Technical help

Saturday, March 27, 2010

ဘလော့ဂ် ၃ နှစ်ပြည့်

၂၀၁၀ မတ်လ ၂၇ ရက်နေ့ဆိုတာ ပန်ဒိုရာအတွက်ကတော့ ဘလော့ဂ်ရေးတာ ၃ နှစ်ပြည့်တဲ့နေ့ပါ။

အင်တာနက်ထဲက အသက်ဆိုတာ ခွေးတွေရဲ့ သက်တမ်းလိုပဲလို့ စလုံးဝန်ကြီးချုပ်ပြောတာ ကြားဖူးပါတယ်။ သူပြောတာ မမှားပါဘူး။ ဖြတ်သန်းခဲ့တာ ၃ နှစ်ဆိုပေမယ့် အတော်ကြာပြီလို့ ခံစားရပါတယ်။ တဖက်ကလည်း အင်တာနက်ထဲမှာ စာရေးသူတွေရဲ့ ဘ၀က ပျောက်သောသူကြာရင်မေ့ ဖြစ်တတ်ပါတယ်။ မရေးဖြစ်ပဲ နည်းနည်း ကင်းကွာလိုက်တာနဲ့ စာဖတ်သူတွေ ရေးဖော်တွေနဲ့ အဆက်ပြတ်သွားတတ်တာက အပြင်လောကထက် မြန်ဆန်တတ်ပါတယ်။ ဒီလိုပဲ နှုတ်ဆက်လို့ဖြစ်စေ နှုတ်မဆက်ဘဲဖြစ်စေ ထွက်ခွာသွားကြသူတွေလည်း များလှပါပြီ။ တချို့လည်း ဘယ်သူဘယ်ဝါမှန်း မသိတော့ ဘာဖြစ်သွားသလဲ မသိဘူးပေါ့နော်။

Blog honeymoon အချိန်လေး ကုန်သွားတာအပြင် တကယ့်ကမ္ဘာမှာလည်း အခြေအနေတွေက လွန်ခဲ့တဲ့ ၃ နှစ်နဲ့တော့ မတူတော့တာအမှန်ပဲ။ အလုပ်ထဲမှာ အချိန်ကြာလာတာနဲ့အမျှ အလုပ်တာဝန်တွေ၊ အသက်ကြီးလာတာနဲ့အမျှ မိသားစုတာဝန်တွေက များလာပါတယ်။ ဒါဟာလည်း စာရေးကျဲလာတာတို့၊ ပို့စ်တွေ သိပ်ပျော်စရာ မကောင်းတော့တာတို့နဲ့ ဆက်စပ်ပါတယ်။

ဟိုတလောကတော့ ဘလော့ဂ်ရေးပြီး ကျော်ကြားဝင်ငွေကောင်းနေတဲ့ တရုတ်လူငယ် ဘလော့ဂါ တစ်ယောက်အကြောင်း တူဒေး သတင်းစာမှာ ဖတ်ရပါသေးတယ်။ သူရေးတဲ့ စာအုပ်က သိပ်ရောင်းကောင်းနေတယ်ဆိုပဲ။ ပါရဂူဘွဲ့ပိုင်ရှင် တက္ကဆီမောင်းနေတဲ့ စင်္ကာပူက ဘလော့ဂါတစ်ယောက်ကလည်း Diary of a Taxi Driver ဆိုပြီး စာအုပ်ထွက်ထားပါတယ်။ မြင်မိသလောက်တော့ လူတွေပိုစိတ်ဝင်စားကြတာ သတင်းနဲ့ နေ့စဉ်လူမှုဘ၀ရေးတဲ့ ဘလော့ဂ်တွေဖြစ်ပါတယ်။

အင်တာနက်ထဲက စာတွေ ပုံနှိပ်စာမျက်နှာပေါ် ရောက်လာတာ ၀မ်းသာစရာပါ။ ဒီလိုပဲ ပုံနှိပ်စာတွေ အင်တာနက်ထဲကို ရောက်လာတာလည်း ၀မ်းသာစရာပါပဲ။ လူတစုကဖြစ်စေ လူအများကဖြစ်စေ အသိအမှတ်ပြုတာတို့ တန်းဝင်တာတို့ ဘေးချိတ်ထားရရင် စီးပွားရေးအရလည်း နစ်နာစရာမရှိဘူးဆိုရင် စာရေးသူအများစုဟာ ကိုယ့်စာကို လူများများ ဖတ်ဖြစ်သွားမယ့်ကိစ္စကို ၀မ်းသာကြမှာ သဘာဝပါ။

