Technical help

Wednesday, August 19, 2009

ငါ့သူငယ်ချင်းက စိတ်ဆိုးနေတယ်






ငါ့သူငယ်ချင်းက စိတ်ဆိုးနေတယ်


ပင်လယ်ကြီးတခုလုံးမှောက်ကျသွားတော့
တစစီ လိုက်ကောက်နေရတယ်
ထိုင်ရာကထတယ်
ပြန်ထိုင်တယ်
ပြူတင်းပေါက်နားခဏရပ်တယ်
လက်ပတ်နာရီကိုတကြည့်ကြည့်လုပ်တယ်
စာအုပ်တွေကိုဟိုလှန်ဒီလှန်
ညစာစားပြီးပြီလား မစားရသေးဘူးလား
ချွေးတွေတဒီးဒီးနဲ့ကိုယ်လက်ယားယံတယ်
ရာသီဥတုကိုက ဆိုးရွားလွန်းလှတယ်
ရေခဲသေတ္တာထဲကရေကလည်း အေးစက်လွန်းနေတယ်
သောက်မိတဲ့ကော်ဖီက ပေါ့ကြောင်ပူခါးနေတယ်
ကုလားထိုင်တစ်လုံး ကိုးလိုးကန့်လန့်ဘယ်သူချထားသလဲ
ဒီနားက စာအုပ်တွေ ဘယ်သူယူသိမ်းလိုက်သလဲ
နာရီနှိုးစက်ကို ဘယ်သူမှ မပိတ်ကြဘူးလား
ဒီမှာပြောနေတာ မကြားဘူးလားးးးးးးးးးးး
ကြောင်တကောင်စူးစူးဝါးဝါးအော်သွားတဲ့ည
လင်းနို့တွေတဖြန်းဖြန်းထပျံသွားတဲ့ည
အ၀ါနဲ့အပြာပေါင်းတာ အနီရောင်ဖြစ်သွားတဲ့ည
အတွေးတွေကို ဖြတ်ရိုက် တွန့်ကွေးပစ်လိုက်တဲ့ည
ဖန်ခွက်တလုံးကို ချိုးဖဲ့ အရည်ဖျော်မိတဲ့ည
နံရံကို လက်သီးနဲ့ ထိုးမိတဲ့ည။

ပန်ဒိုရာ




Note:
မောင်တိန်ကပြောပါတယ်. ပင်လယ်ကြီးမှောက်ကျတယ် ဆိုတဲ့အသုံးက ဆရာသစ္စာနီ က ကဗျာတစ်ပုဒ်မှာ ရေးထားတယ်တဲ့။ ပန်ဒိုရာလည်း လွတ်သွားတဲ့ ကာလတွေမှာ ကဗျာတွေ စုံအောင် မဖတ်ဖူးလို့ မသိပါ။ တချို့ကဗျာတွေက မနော်ကျေးဇူးနဲ့ ခုမှ လိုက်ဖတ်နေဆဲ။ ဆရာ့ကို ခရက်ဒစ် ပေးလိုက်ပါတယ်။
နောက်လည်းတွေ့ရင် ပြောပါ။

21 comments:

  1. ကျနော်လည်း စိတ်ဆိုးသွားပါတယ်

    ReplyDelete
  2. အ၀ါနဲ့ အပြာပေါင်းတာ အနီရောင် ဖြစ်သွားသတဲ့လား။ ပန်ပန့်သူငယ်ချင်း ငါ ဖြစ်မယ်။

    ReplyDelete
  3. ဘယ်သူပါလိမ့်...

    ReplyDelete
  4. ဘာလုပ်ပေးရမလဲပြော
    နံရံအစား အဲဒီသူငယ်ချင်းပဲထိုးပစ်လိုက်ပါလား
    (အဟက်..အချွန်နှင့်မသွားသည်..)

