Technical help

Monday, September 7, 2009

အပြာရောင်ကျွန်း - ၂



အပြာရောင်ကျွန်း - ၂


ပြာမှိုင်းခြင်းတွေ ဖိသိပ်ခံထားရရင်
ကျွန်းလို့ခေါ်တယ်
တွမ်ဟန့်စ်က ၀ီလဆင်ကို ဖက်ထားခဲ့တယ်
တွမ်ဟန့်စ်က ဘောလုံးလေးကို ဖက်ထားခဲ့တယ်
တွမ်ဟန့်စ်က ပါဆယ်ထုပ်ကလေးကို
ရေမစိုအောင် စောင့်ရှောက်ခဲ့တယ်
နံရံပြာပြာတွေပေါ် ငါကုတ်ခြစ်မိတိုင်းတော့
ဂျွန့်မှာ ကွဲအက်ရှတ အော်ဟစ်ရတယ်
စင်ရော်တစ်ကောင် သုတ်ခနဲ နားသွားတိုင်းလည်း
ခိုငှက်အထင်နဲ့
ငါက သင်္ကေတတွေ ပို့ပို့ပေးနေတတ်တယ်
သူတို့ ငါ့ကို လိုက်ရှာနေလောက်ပြီ
သူတို့ တနေ့လာခေါ်ကြတော့မှာပါ
ဟိုမှာ မီးခိုးလူလူနဲ့
ဟိုမှာ ရွက်တိုင်တွေ မြင်နေရပြီ
ဟိုမှာ ငါ့အချက်ပြမီးကို တွေ့သွားသလား
ဟိုမှာ ဥသြမှုတ်သံ ကြားရပြီ
သင်္ဘောက ဝေးရာကနီးလာတယ်
သင်္ဘောက ကျွန်းဆီဦးမတည်ပဲ ကပ်ကွေ့သွားတယ်
သင်္ဘောက သူ့လမ်းကြောင်းအတိုင်း ငဲ့မကြည့်ဘဲသွားတယ်
သင်္ဘောက….
သံလိုက်အိမ်မြှောင်တွေ ရေဒါတွေက
လူတစ်ယောက်ရဲ့ လွတ်မြောက်လိုမှုကို မဖတ်တတ်ဘူး
သင်္ဘောက….
သင်္ဘောက ပင်လယ်ဓားပြတွေချည်း ပါလာလို့
ငါ့ကိုကယ်မှာမဟုတ်တဲ့ သူတွေ ထိုးဆိုက်ကြ
မြေပုံအညွှန်းတွေ ငြင်းခုံကြ
ဓားခုတ်ကြ သေနတ်ပစ်ကြ
အချင်းချင်းအဆိပ်ခပ်ကြ
အပုပ်ကောင်တွေပဲကျန်လို့ ပင်လယ်ထဲ ပစ်ပစ်ချရတယ်
သမုဒ္ဒရာရဲ့ နိယာမကလည်း ကမ်းစပ်ကို ပြန်ပုတ်ထုတ်ပြန်တယ်
နောက်တော့လည်း ငါ့ဂူလေးထဲပြန်ဝင်ရတာပဲ
သူတို့ရူးသွပ်နေကြတဲ့ ရတနာပုံထဲ ထိုးဖွရင်း
စားသောက်လို့မရတဲ့ ကျောက်တုံးလက်လက်တွေကို
ဟိုဒီပစ်ပေါက်ပြီး ရယ်မောလိုက်တယ်
ဒါက ချစ်သူနဲ့ပြန်တွေ့ရင် လည်မှာဆွဲဖို့
စသည်ဖြင့် စိတ်ကူးယဉ်တယ်
ဒီလိုပဲ တနေ့ တနေ့
ငါရယ် ဂျွန်ရယ်
အုန်းပင်ပေါ်က အထစ်အထစ်တွေရယ်…။


ပန်ဒိုရာ


(အပြာရောင်ကျွန်း - ၁ ဖတ်ရန်)

21 comments:

  1. ဖတ်ရတာ မောတယ်... ရေတိုက်ပါ...
    ရေမရှိရင် ဘီယာ... စိတ်မဆိုးဘူး...း)

    ReplyDelete
  2. တစ်နဲ့ နစ်ကြားမှာ ဘာဖြစ်လို့တစ်နစ်ကျော်ကြာရတာလဲ။

    ReplyDelete
  3. အပြာရောင်ကျွန်းမှာ ငါနဲ့ ဂျွန် ကိုလာတွေ့ပြီး စကားပြောသွားတယ်အမ ကယ်တော့ မကယ်လာခဲ့ဘူး သူတို့ကအဲမှာပဲပျော်နေပီဆိုလို့.......

    ReplyDelete
  4. မကြီးပန်ရဲ့ အနုပညာဓာတ်များမှ အမြဲတစေမီးခတ်လျက်

    ReplyDelete
  5. အပြာရောင်တွေဖိသိပ်ခံထားရရင်
    ကျွန်းလို့ခေါ်တယ်တဲ့
    ကျွန်းတွေသိပ်များတာပဲ
    ငါ့ကမ္ဘာမှာပြောပါတယ်..
    နယ်မြေသစ်ရှာကြစို့...............

    ReplyDelete
  6. ကဗျာကို ၅၀% ခန့်သာ နားလည်ပေမယ့် ခံစားသွားပါတယ်..