၃ နှစ်အတွင်းမှာရေးခဲ့တာ ပို့စ်ပေါင်း ၃၀၀ ကျော် ၄၀၀ နီးပါး ရှိပါတယ်။ ကဗျာတွေက အများစုပါ။ ဖတ်ဖြစ်ကြသူတွေ ဘယ်လို သဘောထားသလဲ၊ ဘာအကြံပေးချင်သလဲ။ သိရရင် ကောင်းတာပေါ့နော်။ မေးစရာရှိရင်လည်း မေးသွားပါ။ ဖြေနိုင်တာဆိုရင် ပြန်ဖြေပါမယ်။

ဘလော့ဂ်မှာ စာဆက်ရေးမှာလား လို့ မေးရင်တော့ အချိန်ရသလောက် ရေးဖြစ်ဦးမယ် ထင်ပါတယ် လို့ပဲ ပြောရမှာပါ။

အားလုံးကျန်းမာကြပါစေ။

ပန်ဒိုရာ

47 comments:

  1. အားရင် အားသလို ရေးနိုင်ပါစေဗျာ၊ သုံးနှစ်နီးပါး
    ရေးခဲ့တာတွေအတွက်လည်း အားပေးလျက်ပါ။

    ReplyDelete
  2. Post တင်ပြီး ၄၈ စက္ကန့်အတွင်းမှာ ဝုန်းဒိုင်းဆို ဒီကို ရောက်လာပါတယ်။ ပို့စ်အဟောင်းတွေ အကုန်လုံးကို လှန်လှော မဖတ်ဖြစ်သေးပေမဲ့ ဖတ်မိသမျှမှာတော့ ( ကိုယ်ပိုင်ပုဂ္ဂလိက အမြင်) နဲ့ ပြောရရင် ကဗျာထက် ဝတ္တုတွေက ပိုဆွဲဆောင်အား ကောင်းလှတယ်လို့ ယူဆပါတယ်။ ကဗျာက မကောင်းဘူးလို့ ပြောတာလည်း မဟုတ်ပြန်ဘူး။ တချို့ကဗျာများဆို ခဏလောက် အသက်ရှုရပ်သွားလောက်တယ်။ ဒါပေမဲ့ ရန်းဂန်းမြင်သလိုဆို ထောင့်ချိုးကနေ ဘွားခနဲ ပေါ်လာလေ့ရှိတဲ့ ဝထ္ထုတွေက ပထမတန်းနေရာမှာ ရှိပါတယ်။ ကဗျာက ဒုတိယမှာ လိုက်ပါတယ်။ ကျန်တာတော့ သိပ်မဖတ်ဖြစ်ပါ။ မူပိုင်ခွင့်ကိစ္စတွေ ဒီကနေ လေ့လာလို့ရတဲ့အတွက် အဲဒါမျိုးကြုံလာရင် ဒီကို အရင်ပြေးလာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပန်ဒိုရာထဲကနေ အနုပညာတွေ ဆွဲထုတ်လို့ရဦးမယ်.. မျှော်လင့်တယ်။

    ReplyDelete
  3. သုံးနှစ်သက်တမ်းပြည့်သွားတဲ့ဘလောဂ့်လေးအတွက် ကွန်ဂရက်ကျူရေးရှင်းပါ အစ်မ...။

    အစ်မရေးတဲ့စာတွေထဲမှာ အက်ဆေးနဲ့ကဗျာတွေကို ပိုကြိုက်တယ် ။

    ReplyDelete
  4. သုံးနှစ် ရှေ့က..ပြည့် နှင့်သွားပေါ့..
    ဘာတွေ ညာတွေ မစဉ်းစားပါနဲ့လေ..
    ဘလော့ ပေါ်မှာ.. စာတွေ..
    ဆက်ရေး မှာလား..မရေးဘူးလား..
    ရယ်..
    မရေးပဲ နေနိုင်လား.. မနေနိုင်လား
    ဆိုတာပါပဲ...

