Technical help

Tuesday, November 17, 2009

တဖက်လူရဲ့ အနေအထား


တဖက်လူရဲ့ အနေအထား

တဖက်လူက
နှုတ်ခမ်းလေးတွန့်ရုံပြုံးတယ်
သူ့လက်ခုပ်ကို ကျဉ်းလိုက်ကျယ်လိုက်
ပြီးတော့မှ မှောက်ချလိုက်တယ်
အင်္ကျီကို ဆွဲဆန့်တယ် ချောင်းဟန့်တယ်
လျှာထုတ်တယ် ဖုတ်ဖက်ခါတယ်
ဟိုလျှောက်သည်လျှောက် လျှောက်ပြီးမှ
စောင့်ကြည့်နေသူတွေကို လှည့်မကြည့်ဘဲ
နောက်တစ်ခေါက်ပြန်လာခဲ့ ပြောတယ်။
………. ဆိုတော့ကာ
တဖက်လူရဲ့ အရွှေ့တွေက
အကွေ့တွေရဲ့တဖက်မှာ ရောက်နေတယ်
မသေချာခြင်းတွေကို ဗျူဟာခင်းနေလေတော့
မသေချာဘူးဆိုတာတောင် မသေချာတော့ဘူး
အမှန်ကိုရဖို့ အမှန်ကို အရင်ပေးရမယ်ဆိုတာပဲ
မသေချာတဲ့ အမှန်တရားဖြစ်နေတယ်
မှန်ရှေ့မှာရပ်လိုက်ပါ…တဲ့
ပုံရိပ်ယောင်ကို မျက်ခြေမပြတ်
မှန်မှန်စရွှေ့ပါ - လိုက်ရွှေ့မယ် (ဆံခြည်တစ်မျှင်စာမှသည် ကမ္ဘာ့ဝင်ရိုးတဆုံးအထိ)
နည်းနည်းပါးပါးတော့ လွဲလွဲမှားမှားရှိမတဲ့ (ဗယ်နဲ့ညာ)
မှန်ကို မှန်အောင် အမှန်နဲ့ ပစ်ပေါက်ခြင်း
အင်ပလီမန်တေးရှင်း*က အရင်းအနှီး ကြီးလှတယ်။

ပန်ဒိုရာ

*i-m-p-l-e-m-e-n-t-a-t-i-o-n

(ကဗျာက ပျိုးထားတာ အနည်းငယ်တော့ ကြာပြီ။ ဒါပေမယ့် ဆီလျော်ပါသေးတယ်။ တင်လိုက်တယ်။)

18 comments:

  1. ဘယ်လောက်ထိရင်းနှီးရမှာလဲဟင်...
    အခုအထိ အမှန်မမြင်ရသေးတာလေ
    မှန်စကိုတော့ ရွှေ့နေတာ
    နောက်တစ်ကမ္ဘာ အထိရောက်တော့မယ်...

    အမပန်ကိုယ်လိုရာဆွဲတွေးသွားတယ်ဗျာ

    ReplyDelete
  2. Wonderful...Pan
    Professional Pan :)

    ReplyDelete
  3. ဘယ်နဲ့ ညာ လောက်ပဲ မှားမယ် ဆိုရင်
    ကိစ္စ မရှိပါဘူး။
    အမှန်တိုင်း မြင်ရအောင် နောက်မှန် တချပ် ထပ်ခံ ကြည့်ယူပါ့မယ်။

    အရင်မှန်မှာ ပုံ ပီပီ သသ မြင်ရဖို့ ပြဒါး ပါပါစေ။

    မအယ်

    ReplyDelete
  4. အရွှေ့မှာ လှုပ်လာတယ်..ကဗျာတွေ

    ReplyDelete
  5. ”ဟိုလျှောက်သည်လျှောက် လျှောက်ပြီးမှ
    စောင့်ကြည့်နေသူတွေကို လှည့်မကြည့်ဘဲ
    နောက်တစ်ခေါက်ပြန်လာခဲ့ ပြောတယ်။”

    မြန်မာသံရုံးက လူတွေများလား
    တူလိုက်တာ

    ReplyDelete
  6. ဒေါ်ပန်
    ရေးဟန်တွေ အားကြီးမှန်တယ်။

    ဆင်းရဲခြင်း ကင်းဝေးပါစေ။

    ReplyDelete
  7. ရေးလည်းရေးနိုင်ပါပေ၊ ဆက်လည်းရေးနိုင်ပါစေ ပန်ဒိုရာရေ

    ReplyDelete
  8. မမရေ ... ၂၀၁၂ မှာ ဒီကမ္ဘာတောင် ဆုံးလို့ နောက်ထပ်ကမ္ဘာ အသစ်ပေါ်လာတော့မယ် ထင်တယ်နော်။ အခုထိ အမှန်ကို မမြင်ရသေးဘူး။ ကဗျာလေးက အရမ်းကောင်းတယ် မမရေ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. မသေချာဘူးဆိုတာတောင် မသေချာတော့ဘူး

    ReplyDelete
  10. တစ်ဖက်လူရဲ့အနေအထား
    ရေရဲ့အလျား ငါးရဲ့အရွေ့
    ရေရဲ့အရွေ့ ငါးရဲ့အလျား ..
    နည်းနည်းပါးပါးတော့ လွဲလွဲမှားမှားရှိမတဲ့ ..
    အဲဒီအလွဲလွဲအမှားမှား အနည်းနည်း အပါးပါးထဲမှာ..
    အရာရာဟာ .....
    .............. ..

    ReplyDelete
  11. A ma mlay....ma nor hr ri ....
    Wonderful...

    ReplyDelete
  12. မရေ...ကဗျာလေးကြိုက်လိုက်တာ။

    ReplyDelete
  13. တစ်ဖက်လူရဲ့ အနေအထားကို သေချာအောင် ပြောင်းပေးနိုင်မယ့် အစွမ်းတွေ ကိုယ့်မှာ လိုနေတာပေါ့နော..

    ReplyDelete
  14. ကဗျာလေး ဖတ်ရှုခံစားသွားတယ် အစ်မရေ..

    yu ya

    ReplyDelete
  15. ပန်ဒိုရေ...
    ဟန်ကြီးပန်ကြီးနဲ့  မှန်ရှေ့ မှာ လျှောက်လို့ သာ
    လျှောက်နေတာ...။
    ဒီိလူ...
    ......
    မျက်စေ့များကန်းနေလား...။

    ReplyDelete
  16. ကဗျာလေးကို လာဖတ်သွားပါတယ်။ အဓိပ္ပါယ် ပြည့်စုံတဲ့ ကဗျာလေးပါပဲ။

    ReplyDelete
  17. Hi, i think that i saw you visited my internet web page therefore i came to ??return the favor??.I'm attempting to come across things to increase my website!I suppose its ok to make use of a few of your suggestions!!

    ReplyDelete