Technical help

Sunday, November 28, 2010

အနုပညာအကြောင်း အနုပညာ


ဟန်သစ်ငြိမ်၊ ခိုင်စိုးလင်း နဲ့ အပေါင်းပါများ စီစဉ်ကြတဲ့ “အနုပညာအကြောင်း အနုပညာ” ဆိုတဲ့ လျှပ်စာအုပ်ကလေး ထွက်လာပါတယ်။ :)

အနုပညာဆိုတဲ့အရာနဲ့ ပတ်သက်လို့ ထင်မြင်၊ တွေးတော၊ ဖွဲ့နွဲ့ ထားတဲ့ အရေးအသားတွေကို တွေ့ရပါမယ်။ အများစုကတော့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားကြသူတွေရဲ့ စာတွေထဲက စုစည်းထားတာ ဖြစ်ပါတယ်။ ပန်ဒိုရာ ဆွဲပေးထားတဲ့ ပုံတစ်ပုံကို စာအုပ်အဖုံးအဖြစ် ဒီဇိုင်းပြင်ဆင်ထားပါတယ်။ ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ စာတစ်ပုဒ် ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အောက်ပါ လင့်ခ်ကနေ ဒေါင်းလုတ်ဆွဲယူပြီး ရှုစားနိုင်ကြပါကြောင်း ဘလော့ဂ်မိတ်ဆွေ သူတော်စင်အပေါင်းသိစေဖို့ ကြော်ငြာဝင်လိုက်ရပါတယ်။ :)

http://www.mediafire.com/file/5nf7tqlk85mezzg/The%20Art%20On%20The%20Art%20%28Jpeg%29.pdf

8 comments:

  1. ကျေးဇူး.. ဒေါင်းသွားပါတယ်..

    ReplyDelete
  2. ဒေါင်းပြီ..။ကျေးကျေးပါ အစ်မ

    ReplyDelete
  3. မောင်မျိုးNovember 28, 2010 at 12:28 PM

    ကျေးဇူး ဒေါ်လေး
    လက်ရာကောင်းတွေမဖတ်ရတာကြာပြီး ။

    ReplyDelete
  4. နားနေတုန်း စာလေးဖတ်ရတာပေါ့..ကောင်းပါ့

    ReplyDelete
  5. ဟုတ်ကဲ့ ...အနုပညာအကြောင်း
    တစေ့တစောင်းကြည့်သင့်တာပေါ့ဗျာ ..

    ReplyDelete
  6. ပန်ဒိုရာတောင် မျက်နှာဖုံးဖန်တီးရှင်ကြီး ဖြစ်နေမှပဲ။ ကောင်းလေဇွ။ ကောင်းလေဇွ။

    ReplyDelete
  7. သူတော်စင်တွေ ကို အသိပေးထားတာမို့ သိသွားပါပြီ ...
    ငြိမ်းစိုးဦး
    nyeinsoeoo.multiply.com

    ReplyDelete
  8. မျက်နှာဖုံးကိုပဲ အချိန်အတော် ကြာ ကြည့်မိတယ်. စာအုပ်တော့ မဒေါင်းသေးဘူး အနုပညာအကြောင်း ဖတ်ဖို့ရာ စိတ်ကလေး ကြည်လင်နေမှ ဖြစ်မှာကိုး အခုတလော ညောင်နာနာ ဖြစ်နေတာနဲ့ အနုမပညာနိုင်ဘဲ ဖြစ်နေတယ်ဗျာ

    ReplyDelete