    ကိုယ်က..အဲ ၂ ခုပဲ ရွေးချယ်နိုင်တာပါ..
    ဘလော့ဂါ ဘာလဲ ဘယ်လဲ နဲ့..ပရိသတ် .. ဘာညာ သာရကာ တွေကတော့..တခြား အပိုင်းလေ..

    ( ဆက်ရေး စေ့ချင်ပါတယ်..ကွယ်..ခုတောင် ပင့်ကူမျှင်တွေ မနဲ ဖယ် ဖတ်ရတယ် )း)

    ReplyDelete
  5. ၃နှစ်ပဲရှိသေးတယ်လား။ ရေးအုန်း ရေးအုန်း :)

    ReplyDelete
  6. သုံးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ...
    စိတ်ရော ကိုယ်ပါ အချိန်ပေးပြီး ကြိုးစားအားထုတ်ခဲ့တဲ့ လှပပြီး ရသပေါင်းစုံ ပေးနိုင်ခဲ့တဲ့
    စာတွေ ကဗျာတွေ အက်ဆေးတွေ အတွက် Congratulation ပါ...။

    နောင်နှစ်ပေါင်းများစွာအထိလဲ
    ရေးချင်တာတွေကို ဆန္ဒရှိသလို ဆက်ပြီး ရေးသွားနိုင်ပါစေ... ရေးနိုင်ဖို့ အတွက်လဲ အချိန်တွေ ရလာပါစေလို့ပဲ ရိုးရိုးသားသား ဆုတောင်းသွားပါတယ်...။

    (ပင့်ကူမျှင်တွေ မတွယ်အောင် နေ့တိုင်းလိုလို လာကြည့်ပြီး ရှင်းပေးနေပါတယ်...)

    ReplyDelete
  7. မပန်ရေ..
    နှစ်တွေအကြာကြီးလိုပါပဲ..
    ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ...

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ReplyDelete
  8. ပန်ဒိုရာ ။ ၃နှစ်ပဲရှိသေးတယ် ။ တောင့်ထား ။ မြန်မာ့သမိုင်းဝင် ဘလော်ဂါကြီးဖြစ်အောင် ။ တောင့်ထား ။ ကံကောင်းရင် ဘလော့ဂ်ရေးရာ ၀န်ကြီးတောင်ဖြစ်နိုင်သေးတယ် ။ ရွေးကောက်ပွဲအချိန်မှီ မှတ်ပုံတင်ဖို့တော့ လိုလိမ့်မယ်နော်။ ပန်ဒိုရာ ကျန်းမာစေဗျား ။

    ReplyDelete
  9. သုံးနှစ်အတွင်းမှာ ပိုစ့်ပေါင်း ၃၈၉ပုဒ် မှတည် အားရင်အားသလို ဆက်လက်၍ ရေးသားနိုင်ပါစေခင်ဗျာ.........
    =--------------------------------------------=

    ZaunG

    ReplyDelete
  10. ၃ နှစ်ပြည့်သွားပြီလား။ ၀မ်းသာဂုဏ်ယူပါတယ် ပန်ပန် ... အားတဲ့အခါတိုင်း စာတွေလဲ ဆက်ရေးစေချင်ပါတယ်။
    ပန်တို့လို အတွေးကောင်း အရေးကောင်း ကလောင်သွားထက်ထက်တွေ လိုအပ်တယ်လေ။

    ပန် ရေးသမျှထဲမှာ ၀တ္ထု ဆောင်းပါး ရုပ်ရှင်ရီဗျူးတွေ သဘောကျပါတယ်။ အကြိုက်ဆုံးကတော့ ၀တ္ထုပေါ့။ ကဗျာတချို့ နားမလည်ပါ။ နားလည်သမျှကိုတော့ ကြိုက်ပါတယ်။ တချို့ကဗျာဆို ကိုယ့်ခံစားချက်နဲ့ တူပြီး ကြိုက်လွန်းလို့ စွဲနေအောင် မှတ်မိသွားတယ်။ ပန်းချီတွေလဲ သဘောကျပါတယ်။ တဖြည်းဖြည်း လက်ရာတက်လာတယ်လို့ ထင်တာပဲ။

    ၃ နှစ်ပြည့် မှသည် ... ရှင်သန်ခြင်းတွေ အမြဲဖြန့်ခင်းနိုင်ပါစေလို့ ... ။

    ReplyDelete
  11. မပန်ရေ
    အချိန်ရရင်စာတွေဆက်ရေးပါနော်...
    ဝတ္တုလေးတွေ ကြိုက်တယ်...
    အမြဲအားပေးနေပါတယ်..

