Technical help

Friday, December 25, 2009

နှစ်ထောင့်တစ်ဆယ်က လာတော့မယ်


နှစ်ထောင့်တစ်ဆယ်က လာတော့မယ်

ဟိုမှာ နှစ်ထောင့်တစ်ဆယ်ကြီး လာနေပြီ
ဘာမှတ်နေသလဲ ဟဲ့.. တဲ့
ညညဆို ထထငိုတဲ့ ကလေးတွေဆို အသံတိတ် ချောက်ချား ပြားပြားဝပ်နေကြပုံ
အဖြစ်မရှိတော့လည်း ဂျလိဂျလိ တိုးတိုးတိတ်တိတ် အံတုံးတုံးကို ဖိကြိတ်နေကြပုံ
အုံးအွမ်အုံးအွမ် ညာသံပေး ရေမရှိတဲ့ချောင်းမှာ အသံကောင်းဟစ်နေကြပုံ
အညောင်းအညာဆန့်သန်းဝေရင်း မျက်တောင်စင်း တရေးနိုးသော် ပြန်အိပ်ပျော်သွားပုံ
ကာလာရောင်စုံသွင်း ဈေးဗန်းကြီးဖြန့်ခင်းထားတဲ့ နှစ်ထောင့်တစ်ဆယ်
ဝစ်လစ်စလစ်နဲ့ တခစ်ခစ် ဖျစ်ညှစ်ရယ်မောနေတဲ့ နှစ်ထောင့်တစ်ဆယ်
ကျည်အပြည့်ထိုးမောင်းတင်ပြီးလက်ညိုးလေးကွေးလိုက်တော့မယ့်နှစ်ထောင့်တစ်ဆယ်
နှစ်ထောင့်ဆယ့်နှစ်ရဲ့ဂုတ်ပိုးကို အခုကတည်းကအတင်းခွစီးထားတဲ့နှစ်ထောင့်တစ်ဆယ်
အို.. ဘာတဲ့တုန်း နှစ်ထောင့်တစ်ဆယ်
နင်လားဟဲ့ နှစ်ထောင့်တစ်ဆယ်
လာထားကွဲ့ နှစ်ထောင့်တစ်ဆယ်
နှစ်ထောင် နဲ့ရယ်တဲ့မှ တစ်ဆယ်
နှစ်သစ်ပေါင်းများစွာထဲက နှစ်သစ်ခပ်သေးသေးတစ်ခုပါကွယ်
အတ္တတွေမြေချခင်း ထုတ်ချင်းပေါက် ရင်ဘတ်တွေ ဖွင့်ထားလိုက်ကြမယ်။


ပန်ဒိုရာ

14 comments:

  1. လာထားဟေ့နှစ်ထောင့်တစ်ဆယ်

    ReplyDelete
  2. နှစ်ထောင့်တစ်ဆယ်....တအားမိုက်တယ်

    ReplyDelete
  3. ငယ်ငယ်ကတော့ ငပျင်းဆိုတော့ ရှေ့ရေးကို သိပ် မစဉ်းစားပါဘူး။ စဉ်းစားမိရင်လည်း 2010 လောက်ဆို smart ဖြစ်နေလောက်ပြီပဲ တွေးမိမလား မသိ။ ခုတော့လည်း ငချွတ် ပဲ ဖြစ်နေတုန်းပါလားနော်။ ကိုယ့်ဟာကိုယ် တရားကျ လိုက်တာ။

    Anyway Merry Christmas !

    ReplyDelete
  4. နှစ်ထောင့် တစ်ဆယ်
    နှစ်ဆယ် တထောင့်
    တအောင့် ကလေး
    အိပ်ရေး မဝသေးလို့ပါ
    မကြာစေရပါဘူး...ခဏကလေးတော့ဖြင့် စောင့်...။

    ၂၀၀၉ မှာ အိပ်ရေးမဝသေးတာတွေ အပြီးဆပ်ခဲ့ချင်လို့...:D
    မပန် ကဗျာလေး မိုက်၏

    ReplyDelete
  5. ခုမှ တခေါက်ပြန်လာရင်း ပုံကို သေချာ ကြည့်မိတယ်။ နှစ်ထောင့်တစ်ဆယ် ဆိုတာ ဂျို (ချို) နဲ့လား၊ မပန်။

    ReplyDelete
  6. ဖိကြိတ်ထားရပါများလို့
    တုံးနေတဲ့ အံသွားတွေကြားက
    တွားထွက်လာတဲ့ ၂၀၁၀

    ReplyDelete
  7. ပန်ဒိုရာရဲ့ နှစ်ထောင့်တဆယ်ကို ဖတ်ပြီး လန့်လိုက်တာ။ ပုံကလည်း ဂျိုပေါက်နေသေးတယ်။ မခြောက်ပါနဲ့ပန်ပန်ရယ် ... ကြောက်ပါတယ်ဆိုမှ .. :)
    ဘာပဲဖြစ်ဖြစ် မင်္ဂလာ ၂၀၁၀ သာဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

    ပျော်ရွှင်စရာ ခရစ်စမတ်ဖြစ်ပါစေ ... ။

    ချစ်တဲ့
    မမေ

    ReplyDelete
  8. ချိုက သေးနေသေးတယ်...
    အစွယ်တွေပါ ထပ်ဖြည့်လိုက်ပါအုံး...

    နှစ်ထောင့်တဆယ် လာတော့မယ်...

    ReplyDelete
  9. “နှစ်သစ်ပေါင်းများစွာထဲက နှစ်သစ်ခပ်သေးသေးတစ်ခုပါကွယ်
    အတ္တတွေမြေချခင်း ထုတ်ချင်းပေါက် ရင်ဘတ်တွေ ဖွင့်ထားလိုက်ကြမယ်”

    ဟုတ်လိုက်လေ တီပန်။

    ReplyDelete
  10. နောက်နှစ်ဆိုတာကတော့ အမြဲတန်းရှိနေမှာပါ။ သူများတွေပြောသလိုပဲ ဟက်ပီးနယူးယီးယားပေါ့။ ၂၀၁၀မှာ အမတ်ဖြစ်ဖို့ ဆုတောင်းပေးပါဦး။း)

    ReplyDelete
  11. ဖတ်တယ် ဖတ်သွားတယ် ဒေါ်ပန်

    ReplyDelete
  12. အချိန်ဆိုတာကြီးကို ဘယ်သူမှ တားလို့မှ မရတာ...
    တရွေ့ရွေ့နဲ့တော့ ရောက်လာမှာပဲ...
    နှစ်ထောင့် တဆယ်... နှစ်ထောင့် ဆယ့်တစ်...
    ပြီးရင် နှစ်ထောင့်ဆယ့်နှစ်... ... ဆယ့်သုံး... ဆယ့်လေး... ဆယ့်ငါး... ... ဆယ့်ခြောက်...
    ဒီလိုပါပဲ...

    ReplyDelete
  13. ၂ဝ၁ဝ နှစ်ဦး ဇန်နဝါရီမှာပဲ နေလကြတ်မယ်၊ နေနဲ့လကြတ်တဲ့အပြင် အင်္ဂါဂြိုဟ်က နောက်ပြန်သွားမယ်၊ ကမ္ဘာနဲ့ တစ်တန်းတည်း ကျမယ်၊ ကြာသပတေးက လျင်မြန်တဲ့ အသွားနှုန်းနဲ့ ပြေးမယ်။ ... ကဲ လာထား..၂ဝ၁ဝ။

    ReplyDelete