။



22 comments:

  1. တက်စာတွေလာစားသွား..အဲ လာဖတ်တယ်
    ချစ်သူနဲ့ကွေကွင်းရခြင်းသည် ဘာဆိုလားး)
    ပဉ္စမမြောက်ရေးသူအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်
    အပ်ပါသည်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ကိုယ်လဲ ရေးရမယ်ဆိုတော့ တကြောင်းချင်းစီတွေးရင်း သေသေချာချာ ဖတ်လာတာ...
    အဆုံးကျတော့မှ ဖြတ်ရိုက်ချလိုက်သကိုးးးးးးး
    ပိုင်ပါပေ့...

    ReplyDelete
  3. လုပ်ချလိုက်ပြန်ပြီ ပန်ပန်တို့ ...
    နောက်ဆုံးတကြောင်းနဲ့ ခံလိုက်ရတယ်။
    ဒါမျိုးခဏခဏကြုံဖူးတာ ကိုယ်ကလဲ အမှတ်မရှိ

    ReplyDelete
  4. ဖြစ်ချင်နေတာကို ဖတ်ရတော့ မထိန်:နိုင်ဘဲပြုံးမိပါတယ်။
    ထပ်တူထပ်မျှပါဘဲ

    ReplyDelete
  5. ဆန္ဒရှိနေတဲ့ကိစ္စ
    ပိုက်ဆံရှာတဲ့ အလုပ်ကို မလုပ်ဘဲ ဇိမ်နဲ့ထိုင်စားပြီး ပိုက်ဆံမရတာတွေကို လုပ်ခြင်း

    မုန်းတီးနေမိတာက
    အလုပ်(work)


    သြော်... ငါလိုလူစား အများကြီးပါလား။ အားတက်သွားပြီ။း-)

    ReplyDelete
  6. အင်း...
    ပန်ပန်တို့ကတော့ ပြောကို မပြောချင်တော့ဘူး...း)

    ReplyDelete
  7. ဟီးဟီး
    မေ့နေတာ အသက်တဲ့
    တူလိုက်တာဗျာ

    ReplyDelete
  8. ပန်ဒို...
    မရောက်တာကြာပေမယ့်...
    လာလိုက်တာနဲ့ ပေါ့ပေါ့ပါးပါး ပြုံးမိတာပါဘဲ....
    အဖျားဖြတ်တာလေး သဘောကျတယ်..း)

    ReplyDelete
  9. မပန်ရေ..လာပြီးပညာယူသွားပါတယ်ရှင်.း)
    မီးကတော့ အဆင့်ဘိတ်ချီးဖြစ်တော့မယ်နဲ့တူပါတယ်.
    ပထမတက်ဂ်ကြွေးကို အရင်ဆပ်ဖို့ ရေးနေဆဲတန်းလန်း
    ဖြစ်နေလို့လေ...း))

    သူဌေးကတော်ဖြစ်ချင်တာချင်းတူတယ် မပန်ရေ. :D

    ReplyDelete
  10. ခုတလော ပျော်နေတဲ့ မပန်ဒိုရာရဲ့အိမ်လေးကို ခုလာလည်တယ်။ ခုတလောမပြုံးရတာကြာပေမယ့် ခုတော့ပြုံးမိသွားတယ်။
    ပျော်ရွှင်ပါစေမပန်ရေ.....

    ReplyDelete
  11. တက်စာစားပြီး
    မှားလို့...ဖတ်ပြီးတော်တော်သဘောကျမိသွားပါတယ်မပန်ရေ

    ပိုက်ဆံရှာတဲ့ အလုပ်ကို မလုပ်ဘဲ ဇိမ်နဲ့ထိုင်စားပြီး ပိုက်ဆံမရတာတွေကို လုပ်ခြင်း
    ဒီနေရာမှာတော့ကျနော်နဲ့ခွဲမရအောင်တူနေပြီဗျ...
    အဲဒီဆန္ဒတခုပြည့်ရုံနဲ့တင် ဘဝအတွက်တော်တော်လုံလောက်ပြီလို့ထင်တာပဲဗျာ

    ဆန္ဒအားလုံးပြည့်ဝနိုင်ပါစေမပန်ရေ

    ReplyDelete
  12. မမရေ
    ခုတလော...
    တက်ကြွေးတွေ များနေတယ်...
    ဒါပေမယ့် ချစ်တဲ့ ခင်တဲ့ စိတ်နဲ့
    နားနားပီး ရေးနေတယ်...

    မမရဲ့ ခုတလောလေးက ပေါ့ပေါ့ပါးပါးလေး...
    ရင်ထဲမှာ ရှင်းနေတယ် ထင်တယ်...
    ဖတ်ပြီး ပြုံးနေမိတယ်...
    တော်သေးတာပေါ့ နေကာင်းသွားလို့နော်..

    နှင်း

    ReplyDelete
  13. ဟီးးး

    မပန်အကောင်းဖတ်လာတာ ..
    နောက်ဆုံးတကြောင်းနဲ့ ခံလိုက်ရတယ်..

    ဒါပေမဲ့ ဖတ်ရတာ ..ပေါ့ပေါ့ပါးပါးနဲ့ ပြုံးမိတာပေါ့

    ReplyDelete
  14. Hehhehe.. Love ya post. Love ya too. keke.

    ReplyDelete
  15. ပုံရိပ်လည်း သူဌေးကတော် ဖြစ်ချင်ပါသည်။ ပိုက်ဆံမရသော အလုပ်များကို အချိန်ပြည့်လုပ်ချင်လို့ပါ။ (ဥပမာ ဘလောက် ရေးခြင်း)

    ReplyDelete
  16. ခုတလော..တက်စာတွေ စားပြီး ခေါင်းကိုက်နေလို့..ဘာနဲ့ တွဲစားရလည်း လာကြည့်ပါတယ်။
    နောက်ဆုံး ၀န်ခံချက် တခုပဲ ယုံတယ်.. ခွိခွိ

    ReplyDelete
  17. ဟားဟား။ ဖတ်ပြီး အားရပါးရ ရယ်သွားတယ်။ :D

    ReplyDelete
  18. ဒါလေးဖတ်လိုက်ရတာ စိတ်ကိုကြည်သွားတာပဲ… တကယ့်ပေါ့ပေါ့ပါးပါးလေ…

    ReplyDelete
  19. ၀န်ခံချင်တာတစ်ခုနဲ့ တင် အပေါ်ကဖတ်လာသမျှ တက်စာတွေ အားလုံးထွက်ပြေးကုန်တော့တာပဲ၊ ဟားဟား။
    သြော်..တက်စာ တက်စား)

    ReplyDelete
  20. နောက်ဆုံးစာကြောင်းကိုကြည့်ပြီးcommentဘယ်လိုရေးရမှန်းမသိတော့ဘူး...

    ReplyDelete
  21. နောက်ဆုံး တကြောင်း အကြိုက်ဆုံးပါ ...
    အဲ့လို ပွင့်လင်းတာ မျိုးလေး .. :)

    ReplyDelete
  22. ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာလေးကို သဘောအကျဆုံးပဲ အစ်မး)) ရေးထားတာတွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတယ်...

    ReplyDelete