    နှင်းနဲ့မာယာ

    ReplyDelete
  12. အခြေအနေတွေက လွန်ခဲ့တဲ့ ၃ နှစ်နဲ့တော့ မတူတော့တာအမှန်ပဲ။ အလုပ်ထဲမှာ အချိန်ကြာလာတာနဲ့အမျှ အလုပ်တာဝန်တွေ၊ အသက်ကြီးလာတာနဲ့အမျှ မိသားစုတာဝန်တွေက များလာပါတယ်။ ဒါဟာလည်း စာရေးကျဲလာတာတို့၊ ပို့စ်တွေ သိပ်ပျော်စရာ မကောင်းတော့တာတို့နဲ့ ဆက်စပ်ပါတယ်။

    မလေးလည်း အဲသလိုပါပဲ ပန်။
    ဟိုးတုန်းက ဘလောဂ်စာမျက်နှာတွေပေါ်မှာ ပျော်ခဲ့တာကြလေးတွေကိုလည်း သတိရမိပါတယ်။

    မည်သို့ပင်ဖြစ်စေ.. စာတွေအများကြီးဆက်ရေးပေးပါလို့..။

    ReplyDelete
  13. မပန်ဝတ္တုတွေပိုကြိုက်တယ်..ကဗျာမကြိုက်ဖူးလား
    ဆိုတော့..ပွင့်ပွင့်လင်းလင်းပြောရရင်..လွယ်လွယ်ကူကူ
    နားမလည်ရင်မကြိုက်ဘူး..ရှည်ရှည်ဝေးဝေးတွေးနေချိန်လဲ မရှိဘူး..နိမိတ်တွေဘာတွေလဲမခံစားတတ်ဖူး ..James Bond လိုပစ်စရာရှိပစ်..ဖက်စရာရှိဖက်ပဲကြိုက်တယ်..
    အားရင်တော့ဆက်ရေးပါ..လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိပါသည်

    ReplyDelete
  14. မပန် ၀တ္တုတွေပိုကြိုက်တယ်..ကဗျာတော့နားလည်ရင်ကြိုက်တယ်..နိမိတ်တွေဘာတွေဆိုတာ ကိုယ်ကနားမလည်တော့ခက်တယ်..James Bond လို ပစ်စရာရှိပစ် ..ဖက်စရာရှိဖက် မှကြိုက်တာ..ရှည်ရှည်ဝေးဝေးစဉ်းစားချိန်လဲမရှိဘူးလေ

    ReplyDelete
  15. ပန်ပန်ရေ...ဂုဏ်ယူပါတယ် ညီမရယ်...၃နှစ် တည်တံ့ဖို့က မလွယ်လှဘူး...စာပဲဖြစ်ဖြစ်၊ ကဗျာ ဓါတ်ပုံပဲ ဖြစ်ဖြစ် ဘလော့ဂ်ပေါ် ရောက်လာအောင် ဘလော့ဂ်ဂါ ဆိုသူတွေက အားထုတ်ကြရတာလေ...တကယ်မလွယ်လှပါဘူး၊ အလုပ်တဘက်၊ လူမှုရေးတဘက်၊ မိသားစုတွေ တဘက်နဲ့ ရသမျှ အချိန်လေးအတွင်းမှာ ဖြစ်အောင်ရေးနေကြရတာ...အချိန်ရရင် ရသလို ဆက်ရေးပါ ညီမရေ...အမလည်း ညီမရဲ့ ဝတ္ထုတိုလေးတွေကို ပိုကြိုက်မိပါတယ်...:)

    ReplyDelete
  16. သုံးနှစ်လား အစ်မ ဆက်ရေးပါ အစ်မရာ.. မပန်ရဲ့ ကဗျာတွေကိုလည်းကြိုက်တယ်... ဝတ္ထုတွေကိုလည်းကြိုက်တယ်... ကျွန်တော်ကတော့ စာကြောင်းတိုတိုလေးနဲ့ ခံစားမှုများများပေးနိုင်တဲ့ကဗျာတွေကိုပိုချစ်တယ်... စဉ်းစားရတာလဲ ပျော်စရာအလုပ်လေးတစ်ခုပဲ..ခိခိ အားနေတာကိုး... ပြောချင်တာက အားပေးနေတဲ့ပိတ်သတ်တစ်ဦးပါလို့ ...ဆက်ရေးပါလို့ ...