    ReplyDelete
  7. လွတ်မြောက်ခြင်းက တစ်ခါတစ်ရံမှာ အဓိပ္ပါယ်မရှိဘူး ... မနက်ဖြန်ကို မမြင်နိုင်သလိုပါပဲ .. ဒီနေ့က
    ကိုယ်တွေ့တွေပဲ

    ReplyDelete
  8. အပြာရောင် ကျွန်းပေါ်မှာ
    ကမ္ဘာဦး သတ္တဝါတွေ မရှိတာ
    အများကြီး တော်သေးတယ်နော်...။

    ReplyDelete
  9. အပြာရောင်ကျွန်းလေးကို
    ဖတ်ရတာမောလိုက်တာ

    ReplyDelete
  10. အပြာရောင်ကျွန်း - ၃၊ ၄၊ ၅၊ ...ဆိုပြီး ဆက်ရေးဖို့ အစီအစဉ်ရှိရင် နောက်ထပ် အကြာကြီး မနေနဲ့နော်။ မြန်မြန်တင်ပေး။ စောင့်ဖတ်ရတာ ရင်မောလို့... ...

    ReplyDelete
  11. ကဗျာလေးကတော့.. အခါတိုင်းလို.. မှိုင်းမှုံမှုံ..စူးရှရှ..
    တွမ်ဟန်စ် တို့..၀ီလဆင် တို့.. ကို cast away ထဲကနေ..ဗမာမူ ပြု ပြီး ခံစား ကြည့်မိတယ်..
    ဂျွန်ကိုပါ..ဗမာမူ ပြုကြည့်မိသေးတယ်။း)

    ReplyDelete
  12. အပြာရောက်ကျွန်းမှာ..

    ပြာနောက်နေအောက် အော်နေရတဲ့ မျှော်လင့်ချက်တွေရှိတယ်....

    စားလို့သောက်လို့မရတဲ့ ရတနာပုံဆောင်ခဲတွေရှိတယ်..

    တိတ်တဆိတ်မြှတ်နှံခံနေရတဲ့ ဘ၀အသေတွေရှိတယ်..

    ဟိုးးးးးးးးးးက

    မီးခိုးငွေ့တလူလူအတိုင်း....
    အလွမ်းတွေ အူ..တက်လာရင်တော့......

    ReplyDelete
  13. အစ်မ ပင်လယ်နဲ့ပတ်သက်တဲ့ကဗျာလေးတွေရေးလိုက်တိုင်း တစ်မျိုးလေးတွေ ခံစားရတယ်။။။ မှတ်မိသလောက် လေးပုဒ်လောက်ရှိပြီ ပင်လယ်နဲ့ပတ်သက်ပြီး အစ်မရေးတာတွေ ဖတ်ဖူးတာ..။

    ReplyDelete
  14. ဒေါ်ပန်လေး..
    ကျနော် တခါတုန်းက တံတားကြီးတခုပေါ်ကနေပြီး ကျွန်းကလေးတကျွန်းကို ဓါတ်ပုံရိုက်ယူခဲ့ဖူးတယ်။အကြီးအကျယ် အထီးကျန်ဆန်လွန်းတဲ့အချိန်တုန်းကပေါ့။အခု ခင်ဗျားရဲ့အပြာရောင်ကျွန်းကဗျာကိုဖတ်တော့ ကျနော် အဲဒီဓါတ်ပုံလေးကို ပြန်ပြီးကြည့်မိပြန်တာပေါ့။

    ReplyDelete
  15. လွတ်မြောက်မှုရဲ့ အဆုံးစွန်မှာ မလွတ်မြောက်မှုတွေ ရှိနေတယ်။ ဒီလိုပါဘဲ မလွတ်မြောက်မှုရဲ့ အဆုံးစွန်မှာလဲ လွတ်မြောက်မှုတွေ ရှိနေတတ်ပြန်တယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  16. ပန်ရေ… အပြာရောင်ကျွန်းတကျွန်းပေါ်မှာ ဘယ်သူကမှ ချူပ်နှောင်မထားပါပဲနဲ့  စိတ်တွေအကျဉ်းကျနေတယ်… အဲဒါလူ့ စိတ်လို့ ပဲ ဆိုဦးမလားနော်…

    ReplyDelete
  17. သမုဒ္ဒရာရဲ့ နိယာမကလည်း ကမ်းစပ်ကို ပြန်ပုတ်ထုတ်ပြန်တယ်..

ွှအဲ့ဒီ့စာသားလေးကို အရမ်းကြိုက်တယ်..
    အဲ..ကဗျာတစ်ပုဒ်လုံးကလည်း ကောင်းတယ်..
    ဆက်လက်အောင်မြင်ပါစေခင်ဗျာ..

    ReplyDelete
  18. ကဗျာတွေကိုများများရေးစေချင်ပါတယ်။ ကောင်းတဲ့ကဗျာတွေကိုလည်း များများဖတ်မိစေချင် ပါတယ်။ အမျိုးသမီးကဗျာသမား(ကောင်းကောင်းတွေ) များများလိုအပ်နေတယ်။ အမျိုးသားကဗျာသမား ကောင်းကောင်းတွေလည်း များများလိုအပ်နေတာပါပဲ။ လောကမှာ ကဗျာသမားများများရှိမှ ဖြစ်မှာ။ မဟုတ်ရင် သေနပ်သမားတွေ သောင်းကျန်းလွန်းလို့။

    ReplyDelete
  19. ကဗျာလေးကို သေသေချာချာ ခံစား ဖတ်ကြည့်မိရင်း သက်ပြင်းလေးချသွားမိတယ်.....။
    ခင်မင်လေးစားလျှက်ပါ
    နှင်း

    ReplyDelete
  20. လာရောက်ဖတ်ရှုသွားကြောင်းပါ.... သေချာခံစားဖို့ သိမ်းယူသွားတယ်......။ အချိန်မရလို့... :P

    ReplyDelete
  21. မရေ... အပြာရောင်ကျွန်းလေးလာဖတ်တယ်။
    ဘယ်ပျောက်နေလဲဟင်။ နေကောင်းရဲ့လား။
    အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete