Technical help
Saturday, December 19, 2009
ပန်ဒိုရာ စိတ်နောက်နေသည်။
ပို့စ်အသစ်မတင်ဖြစ်တာ တစ်လနီးပါး ဖြစ်သွားပြီမို့ တခုခု ရေးတင်လိုက်တာပါ။ စာရေးတယ် ဆိုတာ စိတ်လက်ကြည်လင်မှ ရေးနိုင်တာမဟုတ်လား။ စာမရေးနိုင်ဘူး ဆိုတော့ စိတ်မကြည်လင်သေးလို့ (တနည်းအားဖြင့်) စိတ်နောက်နေလို့ လို့ပြောလိုက်တာပါ။ မလန့်ပါနဲ့။
အွန်လိုင်း သိပ်မ၀င်ဖြစ်တဲ့ ကာလအတွင်း လုပ်ဖြစ်တာလေးတွေကတော့…
၂၀၁၂ ရုပ်ရှင်ကို ရုံတင်ပြီးစ ရက်ပိုင်းအတွင်းမှာပဲ သွားကြည့်ဖြစ်ခဲ့ပါတယ်။ အော်.. ကမ္ဘာက ပျက်ရင် ဒီလိုကြီး နေမှာပါလား လို့ မှတ်သားရပါတယ်။ ဒီဇာတ်ကားအကြောင်း သူများတွေလည်း အတော်များများ ပြောပြီးပြီမို့ သင်ခန်းစာတွေကိုပဲ လိုရင်းတိုရှင်းပြောပါမယ်။ ကြိုတင်ပြင်ဆင်ချင်သူများ အတွက် အကျိုးရှိနိုင်ပါတယ်။
- ကမ္ဘာပျက်ကာလမှာ ရှင်သန်လွတ်မြောက်ချင်တယ် ဆိုရင် လေယာဉ်ပျံ မောင်းတတ်ဖို့ လိုပါတယ်။ (အခုကတည်းက သင်တန်းတက်ထား လေ့ကျင့်ထားသင့်ပါပြီ။)
- အရမ်းချမ်းသာတဲ့ ဘီလျံနာသူဌေးတွေနဲ့ သိကျွမ်းထားရင် အကျိုးရှိနိုင်ပါတယ်။ (ဒါတောင်မှ သူဌေးတွေက နိုင်ငံခေါင်းဆောင်တွေလောက်တော့ ဦးစားပေးအဆင့် မရောက်နိုင်တာ ရှိတတ်တယ်။)
- နောက်ဆုံးတော့ မိတ်အင်ချိုင်းနားပစ္စည်း ကိုပဲ အားကိုးရပါမယ်။ ရေယာဉ်ကြီးတွေပါ။(အမှားအယွင်းတော့ မခံဘူး။ တခုခုပိတ်ဆို့ရင် ဂျမ်းတွေဘာတွေဖြစ်တတ်တယ်။)
- ကမ္ဘာပျက်ပေမယ့် Sony က တော့ မပျက်ပါ။ (အခုတလော Apple နောက် လိုက်နေသူများ Sony ကွန်ပြူတာများ၊ လက်ကိုင်ဖုန်းများ ပြန်စဉ်းစားရန်။ :P)
(ရုပ်ရှင်ကြည့်ရင်း အထက်ပါ အကြောင်းအရာတွေကို အတူစဉ်းစားတွေးခေါ်ခဲ့ကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။)
ဘာပဲပြောပြော ကြည့်ကောင်းတဲ့ကားပါ။ Independence Day နဲ့ The Day After Tomorrow ကိုလည်း ကြိုက်ခဲ့တာမို့ ဒီကားကိုလည်း နှစ်သက်ပါတယ်။ အထူးပြုလုပ်ချက်တွေက သဘောကျစရာပါ။ ရသအနေနဲ့ကတော့The Day After Tomorrow ကို ပိုခံစားရပါတယ်။
မင်းကိုနိုင် ရဲ့ နောက်ကြည့်မှန် ၀တ္ထုကို ဖတ်ဖြစ်ပါတယ်။ ဒီဝတ္ထုအပေါ် အမြင်တွေကိုတော့ အင်တာနက်ထဲမှာ အတော်များများက ရေးခဲ့ကြပြီးဖြစ်ပါတယ်။ စာရေးသူရဲ့ ရိုးသားမှုကို ခံစားရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီဝတ္ထု မဖတ်ဖြစ်ခင် လီဗျောင်ဟွန်း ပါတဲ့ ကိုရီးယားရုပ်ရှင် (လုံးချင်း) တစ်ကား ကြည့်ဖြစ်သေးတယ်။ ဇာတ်လမ်းသဘောက နောက်ကြည့်မှန်နဲ့ ဆင်သလိုလို ရှိပါတယ်။ ကိုရီးယားရုပ်ရှင်ထဲမှာ မင်းသားက တောင်ကိုရီးယား အာဏာရှင် လက်ထက်က အရေးအခင်းထဲမှာ ပါဝင်တဲ့ ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် သူက မင်းကိုနိုင်ဝတ္ထုထဲက ဇာတ်လိုက်လိုမဟုတ်ဘူး။ အရေးပါတဲ့ စီးပွားရေးသမား တစ်ယောက်ရဲ့သား ခပ်ပေပေလူဆိုး၊ ဘာခံယူချက်မှ ရှိလို့မဟုတ်ပဲ သူငယ်ချင်းတွေနောက်ကို ရောယောင်ပါတဲ့ စရိုက်ကို ပြထားပါတယ်။ နယ်မှာ ပုန်းရှောင်နေကြတုန်း အဲဒီက မိန်းကလေးတစ်ယောက်နဲ့ တွေ့ကြတဲ့ ဇာတ်လမ်းမျိုးပါပဲ။ နောက်တော့ မိန်းကလေးက မြို့ကိုလိုက်လာတယ်။ အရေးအခင်းတွေ ပြန်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကြ ကွဲသွားကြတဲ့ ဇာတ်လမ်းမျိုးပါ။ အသေးစိတ်တော့ မပြောတော့ပါဘူး။ ကိုရီးယားကား ပီပီ အချစ်ဇာတ်လမ်းကို ပဲ ဦးစားပေးထားပါတယ်။ နောက်ခံသမိုင်းတို့ နိုင်ငံရေးအခြေအနေ တို့က ပြတယ် ဆိုရုံပါပဲ။
လွင်မိုးခရီးသွားနေသည် ဆိုတဲ့ ဗွီဒီယို ကြည့်ဖြစ်တယ်။ ရှုခင်းတွေ ယဉ်ကျေးမှုတွေ ရိုက်ပြထားတာ လှပါတယ်။ ဒါရိုက်တာနဲ့ အသေအချာ ညွှန်ကြားပြီး ရိုက်တာ မဟုတ်မှန်းတော့ သိနေတယ်။ ဒီလိုအစီအစဉ်ကို ရိုက်ကူးဖြစ်တဲ့ စေတနာက ကောင်းပေမယ့် အင်တာဗျုးတဲ့ အခန်းတွေမှာ လွင်မိုးရဲ့ မေးပုံပြောပုံတွေက အမေးခံရသူ တိုင်းရင်းသားတွေအပေါ် သိပ်မလေးစားသလို ပုံစံပေါက်နေတယ်။ ဒီ့ထက်ပိုပြီး ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောဆိုနိုင်ရင် (ခဏသရုပ်ဆောင်တဲ့အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့) ပိုကောင်းမယ်လို့ ထင်မိတယ်။ ကိုယ့်အမြင်ပါ။
Wacom Bamboo Pen & Touch ၀ယ်ဖြစ်တယ်။ iPhone လည်း ၀ယ်ဖြစ်တယ်။ (ကြွားချင်တာက အခုမှ ရောက်တယ်။း)) Bamboo နဲ့ အကြမ်း စမ်းခြစ်ထားတဲ့ ပုံလေးတစ်ပုံ တင်လိုက်တယ်။
အခြား ဘာမှတော့ ဆွဲမကြည့်အားသေးဘူး။ သြော်.. ဒီကြားထဲ ချစ်သူပုံတူလေး တစ်ပုံတော့ ခဲတံနဲ့ ဆွဲဖြစ်သေးတယ်။ ကွန်ပြူတာနဲ့မဟုတ်။ လက်နဲ့ပါ။ တူတယ် ပြောကြတာပဲ။ (တူရမှာပေါ့။) အဲဒီပုံတော့ မတင်တော့ပါဘူး။ တခြားမိန်းကလေးတွေ သဘောကျသွားမှာစိုးလို့။
အလုပ်များတယ်ဆိုပြီး ရုပ်ရှင်တွေကြည့် ၀တ္ထုတွေ ဖတ်ဖြစ်နေသလား လျှောက်လည်နေသလား လို့လည်း ထင်နေဦးမယ်။ စာရေးဖို့အတွက်ကို အချိန်နဲ့နေရာလပ် မရတာပါ။ အလုပ်ထဲမှာလည်း သိပ်အရေးမပါတဲ့ ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အလုပ်အကြွေးတွေ အိမ်ကို သယ်ရတာမျိုး ရှိတယ်။ ဒီလိုနဲ့ပဲ တစ်နှစ် ကုန်ပြန်ဦးမယ်။
ပန်ဒိုရာ
30 comments:
  1. Ma Pan....Ma Pan....Waiting so long for your post....., your drawing impresses me :D
    ReplyDelete
  2. အော.လက်စ သပ်တော့ စိတ်နောက်နေတာကိုး..ဒါမျိုးလေး စိတ်နောက်ချင်ပါတယ်.ပန်းချီမဆွဲတတ်တာဆိုးသဗျာ.ဘယ်ပစ္စည်းကရိယာတွေ ဘယ်ခံစားမှုတွေနဲ့ ဘယ်လိုအားဖြင့် ဆွဲနိုင်တယ်.ဆိုတာမျိုးလေး..တပုဒ်လောက် မျက်ဝါးထင်ထင် ကျန်သူတွေ ဆွဲနိုင်အောင်လုပ်ပေးပါလားဗျာ.ငိုမလိုလို မျက်လုံးလေးတွေ ခုတလော ကျနော်စိတ်နဲ့ဆွဲနေရလို့ပါ။
    ReplyDelete
  3. စိတ်နောက်တာ အဆန်းပဲ
    ReplyDelete
  4. မပန်ရေ....
    ခေါင်းစဉ်ဖတ်ပြီး စိတ်ပူလို့ ကမန်းကတန်း
    လာဖတ်သွားတယ်...
    ဟူးးးးး...... တော်ပါသေးရဲ့ :D
    ခင်မင်လေးစားချစ်ခြင်းများစွာဖြင့်...
    ReplyDelete
  5. ပျောက်နေတာကြာလို့ မျှော်နေမိတယ်။
    ReplyDelete
  6. ကောင်းတယ်။ ကောင်းတယ။် ဘလော့မလုပ်ရင်ကောင်းတာဘဲ.အားကြီးအချိန်ကုန်တယ်။
    ReplyDelete
  7. နဲနဲတော့ရေးပါဦးလေ တော်ကြာ်နေ စာမရေးတတ်တော့ဘဲနေမယ။် ကကြီးခခွေး
    ReplyDelete
  8. ကိုယ့်ရဲ့ Samsung omnia II ကြီးတော့လွတ်ပစ်ရမလိုဖြစ်နေပြီး လူတိုင်း I နေလို့။။ (အခွင့်ကြုံခိုက်မကြွားလိုက်က မိုက်လို့ထင်)
    ReplyDelete
  9. မနစ်က လာခေါ်တာမှတ်မိသေးလား. ဟွန်း ဟွန်း ဟွန်း.