    ReplyDelete
  17. ဖေဖေ့ဆရာတစ်ယောက်က မတ်လ ၂၇ ရက်ဆို ရန်ကုန်ပြန်တာ ၂ နှစ်ဆက်တိုက်ရှိပြီ။ ဆရာ့တော့ လူကြီးမို့ မနောက်ပါဘူး။ ကိုယ့်ဘာသာ အသိတွေ ပြန်ပြောပြီး ရီနေမိတယ်။ ဆရာက အဲဒီနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြန်တာလား မသိဘူးလို့။

    အဲဒီနေ့ကို ဂုဏ်ပြုပြီး ရေးတာလား???
    :D

    ReplyDelete
  18. Congratulations !


    Blogs တိုင်းဟာ

    ၁. စိတ်ချမ်းသာမှုအရ
    ၂. အနုပညာအရ
    ၃. ပရိတ်သတ်အရ
    ၄. ကိုယ်တာဝန်ကိုယ်ကျေပွန်မှုအရ
    ၅. စေတနာအရ


    တစ်ခုမဟုတ် တစ်ခုနဲ့ အောင်မြင်နေတာပါပဲ။

    မပန်ရဲ့ Blog လည်း အေးချမ်းသာယာ ခေတ်မီဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဆီကို ထာဝရချီတက်နေသလို ထာဝရတည်တံ့ပါစေ။ :P

    With Peace,
    Zephyr

    ReplyDelete
  19. ဘယ်လိုပဲရေးရေး ဖြည်းဖြည်းပဲ ရေးရေး
    ရေးနေဖို့က အဓိကပါ အမရယ်။
    သုံးနှစ်ဆိုတဲ့ သက်တမ်းက ပြောတော့သာလွယ်တာ
    ရေးဖြစ်တဲ့ ပိုစ့်နေတွေကတော့ ၃၀၀ ကျော် ၄၀၀
    နီးပါးကြီးများတောင်နော်။

    ဒါတောင် လူမူရေးတွေ ရှိနေသေးလို့
    စာရေးရုံသက်သက်ဆို အများကြီးရေးနိုင်ခဲ့မှာ။

    ပျော်ရွှင်ပါစေ အမ

    ReplyDelete
  20. သုံးနှစ်ပြည့်သွားပြီလား.... ညီမလေးရေးတဲ့ထဲမှာ ကဗျာလေးတွေကို အမပိုသဘောကျမိတယ်...

    ReplyDelete
  21. စာရေးတာကောင်းတဲ့အလုပ်ပဲဟာလေ
    များများရေးနိုင်ပါစေ အမြဲတမ်းလာဖတ်ပါမယ့်
    ဘလော့မရှိတော့ ဘလော့လည်တဲ့အလုပ်ပဲလုပ်နေတဲ့သူပါ ရေးတတ်တဲ့သူတွေကို အရမ်းအားကျပါတယ် ဓါးသွားထက် ကလောင်သွားပိုထက်၏
    ကလောင်တုန်းသွားမှာ စိုးရိမ်မိပါသည်
    ကိုဂျီးကျောက်ပြောသလို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါသည် စာဆက်မရေးမှာတော့ စိတ်ပူပါသည်

    ခင်တဲ့
    seesein

    ReplyDelete
  22. အစ်မရေ ၃ နှစ်ကနေ နောက်ထပ် နှစ်သုံးဆယ်
    ဆက်လက် စာဖွဲ့ နိုင်ပါစေ ဗျာ..။

    ခင်မင်လေးစားလျှက်
    မိုးလှိုင်ည

    ReplyDelete
  23. happy birthday ပါ blog လေးရေ။း-) မပန် အားလပ်ပြီး ကဗျာတွေ စာတွေ နှစ်ပေါင်းများစွာ ဆက်လက်ရေးသား နိုင်ပါစေ။

    ReplyDelete
  24. အိန္ဒြာMarch 27, 2010 at 4:31 PM

    ရေးပါ...ဦး အားရင်အားသလို

    ဒီဘလော့မျိုး
    ဒီလိုရေးနိုင်တာမျိုးက
    ရှားတယ်လေ.....

