Technical help

Saturday, November 21, 2009

ခေါင်းထဲကမြွေ



ခေါင်းထဲကမြွေ

ပုရွက်ဆိတ်က နှံကောင်ကို လွှဲချ
ရွှေယုန်က ရွှေကျားကို လွှဲချ
ဂျယ်ရီက တွမ်ကို လွှဲချတဲ့ ခေတ်ကာလ
လူတကာခြေနင်းဖတ်အောက်မှာ တုံးအအ ကမ္ဘာကြီးဟာ ပြားရှာတယ်
မှန်ရှေ့က အရွယ်တွေရင့်လာတယ်
ဧဒင်ဥယျာဉ်ထဲက ပန်းသီးတွေရင့်လာတယ်
ကဗျာထဲက စကားလုံးတွေရင့်လာတယ်
ငါ့နှလုံးသားကလည်း ဦးနှောက်ကို လွှဲလွှဲချတော့
မကြာခဏ ခေါင်းကိုက်တယ်
သမားတော်တွေက ခေါင်းကို စကန် ဖတ်ခိုင်းတယ်
(တကယ်တမ်းဖတ်ရမှာ ရင်ဘတ်ဆိုတာ သူတို့မသိကြဘူး)
မရှိမဲ့ရှိမဲ့ အနုပညာဆဲလ် ဆိုတာများရှိခဲ့ရင် ထိပါးသွားမှာစိုးလို့
ကိုယ့်တရားနဲ့ကိုယ် အဆိပ်ဖြေ အိပ်ခွေနေလိုက်ဦးမယ်။

ပန်ဒိုရာ

18 comments:

  1. ပြောင်ချော်ချော်နဲ့ သရော်တတ်တဲ့ အတွေးကို ကြိုက်လိုက်တာ... ဖတ်ရင်းနဲ့ ပြုံးနေမိတယ်...
    ကိုယ်က ခဏ ခဏ ခေါင်းကိုက်တတ်သူ မဟုတ်လား...

    အဲ... ဒါပေမယ့် ကဗျာခေါင်းစဉ်နဲ့ ပန်းချီလေးကို တော့ ကြောက်လို့ မကြည့်ဘူး...
    ကျော်သွားလိုက်တယ်... :-P

    ReplyDelete
  2. ဘ၀ပြိုလို့ ပြေးတဲ့လမ်းလေးမှာ
    ကျနော်ကတော့ ခင်ဗျားကို အမှုတွဲ မသွားပါဘူးဗျာ..
    ရာသီတွေကိုပဲ ပြောင်းခွင့်ပေးလိုက်ပါတယ်.

    ReplyDelete
  3. ခေါင်းထဲက မြွေက သမားတော်ကို စိတ်ဆိုးပြီး ထမပေါက်ရင် ပြီးတာပါပဲလေ..။
    ဒီလိုနဲ့ပဲ ကြီးရင့်လွဲချော်ရခြင်းက ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်လို..။

    ReplyDelete
  4. ခေါင်းထဲကမြွေတဲ့..း)

    ReplyDelete
  5. ခေါင်းထဲက မြွေ...အင်း..
    အဆိပ်ဖြေတာလည်းပါတယ်ဆိုတော့..

    မဟုတ်မှ လွဲရော.. အဆိပ်တက်တုန်း ကဗျာရေးလိုက်တာမဟုတ်လား အစ်မပန်ရေ..အဟီး။

    yu ya

    ReplyDelete
  6. မြွေ..
    အိပ်ခွေနေတယ်...
    ဒါပေမယ့်
    အဆိပ်နဲ့......

    ReplyDelete
  7. ဒီကဗျာကိုတော့ကြိုက်သည်း)

    (ညီမ)

    ReplyDelete
  8. မပန်ရေ...ဒီကဗျာလေးကိုကြိုက်တယ်...ဖတ်ပြီးကတည်းက မန့်မလို့ဟာ၊ ကော်နက်ရှင်က မကောင်းပဲ ခဏခဏ ပြုတ်ကျနေတာမို့၊ ကျမလဲ မကြာခဏ ခေါင်းကိုက်တတ်တယ်...မြွေရှိနေပြီထင်ပါရဲ့...

    ReplyDelete
  9. နှလုံးသား က ဦးနှောက်ကို လွှဲမချပြန်ရင် လည်း သူ့ခမျာ နှလုံးရောဂါ ရရှာပြန်တော့မယ်။

    ReplyDelete
  10. ဒီလို...ဒီလို
    ဘယ်သူ့ကိုမှ လွှဲချမနေတော့ပဲ
    ကိုယ့်တရားနဲ့ကိုယ် ခွေအိပ်နေမယ်ဆိုပါတော့
    ကောင်းလိုက်တဲ့ကဗျာလေး..အားပေးသွားတယ်အစ်မရေ။

    ReplyDelete
  11. ခေါင်းထဲကမြွေ . . . . အတွေးလေးကို နှစ်သက်မိတယ် မမ

    ReplyDelete
  12. ဖတ်အကောင်းဆုံးထဲမှာ
    လောကကြီးကိုလှောင်ပြောင်နေတဲ့ ကဗျာတွေပါတယ်။

    ReplyDelete
  13. မ ပန် ...သတိရတယ်
    ဖိဘွတ်ကိုမလာတော့ဘူးလာ????
    ကျွန်တော်လည်း မရောက်ဖြစ်ဘူး....
    ကဗျာလေးတွေဖတ်သွားတယ်...
    အစ်မ နေကောင်းကျန်းမာပါစေ....
    ညီမ....

    ReplyDelete
  14. ကဗျာကောင်းတယ်ဗျာ။ လက်ရှိခေတ်နဲ့ ဖြစ်ပျက်နေတာတွေကိုလည်း ထင်ဟပ်တယ်။ ပုရွက်ဆိတ်က နှံကောင်ကို လွှဲချဆိုတော့ Sub-prime crisis ကိုတောင် ပြေးသတိရလိုက်မိသေးတယ်။

    ဧဒင်က ပန်းသီးတွေ ရင့်မှည့်လာတာလည်း အမှန်ပဲဗျ။

    ကဗျာဆရာရဲ့ သမားတော်တွေလိုပါပဲ။ ကမ္ဘာ့ပြဿနာတွေကို ကုစားရာမှာ ရောဂါဇစ်မြစ်ကို နေရာလွဲပြီး ရှာနေကြတယ်။ ဒီတော့ အနာတခြား ဆေးတခြားဖြစ်နေကြတာ တယ်မဆန်းတော့ဘူး။

    ReplyDelete
  15. ကဗျာလာဖတ်သွားပါတယ် ကောင်းမှန်းတော့ သိတယ် ဒါပေမဲ့ ဘယ်လိုကောင်းတယ်ဆိုတာ သူများတွေလို ရှင်းပြလို့မတတ်ဘူး။

    ReplyDelete
  16. မြွေနဲ့ အိပ်မက် မက်တယ်

    ReplyDelete
  17. I'm not that significantly of a on line reader to be honest but your internet sites genuinely nice, keep it up! I'll go ahead and bookmark your internet site to come back later.

    ReplyDelete