    ဒီဇင်ဘာ ၁၆
    ReplyDelete
  10. အင်း
    ရူးနေတယ်ဆိုလို့ ခွင့်လွတ်လိုက်တယ။်
    ReplyDelete
  11. ဘုရားးးးးးးးးးးးးးး
    အပြေးအလွှားလာတာ.....
    စိတ်နောက်နေတယ်ကြားလို့
    ReplyDelete
  12. I'll bring a mouse 4 U @ Sunday :)
    ReplyDelete
  13. အချိန်အားရရင်တော့ ရေးပါဦး။ ဇာတ်လမ်းကောင်းလေးတွေ မျှော်နေတယ်။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  14. ကာရီးယိုးဆိုပါလားဟေ့။ အဲ့ကားကြည့်ပြီးပြီ။ ကြိုက်တယ်၊ ကြေကွဲတယ်၊ သနားတယ်။
    အံမယ် သူများတွေ သဘောကျမှာစိုးလို့ဆိုပဲ
    သိပ်ကပ်စေးမနဲရဘူး အဲ့လို.. ဒေဝေါကြီးကိုက်လိမ့်မယ် သတိ။
    ReplyDelete
  15. 2012 ..
    ဒီလောက် အကြာကြီးကတည်းက ကြိုတွက်ထားကြပြီးမှ .. တကယ်လည်း ထွက်ရော အချိန်ကကွက်တိဖြစ်နေတယ်... ကံကောင်းလို့ပေါ့.. :P
    ကမ္ဘာပျက် ပြေးတဲ့ အထဲ စာအုပ်တွေ သယ်လာတာကိုတော့ လေးစားတယ်.. ကိုယ်လည်း အဲဒီလိုပဲ သယ်ချင်တယ်..
    ReplyDelete
  16. မယ်ပန်တို့...ဒီလိုဖြစ်လို့ ကိုး...
    ဓါတ်ရှင်တွေကြည့်နေရတာလဲ ကောင်းတာပဲ
    ReplyDelete
  17. မနာလိုစရာဖြစ်နေပြီ...
    ကိုယ်လိုချင်တာတွေချည့်...း(
    စိတ်တော့ မနောက်ပါနဲ့ဦး
    ကိုယ့်ညီမ...
    ReplyDelete
  18. ဒေါ်ရီတာ ဆီကနေတဆင့်ရောက်လာတယ် မမပန်
    တူတာလေးတွေရှိလို့ စိတ်ဝင်စားသွားတယ်
    တီလဲ ခဲပုံလေးတွေဆွဲတယ် တင်ဖူးတယ်
    ခဲတံနဲ့ စရွက်ပေါ်မှာ ဆွဲရတာကိုပဲ ပိုကြိုက်တယ်
    ( ခေတ်နောက်ပြန်ပဲ ကိုယ်ကတော့ )
    ကြွားတတ်တာချင်းလဲတူတယ်
    ဟိဟိ
    ကိုယ်ကတော့ ၁၀ ယောက်လောက်ပဲ သာသာလေးကြွားလိုက်ပါတယ်
    လွင်မိုးအခွေကတော့ ဟုတ်တယ် စကားပြောတာ နဲနဲ ရင့်နေတယ်
    မလေးစားပုံပေါက်တယ် အဖိုးကြီး အဖွားကြီးတွေနဲ့ပြောတာတွေလဲပါတော့လေ တမျိုးပဲ
    ကြုံရင်လာလည်ပါအုံး
    မိဘခွင့်ပြုချက်တော့ တောင်းခဲ့
    တီ့ ဘလောခ်ကို တချို့တချို့တွေက rated လိုတယ်ပြောတယ်
    တီကတော့ unrated ပါပဲ
    အနုပညာနဲ့တဏှာ ကိုခွဲမြင်လို့ပါ
    အဟေးဟေး
    ReplyDelete
  19. နောက်ကြည့်မှန်ဖတ်ချင်လိုက်တာ အစ်မရာ..