    ReplyDelete
  5. သဘောကျသွားပါတယ်အစ်မ :)

    ReplyDelete
  6. ဒေါသတွေလျော့ပါ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  7. ဟုတ်ပ.. စိတ်ဆိုးနေတော့ ဘာကိုမှ အလိုမကျနိုင်ဖြစ်နေတာပေါ့။ ကဗျာနဲ့ ခေါင်းစဉ် ကွက်တိပဲ။

    လာဖတ်သွာပါတယ် မပန်း)

    ReplyDelete
  8. အလိုမကျ ဖြစ်နေတဲ့ လူတစ်ယောက်ကို ကဗျာ ပေါ်မှာ မြင်နေရတယ် အစ်မပန်။ ပါရမီရှိတဲ့  လက်တွေ ပဲဗျာ ကောင်းလိုက်တာ....... အေးမြသာယာပါစေ

    မောင်ငယ် ရန်ကုန်သား :D

    ReplyDelete
  9. မီးလျှံလှလှကြီးကိုတွေ့လိုက်တယ်...
    (ပုံထဲမှာ ပြောပါတယ်...း)

    ReplyDelete
  10. ကဗျာလေး မိုက်တယ် မ =)

    ReplyDelete
  11. မပန်ဒို
    ခင်ဗျားသူငယ်ချင်းက စိတ်မဆိုးတတ်ပါဘူးဗျ.စိတ်မိုး
    တာဖြစ်ရင်လည်းဖြစ်မှာ.စိတ်မူးနေတာလည်းဖြစ်ရင်
    ဖြစ်နိုင်တယ်.ဗျ.

    ReplyDelete
  12. အတွေးတွေကို တွန့်ကွေးပစ်ရင် အတွေးတွေ ရှုပ်ကုန်မှာပေါ့ အစ်မရေ...အဟီး..

    yu ya

    ReplyDelete
  13. နာ့ တူငယ်ချင်းကြီး ဘာယို့ စိတ်ဆိုးနေတာယဲ ဟမ်
    နာ ဘာလုပ် လို့ယဲ....

    ReplyDelete
  14. စိတ်ဆိုးရင် ထိပ်ထိုးလိုက်ပေါ့ jk

    စိတ်အလိုမကျတော့လည်း၊ ရေခဲသေတ္တာထဲကရေ အေးတာကိုတောင် မကျေနပ်ချင်ဘူး ..

    ReplyDelete
  15. အေးဆေး..ပေါ့...

    ကဗျာတစ်ပုဒ်လောက်ကောက်ရေး..ပြေသွားရော..

    ReplyDelete
  16. ကဗျာလာဖတ်တယ် ပန်ပန်...
    ဘယ်သူက ဘယ်သူ့ကို ဘာတွေ စိတ်ဆိုးနေမှန်းတော့ သေသေချာချာ မသိပါဘူး.. သို့သော် ပန်ပန်တယောက် အလုပ်တွေများပြီး စိတ်တို စိတ်ဆိုးနေရင်တော့ အိမ်ကိုလာလည်လှည့်ပါ...
    အချိန်ရရင် ဒန်ပေါက် ချက်ကျွေးပါ့မယ်...
    ဘလော့ဂ်တော့ မနားလိုက်ပါနဲ့လေ...

    ReplyDelete
  17. ပေါ့ကြောင်ပူခါးကော်ဖီ....
    မိုက်တယ်...
    သောက်ကြည့်လို့ရမလားမပန်

    ReplyDelete
  18. နံရံကိုလက်သီးနဲ့မထိုးနဲ့နော်..
    တော်ကြာနံရံကြီးနာသွားဦးမယ်း)

    ReplyDelete
  19. ဘာလို့ ချိတ်ချိုးတာရဲ ငင်။ အနော် ပါဘူးနော်။

    ReplyDelete
  20. ဒီမှာက ထုံးပြားနံရံတွေဆိုတော့ လက်သီးနဲ့ထိုးလဲ မနာဘူးကွ :P

    အတွေးအရေးတွေက တူတတ်ပါတယ်လေ။

    ခရက်ဒစ် ပေးနိုင်တာကိုတော့ ပိုပြီးလေးစားပါတယ်။

    ReplyDelete
  21. အတွေးတွေကို ဖြတ်ရိုက် တွန့်ကွေးပစ်လိုက်တဲ့ည။
    တကယ်ကွေးသွားတာလား မရေ....
    ဖြောင့်စက်နဲ့ ပြန်ဖြောင့်ပေးလိုက်။

    ReplyDelete