    ReplyDelete
  25. မကြိုက်တာတွေကိုတော့ မဖတ်ဘူး။ ကြိုက်တာတွေကိုပဲ ရွေးဖတ်ပါတယ်။ ကဗျာထက် စကားပြေဖတ်ရတာကို ပိုနှစ်သက်ပါကြောင်း...။

    ReplyDelete
  26. ဥပမာ... ဟတ္ထိ လို စာမျိုးပေါ့။

    ReplyDelete
  27. ပန်ဒိုရာ စာတွေ ဆက်ရေးနိုင်ပါစေလို့
    ဘလော့ဂ် ၃နှစ်ပြည့်မှာ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  28. Happy Anniversary မပန်.. ၃ နှစ်တောင် ရှိသွားပြီပဲ.. အရင်နှစ်တွေကို အောက်မေ့မိတယ်။ ဒါပေမယ့်လည်း လူတစ်ခု ပူမူတွေက ဆယ်ကုဋေဆိုတော့ ယှဉ်လာရင် ဘလော့က နောက်တန်းရောက်သွားတာ မှန်ပါတယ်လေ။ ထုံးစံအတိုင်း ကျွန်တော်က ဆောင်းပါးစတိုင်တွေ ပိုဖတ်ဖြစ်ပေမည့် မပန်နဲ့ မောင်တိန်ရေးတဲ့ ကဗျာဆို ကျွန်တော် ဖတ်ဖြစ်ပါတယ်။ ပုဂိုလ်စွဲပဲ ဆိုပါတော့။ သေချာတာကတော့ ပထမနှစ်တွေက လူတွေ (ဘလော်ဂါ)တွေဆီက စာတွေကိုတော့ အဆက်မပြတ် ဖတ်နေဖြစ်တယ်။ မောင်တိန်တို့ ဂျစ်တို့ မရေးတော့ ပေမယ့် မပန်တို့ TZA တို့ မကေတို့ကတော့ ရေးရင် ရေးသလောက် ဖတ်နေတယ်။ ကြိုက်လည်း ကြိုက်လို့လေ။ အားရင် အားသလို အေးအေးဆေးဆေးရေးပေါ့။ မရေးဖြစ်ရင်လည်း အဟောင်းလေးတွေကို Post အသစ်အနေနဲ့ ပြန်တင်ပေးစေချင်တယ်။ အမှန်အတိုင်း ပြောရရင် တချို့စာတွေ အသေအချာ မဖတ်ဖြစ်သေးဘူး။ ကျွန်တော့်လို လူတွေ အများကြီးရှိမှာပဲ။ ရေးထားတာလေးတွေ ပိုအကျိုးရှိတာပေါ့။ ခင်မင်လေးစားလျက်....

    ReplyDelete
  29. သုံးနှစ်မှသည် နှစ်သုံးဆယ် တိုင် ... လို့ ဆုတောင်းပေးလိုက်ပါတယ်။ သုံးဆယ်မြောက် Comment အဖြစ် ... :)

    ReplyDelete
  30. နောက်လာမယ့် နှစ်များစွာထိ စာပေကောင်း များရေးနိုင်ပါစေ.. ဆုမွန်ကောင်းတောင်းလျက်...
    ပေါ့ဆိမ့်

    ReplyDelete
  31. ဏီလင်းညိုMarch 28, 2010 at 7:48 AM

    မပန်ရေ......
    စာတွေဆက်ရေးနေနိုင်ပါစေဗျာနော်......။
    ကျွန်တော်လည်းဝတ္တုတိုလေးတွေဆိုပိုကြိုက်တယ်...။
    လောကအလှမှာ ဖတ်ရတဲ့ဝတ္တုတိုလိုမျိုးလေးတွေလေ...။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  32. မ စာတွေကို နှစ်သက်အားပေးနေသူမို့ ဘာစာတင်တင် နေုာင်နှစ်ပေါင်းများစွားတိုင် စောင့်ဖတ်နေပါဦးမယ်....=)