    ဖြစ်နိုင်ရင် PDF ဖိုင်လေးကို wailinn5305@gmail.com ကိုပို့ပေးပါလား..။ ကျေးဇူးမမေ့ပါဘူး။ တကယ်ဖတ်ချင်နေလို့ ။ မပို့ပေးနိုင်လဲ ဘယ်မှာရနိုင်မလဲ ညွှန်ပေးပါလား..
    ReplyDelete
  20. စိတ်နောက်နေတယ် ဆိုလို့ အပြေးအလွှား လာကြည့်သွားပါတယ်။ နောက်တောင် ကျနေပါပေါ့လား။ ဒီလောက်လေးများတော့ တို့က စကားထဲတောင် ထည့်မပြောဘူး ဟဲဟဲ။ အတွေးကောင်း အရေးကောင်းသူများ စိတ်နောက်တာတောင် အနောက်ကောင်းလေးပဲကိုး။ ကိုယ်လည်း မအားလို့ မိတ်ဆွေတွေဆီ လေ့လာဆည်းပူးဖို့ မရောက်ဖြစ်တာ အတော်ကြာနေပြီ။ စိတ်ထဲကတော့ သတိရနေတာပါလေ။ ယုံတယ်ဟုတ်း) ပျော်စရာနှစ်သစ် ဖြစ်ပါစေနော့။
    ReplyDelete
  21. လာဖတ်သွားပါတယ်.။
    စိတ်နောက်နေတယ် ဆိုလို့.:P
    ReplyDelete
  22. စိတ်နောက်တုန်းလည်း စာရေးပေါ့. နောက်တောက်တောက် စာတွေဖတ်ရတာပေါ့။ ဟုတ်ဘူးလား :D
    ReplyDelete
  23. ဒီပို့စ်ကို ဖတ်ပြီး လေယာဉ်မောင်းကျင့်ဖို့ရယ် ဘီလျံနာသူဌေးတွေနဲ့ အသိဖွဲ့ဖို့ရယ် အပြင်းအထန် ကြိုးစားနေရလို့ မအားတော့ပါ ဒါဗြဲ
    ReplyDelete
  24. စိတ်နောက်လို့ လူနောက်ဖြစ်နေတာလား...
    လူနောက်မို့ စိတ်နောက်နေတာလား...
    စိတ်ရာ လူရော နောက်နေတာလား...
    စိတ်ပဲ နောက်နေတာလား...
    ... လား...
    ... လား...
    ... လား...
    တွေးရင်း တွေးရင်း ကိုယ်တောင်
    စိတ်တော်တော် နောက်သွားတယ်... :D
    ReplyDelete
  25. အမသက်ဝေက အစကတည်းက နောက်နေပြီးသားလေ... အခုမှ စိတ်နောက်တာကျနေတာပဲ :D
    ReplyDelete
  26. ပန်ဒိုရာ စိတ်နောက်နေတယ်ဆိုတာ ဒို့သိတာကြာပြီ။
    ReplyDelete
  27. ကျောက်ချဉ်စိမ်ရင် ကြည်တတ်တယ်ပြောတာပဲ :)
    ReplyDelete
  28. အေးဗျာ… စိတ်နောက်နေတယ်ဆိုပါမှ အလိုက်မသိ တိုက်တွန်းလိုက်ပါဦးမယ်။
    “ချက်ခြင်း အနုပညာ”၊ “ကိုဖိုးရမ် မဘလောက်” တို့လို ဟာသလေးတွေ ရေးပါဦးဗျ။ နောက်ပြီး “ဒီမြို့ထဲမှာ” လို ကဗျာအတွဲတွေ ရေးပါဦး။
    ReplyDelete