    ReplyDelete
  33. မပန်ရေ - ကျွန်တော် သံလွင်မှာ ရေးဖူးသလိုပေါ့။ ၃ နှစ်ဆိုတာ အခြားကာလတွေနဲ့ တိုင်းတာရင်တော့ အနည်းလေးပဲလို့ ထင်စရာပါ။ တကယ်တန်း ဖြတ်သန်းကြည့်တဲ့အခါကျ ၃ နှစ်ဆိုတာ တကယ့်မှတ်တိုင် တစ်ခုလို့ မှတ်ယူနိုင်တဲ့ ကာလပါပဲ။ ကျွန်တော်တို့တော့ ဝမ်းသာမိပါတယ်။ အခုလိုပဲ စာကောင်းစာသန့်တွေကို နှောင်နှစ်ပေါင်းများစွာအထိ ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။

    ReplyDelete
  34. မိန်တိုးMarch 28, 2010 at 3:50 PM

    ဂုဏ်ယူပါတယ်ပန်ပန်ရယ်,
    စာ ရေးဆရာလုပ်၊တိုင်းပြည်ကိုဥနှောက်ဝိုင်:ဖြည့် ပေးကြဦးစို့ :)

    ReplyDelete
  35. လိုတိုရှင်းပေါ့ကွယ်...

    အချိန်ကလည်း သိပ် မရှိဘူး မဟုတ်လား...

    မြန်-ကောင်း-သက်သာ-ပေါ့...
    ဒါမှ မဟုတ် - ကောင်း-ကောင်း-ကောင်းပေါ့...

    ကဗျာဆရာမ ပန်ဒိုရာရဲ့ ၃ နှစ်ပြည့် ဘလော့ဂ်မှသည် ...

    နာမ၀ိသေသနတချို့ကို ဖယ်ထုတ်ထားနိုင်သော နေ့ရက်တချို့ဆီသို့...

    ReplyDelete
  36. ၃ နှစ်က ခန လေးလိုပါပဲလား မပန်။
    မပန်လိုပဲ.. လူဟောင်းတွေလည်း ဘလော့အဟောင်းလေးမှာ စိတ်ကူးအသစ်တွေနဲ့ ဆက်ရှိပါစေ။
    ၃ နှစ်ပြည့်မှသည် အသက်ထက်ဆုံး နှလုံးသားနဲ့ ဘလော့ဂင်းနိုင်ပါစေ... ။

    ReplyDelete
  37. စာတွေ၊ ကဗျာတွေ ၊ ပုံတွေ ဆက်ရေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။




    icn2

    ReplyDelete
  38. အခုလို လာရေး အားပေးသွားကြတဲ့ သူတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
    ကိုယ်တိုင်လည်း ၀တ္ထုတွေကို ပိုပြီးများများ ရေးချင်ပါတယ်။ အားထုတ်မှုကတော့ ၀တ္ထု နဲ့ အက်ဆေးတွေမှာ ပိုအချိန်ယူရပါတယ်။ ကဗျာတွေကိုလည်း ဆက်ရေးဖြစ်မှာပါ။ အသက်ကြီးလာတာနဲ့ အမျှ တချို့ခံစားချက်တွေကတော့ ပြောင်းလာတယ် ထင်တယ်။ အကြောင်းအရာတွေကတော့ အရင်နဲ့ မတူတာလည်း ဖြစ်လာနိုင်တယ်။ စာရေးချင်စိတ်သက်သက်နဲ့ မနေနိုင်မထိုင်နိုင် ရေးနေတာမို့ရှားပါးတဲ့ အချိန်တွေကို ရင်းနှီးမြုပ်နှံရတဲ့အခါ ရေးသမျှ အရာထင်အောင်တော့ ကြိုးစားပါဦးမယ်။ အလုပ်အကိုင်၊ မိသားစု၊ ငွေကြေး၊ ၀ါသနာ၊ လူမှုရေး စတဲ့ အားလုံးကို မျှတအောင် စီမံနိုင်ဖို့လည်း ကြိုးစားရပါဦးမယ်။

    ReplyDelete
  39. မပန် ..
    အစကတော့ ကဗျာကို ပိုကြိုက်တယ်လို့ အလွယ်ပြောလိုက် မလို့။ သူများ ၃ နှစ်ရေးထားတာကို သုံးမိနစ်နဲ့ ကောက်ချက်အလွယ် မပေးချင်တာနဲ့။ တော်တော်များများ ပြန်ဖတ်လိုက်ပါတယ်။ (မဖတ်ရသေးတာတွေတော့ အများကြီး ရှိသေးတယ်။)

    မပန်လက်ရာထဲမှာ ကဗျာတွေ ကြိုက်သလို၊ ၀တ္ထု လည်း ကြိုက်ပါတယ်။ အက်ဆေးကိုတော့ အဲဒီ ၂ ခုလောက် မကြိုက်ဘူး။

    (BTW: ကဗျာ ၁၇၀ ဆိုတာတွေ့တော့ နည်းနည်းဖျားသွားတယ်။ ခု ဆေးသောက်နေတယ် :P)

    ReplyDelete
  40. မပန်ရေ ၃နှစ်ပြည့် အမှတ်တရပါ။ ရေးနိုင်သလောက် ဆက်ရေးစေချင်ပါတယ်။ မပန်က စာရေးကောင်းတယ်။ ရပ်လိုက်ရင် နှမြောစရာ။

    ReplyDelete
  41. မပန်ဒိုရာ

    (၃)နှစ်ပြည့်မြောက်သွားတဲ့ ဘလော့လေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်စေချင်ပါတယ်။

    ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။

    ReplyDelete
  42. သုံးနှစ်မှာ ပို့စ်ပေါင်း သုံးရာကျော် လေးရာလောက်ရေးနိုင်တဲ့ မပန်ရဲ့ အနုပညာစွမ်းအားကို ချီးကျူးအားကျမိပါတယ်...မပန်ဆက်ရေးမယ့်စာတွေကိုလည်း အမြဲအားပေးနေပါ့မယ်...။ ၀တ္ထုတိုလေးတွေကိုပိုကြိုက်တဲ့အတွက် များများရေးနိုင်ပါစေ အမ...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  43. မကြီးပန်တောင် သုံးနှစ်ပြည်သွားပြီကိုး..
    အချိန်တွေလည်း ပိုရပါစေ.. ရေးစရာစိတ်ကူးတွေလည်း ပိုရပါစေ..
    လိုချင်တာတွေအားလုံး ရပါစေ..
း)
    အသစ်မမြင်လည်း အဟောင်းတွေ ရှာဖတ်ရင်း သတိရနေဆဲပါ..
    အသစ်တွေကိုလည်း မျှော်လျက်ပါ..

    ဘာကိုမှန်းမသိ စိတ်ကောက်ပြီး ဘလော့ပိတ်သွားရင်တော့ ငိုမှာပဲ..

    ReplyDelete
  44. "ဒီလိုပဲ နှုတ်ဆက်လို့ဖြစ်စေ နှုတ်မဆက်ဘဲဖြစ်စေ ထွက်ခွာသွားကြသူတွေလည်း များလှပါပြီ"

    နှုတ်မဆက်ဖြစ်ဘဲ ထွက်ခွာသွားကြသူတွေ ဆိုတော့မှ ကိုယ့်ဘာသာ ပြန်ကြည့်မိတယ်... ခုမှ ကွန်မန့်လာရေး ဖြစ်တာသာ ကြည့်တော့.. ကျွန်တော်လည်း ဘလော့မရေးဖြစ်တာ ကြာပြီ။ မပန် အသံတိတ်နေတော့ နှုတ်မဆက်ဘဲ ထွက်သွားကြသူတွေ အုပ်စုထဲ ရောက်နေပြီ ထင်တာ :)

    အမြဲရေးဖို့ အချိန်မရရင်တောင် လေ့လာမိတာတွေ ခံစားမိတာတွေကို အချိန်ပေးနိုင်တဲ့အခါ တဆင့် ဝေမျှ ပေးပါဦးဗျာ။

    ရည်မှန်းချက်တွေ အမြန်ဆုံး ပြည့်ပါစေ။

    တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ။ :)

    ReplyDelete
  45. သုံးနှစ်ပြည့်အောင်ရေးတဲ့ဘလော့ လက်ချိုးရေလို့ရပါတယ်။ မပန် အားတဲ့အချိန် အားသလို စာဆက်ရေးပါဦး။

    အားပေးနေပါတယ်။
    (ရေးတဲ့စာပေရော၊ ချက်တဲ့ဟင်းတွေပါ) :P

    ReplyDelete
  46. တစ်ခါတစ်ရံ အက်ဆေးလေးတွေ ဖတ်ရရင်တော့ အကြာကြီးမျှော်ရကျိုးနပ်မှာပါ။

    အကြည်ဓါတ်တွေ စုဆောင်းနိုင်ပါစေ။

    ReplyDelete